Pages

政治犯が監禁されてる限り 2010年の選挙は 信用できない

Saturday, January 30, 2010

စက်သုံးဆီလုပ်ငန်း ပုဂ္ဂလိကလက်သို့ လွှဲပြောင်းမည်

လူငယ်များ တိုးတက်ရေးအတွက် ဆရာဖေမြင့် ဟောပြောမည်


ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံကျော် စာရေးဆရာ ဦးဖေမြင့်သည် လူငယ်များအတွက် ရည်ရွယ်၍ "ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း" ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကို ယခုလ ၃၁ ရက်နေ့တွင် ရန်ကုန်တွင် ကျင်းပသွားမည် ဖြစ်သည်။

ရန်ကုန်တိုင်း ပန်ပဲတန်းမြို့နယ် အနော်ရထာလမ်းနှင့် ၃၂ လမ်းဒေါင့်ရှိ Knowledge Bank Library & Learning Center ၌ ကျင်းပသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

“စာရေးဆရာဆိုတော့ စာဖတ်တဲ့အကြောင်းက ကျနော်တို့ ပြောဖို့လိုတဲ့အထဲက အဓိက အကြောင်းတခုပေါ့။ အထူးသဖြင့် လူငယ်တွေ ဘဝတိုးတက်ဖို့၊ အောင်မြင်ဖို့အတွက် အထောက်အကူပြုဖို့ စာကို ဘယ်လို၊ ဘယ်ပုံ ဖတ်သင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့ဗျာ” ဟု စာရေးဆရာ ဖေမြင့်က မဇ္ဈိမကို ပြောသည်။

ဦးဖေမြင့်သည် လူငယ်များအား ဘဝအတွက် အရှုံးမပေးစေရန် စိတ်ဓာတ်ရေးရာ လှုံ့ဆော်သည့် စာအုပ်များ၊ မူရင်းဝတ္ထုတိုများ၊ ဘာသာပြန်ဝတ္ထုတိုများ၊ အတ္ထုပ္ပတ္တိများဖြင့် နာမည်ကျော်လာခဲ့ပြီး ယနေ့အထိ အုပ်ရေပေါင်း ၄၀ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

သူ၏ ကျော်ကြားခဲ့သော စာအုပ်များမှာ ဆေးရုံ၊ အချစ်ဦး၊ လူနာဆောင် အမှတ်ခြောက်၊ ကျွန်းနှင့် အခြား ဝတ္ထုတိုများ၊ အောင်မြင်မှု ချမ်းသာသုခနှင့် ဓနဥစ္စာ၊ စိန်မြေဧကများစွာ၊ မဟာကရုဏာများ၊ ဘာကြောင့် အခုထိ မချမ်းသာသေးတာလဲနှင့် ဘေဘီလုံမှ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စသည့် စာအုပ်များသည် လူကြိုက်များလှသည်။

“လူသုံးပစ္စည်း ရောင်းသူများနှင့် အခြားဝတ္ထုတိုများ” စာအုပ်ဖြင့် ၁၉၉၅ ခုနှစ်တွင် အမျိုးသားစာပေ (ဝတ္ထုတို ပေါင်းချုပ်) ဆုကို ရရှိခဲ့သည်။

ဆရာဖေမြင့်သည် ၁၉၄၇ ခုနှစ် ၂၂ နှစ်အရွယ် ဆေးကျောင်းသားဘဝမှစ၍ စာရေးသားခဲ့ပြီး သူ၏ စာအုပ်များကို ယနေ့အထိ လူငယ်များက ကြိုက်နှစ်သက်သဖြင့် လက်စွဲအဖြစ် အသုံးပြုလျက်ရှိသည်။

“မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလားဆိုတဲ့ စာအုပ်ကို အကြိုက်ဆုံးပါပဲ။ အဓိကအားဖြင့် လမ်းပျောက်နေတဲ့ လူငယ်တွေအတွက်၊ စိတ်ဓာတ်ကျပြီး ဘာဆက်လုပ်ရမှန်း မသိတဲ့ လူငယ်တွေအတွက် စိတ်ဓာတ် မြှင့်တင်ပေးတဲ့ အရေးအသားတွေက ကျမကိုယ်တိုင် လမ်းပျောက်တဲ့အခါမှာလည်း အားဆေးတခွက် ဖြစ်စေပါတယ်”ဟု သူ၏ စာဖတ် ပရိသတ်တဦးက မဇ္ဈိမကို ပြောသည်။

ဆရာဖေမြင့်၏ စာအုပ်များမှာ ထိရောက်သည့် အတွေးအခေါ်များ ပေးနိုင်သဖြင့် လူငယ်များ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတွက် အသုံးတည့်ကြောင်း အခြား စာဖတ်ပရိသတ်တဦးကလည်း ပြောသည်။



“ဥပမာ ‘တချောင်းထဲစိတ်’ ဆိုတဲ့ စာအုပ်ကို ဖတ်တုန်းကဆိုရင် အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ အကြောင်းကိစ္စ တခုခုမှာပဲဖြစ်ဖြစ် စိတ်ကို တဖြောင့်တည်း ထားရမယ်ဆိုတာကို နားလည်လာတယ်။ အဲဒါက ကျနော့်ဘဝအတွက် အလေ့အကျင့်ကောင်း တခုပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

အသက် ၆၀ ကျော်ပြီဖြစ်သည့် စာရေးဆရာ ဖေမြင့်ကို အဖ ဦးအောင်ငြိမ်း၊ အမိ ဒေါ်ခင်သိန်းတို့မှ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မွေးဖွားသည်။ သံတွဲမြို့ အစိုးရ အထက်တန်းကျောင်း အမှတ် (၁) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ၁၉၇၅ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ အမ်ဘီဘီအက်စ်ဘွဲ့ ရရှိခဲ့သည်။

၁၉၇၇-ခုနှစ်မှ ၁၉၈၇-ခုနှစ်အတွင်း အထွေထွေကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ်အထိ ပြင်ပ အထွေထွေ ရောဂါကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၎င်းနောက်တွင် စာပေလုပ်ငန်း တခုတည်းကိုသာ စူးစိုက်လုပ်ကိုင်ခဲ့သည်။

"စာပေဂျာနယ်" ကို စတင်စီစဉ်သူတဦး ဖြစ်ကာ ဂျာနယ် အမှတ် - ၁၂ အထိ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ခုနှစ် ဇန်နဝါရီလမှ ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ "သင့်ဘဝမဂ္ဂဇင်း" အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ "ဒီလှိုင်းမဂ္ဂဇင်း" ၏ အယ်ဒီတာချုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
ကျော်ခ | သောကြာနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၀ ခုနှစ်

ဒိုင်အိုဂျင်းနစ်၊ မဟာအလက်ဇန်းဒါးနှင့် အမျိုးသားဂုဏ်သိက္ခာ


သူတပါးနိုင်ငံရဲ့ နယ်စပ်မြို့ကလေးတမြို့မှာ ဗမာပြည်သားစစ်စစ် မြန် မာနိုင်ငံသားတွေ သိန်းနဲ့ချီလို့ လာရောက်နေထိုင်လျက် ရှိပါတယ်။ အချို့ကလည်း တရားဝင်အလုပ်သမား အဖြစ်နဲ့၊ အများစုကြီးကတော့ တရားမဝင် ကြုံရာကျဗန်း အလုပ်တွေ လုပ်ကိုင်စားသောက် နေထိုင် ရင်းနဲ့ပေါ့။ အဲဒီလို တရားမဝင် နေထိုင်သူတွေထဲမှာ ကျောင်းဆရာ လေး ကိုသီလ ဆိုသူဟာလည်း တယောက်အပါ အဝင်ပေါ့လေ …။

အဲဒီ နယ်စပ်မြို့ကလေးမှာ ကိုသီလ ကျောင်းဆရာအလုပ်ကို လုပ်ကိုင် စားသောက် ရှင်သန်နေတယ်။ ကျောင်းဆိုတာကလည်း တရားမဝင် ရောက်ရှိနေတဲ့ ဗမာပြည်သားစစ်စစ် ကလေးငယ်လေးတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ တရားမဝင် စာသင်ကျောင်း ကလေးတွေ ဖြစ် တယ်။ ဆရာဆရာမတွေ အနေအထား၊ ကျောင်းသူကျောင်းသားများရဲ့ အခြေအနေ၊ ကျောင်းကလေးတွေရဲ့ ရပ်တည်ရှင်သန် နေရ မှုကို ထူးပြီး ပြောမနေချင်တော့ဘူး။

ကိုသီလ စာသင်တဲ့ ကျောင်းကလေးက အထက်တန်း(ကိုး၊ တဆယ်တန်း အထိရှိတဲ့) ကျောင်းကလေးတကျောင်းဖြစ်တယ်။ ကိုသီလ က သူငယ်တန်းလည်း သင်တယ်။ လိုအပ်ရင် ခုနှစ်တန်း၊ ရှစ်တန်းကိုလည်း အင်္ဂလိပ်စာသင်ပေးတယ်။ ထားပါတော့လေ ကိုသီလက သူ့ဇာတိမြို့ကလေးမှာ တွဲဘက်အလယ်တန်းကျောင်းဆရာ လုပ်ခဲ့ဖူးလေတော့ မသေမရှင် ဖြစ်နေတဲ့ သူ့ကျောင်းဆရာပိုးကလေးကို အသက်ဆက်သွင်းနေတယ် ဆိုရင်လည်း မမှားဘူးပေါ့ဗျာ။

ကိုသီလက နိုင်ငံရေးလည်း ဟိုစပ်စပ်၊ ဒီစပ်စပ်ပတ်သက်ခဲ့ဖူးသူ ဖြစ်တယ်။ ဗမာပြည် မှာတုန်းက ထောင်တန်းလည်း နှစ်အနည်းငယ် ကျခဲ့ဖူးတယ်။ ဆိုတော့ ကိုသီလ စာသင်ရင် သူ့နိုင်ငံရေး အမြင်တွေက တို့တိ တို့တိနဲ့ ပါပါလာတယ်။ တခါတခါမှာ ကလေးတွေကို စာ သင်ကြား ပြောဆိုနေရင်းက အကြောင်းကလည်းတိုက်ဆိုင်လို့ နိုင်ငံရေးနတ်ပူးသွားပြီဆိုရင် ကိုသီလရဲ့ စာသင်ခန်းဟာ နိုင်ငံရေးတ ရားပွဲလို ဖြစ်ဖြစ်သွားတယ်။ ဒီတော့ ကျောင်းမှာ အုပ်ချုပ်တဲ့ လူကြီးတွေ၊ ဆရာမကြီးတွေက မသိမသာတမျိုး၊ သိသိသာသာတမျိုး ရင် တမမနဲ့ ပြောရ ဆိုရတာမျိုး လုပ်ရတော့တယ်။ နိုင်ငံရေးမပါရဘူးလို့ မဆိုလိုပါဘူး၊ များသွားမှာ စိုးလို့ပါ တဲ့လေ …။

တနေ့ ခုနှစ်တန်း အခန်းမှာ ထူးဆန်းတဲ့လူကြီး ဒိုင်အိုဂျင်းနစ်အကြောင်း ( A STRANGE MAN) ကို သင်တော့ ကိုသီလ အတော်ကို အာသွက်နေတော့တယ်။ ဂရိနိုင်ငံသား ဒိုင်အိုဂျင်းနစ်ဟာ သင်္ချာပညာရပ်များကို လူသားတွေအတွက် တွေးတောကြံဆ ဖေါ်ထုတ်ခဲ့ သူဖြစ်တယ်။ လက်ခုပ်နဲ့ ရေသောက်နေရတဲ့ ကလေးငယ်ကိုမြင်တဲ့အခါ ဆရာကြီးဟာ ဟတ်ထိသွားပြီး သူ့သတ္တုရေခွက်ကို အဝေးကို လွင့်ပစ်လိုက်တယ်။ ဒီ့နောက် သူပိုင်ဆိုင်တဲ့ ပိုက်ဆံတွေ၊ အဝတ်အစားတွေ၊ သူ့နေအိမ်ကအစ မရှိနွမ်းပါးသူတွေကို ပေးပစ်လိုက် တယ်။ သူကိုယ်တိုင်က စည်ပိုင်းပြတ်အလွတ်တခုထဲမှာ သွားရောက် နေထိုင်သတဲ့လေ။ တနေ့မှာ နေ့ခင်းကြောင်တောင် လင်းလင်း ချင်းချင်းကြီး မီးထွန်းထားတဲ့ မှန်အိမ်တလုံးကို လက်ကကိုင်လို့ မြို့ထဲက လမ်းတွေပေါ်မှာ လမ်းသလားနေတယ်။ ဒါကို လူတွေက နားမလည်နိုင်လို့မေးတဲ့အခါ ဆရာကြီးရဲ့ အဖြေက `ငါ ရိုးသားမှုရှိတဲ့ လူသားကို လိုက်ရှာနေတာ´ တဲ့။ ဆိုတော့ ဆရာကြီးကို လူတွေ က ဂေါက်နေတယ်လို့ ထင်ကုန်ကြတယ်။

တနေ့တော့ စစ်ပွဲများစွာကို အနိုင်တိုက်လာတဲ့ ဂရိနိုင်ငံရဲ့ ခေါင်းဆောင်ကြီး မဟာဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးက ဆရာကြီးသင်္ချာ တွက်နေတဲ့ လမ်းဘေးက သဲပြင်နေရာကို ရောက်လာတယ်။ မဟာအလက်ဇန်းဒါးက ဆရာကြီးကို `မောင်မင်း ဘာလိုချင်နေပါသလဲ ဖြစ်စေရမယ်´ လို့ မိန့်တယ်။ ဒီတော့ ဆရာကြီးက `ငါလိုချင်တာ မင်း ဝေးဝေးဖယ်နေဖို့ပဲ။ မင်း အရိပ်က ငါ့အလုပ်ပေါ်ကိုကျနေတယ်။ ငါမမြင်ရဘူး´ တဲ့။ အံ့ရော …။ ဆရာကြီးရဲ့ ဇက်ပေါ်ကို စစ်နိုင်ဘုရင့် ဓါးသွားများ ကျသွားလေမလားပေါ့။ ကျောင်းသားတွေကလည်း မျက်လုံးကလေးတွေ ဝိုင်းပြီး စိတ်ဝင်စားနေကြတယ်။ အဲဒီမှာ မဟာအလက်ဇန်းဒါး ပြောလိုက်တဲ့ စကားက ပိုလှတယ်။ `ဒိုင်အိုဂျင်း နစ် .. တကယ်လို့ ငါသာ မဟာအလက်ဇန်းဒါး မဖြစ်ခဲ့ရင် ငါ့ ဘဝမှာ ဒိုင်အိုဂျင်းနစ်သာ ဖြစ်လိုက်ချင်ပါတော့တယ်´ တဲ့။

အဲဒီမှာ ပြသနာက စတော့တာပါပဲ။ ကိုသီလရဲ့ ကျောင်းသူကျောင်းသားတွေက မျက်နှာသိပ်မကောင်းတော့ဘူး။ စိတ်ရှုပ်ထွေးနေတဲ့ မျက်နှာတွေ ဖြစ်ကုန်ကြတယ်။ ဒါကို ကိုသီလကလည်း ရိပ်မိတယ်။ မင်းတို့စိတ်ထဲရှိတဲ့အတိုင်း ဒီပုံဝတ္ထုကိုပြောကွာဆိုတော့ တ ယောက်ကစလို့ တတန်းလုံးနီးပါးက တူညီတဲ့အမြင်ကိုပြောကြပါလေရော။ `မဖြစ်နိုင်ဘူး´ တဲ့၊ `ဇက်ပြတ်သွားမှာပေါ့´ တဲ့၊ `ဆရာ .. ဒါပုံပြင်နော် .. တကယ်မဟုတ်ဘူးမလား´ တဲ့။ အဲဒီ မှာ ကိုသီလ စိတ်ထဲနည်းနည်းတင်းကနဲ ဖြစ်သွားတယ်။ တင်းသွားတဲ့စိတ်ကို သတိနဲ့ အသိနဲ့ ထိန်းပြီး ကိုသီလ လှိုက်လှိုက်လှဲလှဲ ကလေးတွေကို ပြုံးပြလိုက်တယ်။ ပြီးတော့ အချိုသာဆုံးအသံနဲ့ ကလေးတွေကို စိတ်ရှည်ရှည် ရှင်းပြပါတော့တယ်။

ဒီပုံဝတ္ထုဟာ တကယ့်အဖြစ်အပျက်ဖြစ်ကြောင်း၊ မဟာအလက်ဇန်းဒါးနဲ့ ဆရာကြီး ဒိုင်အိုဂျင်းနစ်တို့ဟာလည်း ဂရိနိုင်ငံမှာ တကယ်ကို သက်ရှိထင်ရှားရှိခဲ့ကြောင်း စသဖြင့် ကိုသီလ ရှင်းပြတယ်။ အဲ .. အဲဒီလိုရှင်းပြနေရင်းက သမိုင်းမှာ မင်းကျင့်တရားနဲ့ညီတဲ့ အုပ်ချုပ်သူ ဘုရင်၊ အစိုးရတွေရှိခဲ့ကြောင်း၊ အဲဒီ ဘုရင်အစိုးရတွေဟာ ပြည်သူတွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို အာမခံပေးခဲ့ကြောင်း၊ အဲဒီ ဘုရင်၊ အစိုးရတွေအုပ်ချုပ်တဲ့ နိုင်ငံတွေမှာ ပြည်သူတွေရဲ့ အမျိုးသားဂုဏ်သိက္ခာဟာ မြင့်မားတင့်တယ်လျက်ရှိခဲ့ကြောင်း၊ မဟာအ လက်ဇန်းဒါးဟာ ဆရာတို့ ဗမာပြည်က လက်ရှိအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်၊ စစ်အုပ်စုနဲ့ လုံးဝကို လုံးဝ ဆီနဲ့ရေလို မတူကြောင်း ကျောင်းဆရာ ကိုသီလက သူ့တပည့်တွေကို တနံတလျား ရှင်းပြပါတော့တယ်။

`ဆရာ အမျိုးသား ဂုဏ်သိက္ခာဆိုတာ ဘာကိုပြောတာလဲ ဆရာ´

ကျောင်းသူမ တယောက်က မဝံ့မရဲနဲ့ မေးလိုက်တော့ ကိုသီလ ခမျာ အတော့ကို ပြာသွားတယ်။ သူသိတဲ့ နိုင်ငံရေး စကားလုံးတွေ နဲ့လည်း ကလေးတွေကို ဒုက္ခမပေးချင်ဘူး။ ဖြေလည်း ဖြေရမယ့်မေးခွန်းဖြစ်နေတယ်။ ဆိုတော့ ကိုသီလ စဉ်းစားတယ်။ ဘယ်လို ဥပမာမျိုး ပေးရရင်ကောင်းမလဲပေါ့။ ချက်ချင်းကို ကိုသီလခေါင်းထဲ လင်းကနဲ ဖြစ်သွားတယ်။

`အဟမ်း … အဟမ်း´

ကိုသီလ ချောင်းဟန့်လိုက်တယ်။ သူ့လည်ချောင်းကို ရှင်းတာလား၊ ကလေးတွေ အာရုံစိုက်အောင် လုပ်မိလုပ်ရာလုပ်လိုက် မိတာ လားတော့ မသိဘူး။

`ကဲ ဆရာတို့ မင်းတို့ဟာ ဒီ သူတပါးနိုင်ငံက နယ်စပ်မြို့လေးမှာ ခုလို ရောက်ရှိ နေထိုင်ကြရတာ ကောင်းသလား၊ ပျော်သလား´

`မပျော်ဘူး၊ မကောင်းဘူး´

`ဟုတ်ပြီ၊ မင်းတို့ကျောင်းရှေ့က အမှိုက်ပုံးမှာ ကပ်ထားတဲ့စာ (သတိပေးစာ) ကို ဖတ်မိကြရဲ့လား´

`ဖတ်မိပါတယ်။ အမှိုက်မဖွရ၊ ဖွတဲ့သူ ဒဏ်ငွေ ၂ဝဝဝ-ဘတ် ပါဆရာ´

`ဘာ ဘာသာနဲ့ရေးထားလဲ။ ထိုင်းလိုလား၊ တရုတ်လိုလား၊ အင်္ဂလိပ်လိုလား …´

`ဗမာ ဘာသာတခုထဲနဲ့ပါဆရာ´

`အမှိုက်ပုံးဖွသူတွေကလည်း ဗမာပြည်သားတွေချည်းဖြစ်နေတယ် ဆရာ´

`ကလင် ကလင် ကလင်..´

`ကဲ … မင်္ဂလာပါ ကလေးတို့´

`မင်္ဂလာပါဆရာ၊ ကျေးဇူးတင်ပါတယ် ဆရာ´

ကိုသီလသည် သူ့ကလေးများကို ဒိုင်အိုဂျင်းနစ်လို သတ္တိရှိအောင်၊ သူ့တိုင်းပြည်မှာ ဒီမိုကရေစီကို အာမခံတဲ့ အစိုးရတွေ ပေါ်ပေါက် လာအောင် ဘယ်လို တိုက်ပွဲဝင်ရမယ်ဆိုတဲ့ အကြောင်း သမိုင်းကြောင်းတွေကို မသိမသာတမျိုး သိသိသာသာတမျိုး မိတ်ဆက် သင် ကြားပေးဖို့ စိတ်ထဲမှာ တေးမှတ်ထားလိုက်ပါတော့တယ်။

အဲ… ကိုသီလ စာသင်နေတဲ့ ကျောင်းကလေးတွေ ဆက်လက်ရှင်သန် နေသရွေ့ပေါ့ ….။

ကမာပုလဲ
၂၈၊ ဝ၁၊ ၂ဝ၁ဝ။


" ဆောရီးဘဲ ဟေတီ "

ဟိုမှာလဲ ဟေတီ..
ဒီမှာလဲ ဟေတီ..
နေရာတိုင်း ဟေတီ..
အားလုံးမေ့လျော့နေတာက...
ငါချစ်တဲ့ မြန်မာပြည်.....

မြန်မာပြည် မှာ ဘဝတွေ စက္ကန့်တိုင်း ငလျင်လှုပ်နေတယ်..
မြန်မာပြည်မှာ အနာဂါတ်တွေ စက္ကန့်တိုင်းပြိုကျနေတယ်..
မြန်မာပြည် မှာ အိပ်မက်တွေ စက္ကန့်တိုင်းရေနစ်နေတယ်..
မြန်မာပြည်မှာ ရိုးသားမှုတွေ စက္ကန့်တိုင်းမီးရှို့ခံနေရတယ်..
မြန်မာပြည်မှာ လူ့အခွင့်အရေးတွေ စက္ကန့်တိုင်းရိုက်ချိုးခံနေရတယ်..
မြန်မာပြည်မှာ ကလေးငယ်တွေ စက္ကန့်တိုင်း ငတ်မွတ်သေဆုံးနေတယ်.....

စိတ်တော့မရှိနဲ့ ..
ဆောရီးဘဲ ဟေတီ..
နှစ်နဲ့ချီ ငိုကြွေးခဲ့ရ..
ငါ့မျက်ရေတွေ ကုန်သွားပြီ.....

ကိုမျိုးချစ်မြန်မာ၏ခံစားမှု။

Wednesday, January 27, 2010

ဆင်မလိုက်ဈေးကို နိုင်ငံတကာ အဆင့်မီ ဈေးအဖြစ် တည် ဆောက်

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ ဆင်မလိုက် ဈေးကို နိုင်ငံ တကာ အဆင့်မီ လူနေ တိုက်ခန်းများ ပါသည့် အဆင့်မြင့်ဈေး အဖြစ် ပြောင်းလဲ တည်ဆောက်ခြင်းကို ယခုလ အတွင်း စတင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောသည်။ အဆိုပါ အဆင့်မြင့် ဈေးကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက် အအုံဌာနမှ တာဝန်ယူ တည်ဆောက်သွား မည်ဖြစ်ပြီး ကြာမြင့် ချိန် ခြောက်လ သတ်မှတ်ထားသည်။

ယခင်က ကွမ်းခြံဈေးဟုခေါ်သည့် အဆိုပါဈေးတွင် လက်ရှိရောင်းချနေသူ များအနေဖြင့် ဆိုင်ခန်းငှားရမ်းခကို ထပ်မံပေးဆောင်ရန် လိုအပ်မည်မဟုတ် ကြောင်း ၎င်းက ပြောသည်။

ဈေးအား ယခုလ ဒုတိယပတ်အတွင်း စတင်ဖျက်သိမ်းမည်ဖြစ်ပြီး ဈေး ဆက်လက်ရောင်းချနိုင်ရန်အတွက် အဆိုပါဈေးအနီးတွင် ယာယီနေရာ များ သတ်မှတ်ပေးထားမည်ဖြစ်သည်။

ရှစ်ထပ်ပါဝင်မည့် အဆိုပါဈေးတွင် ပထမထပ်မှ ဒုတိယထပ်အထိ ဆိုင်များ နှင့် ၀န်ဆောင်မှုစင်တာများ ပါဝင်မည် ဖြစ်ပြီး ကျန် အထပ်များကို လူနေတိုက် ခန်းများအဖြစ် သတ်မှတ်သွားမည်ဖြစ် ကာ စုစုပေါင်း လူနေတိုက်ခန်း ၂၀ ပါဝင်မည်ဖြစ်သည်။

ထို့ပြင် ကား ၁၂၂ စီး ရပ်နားနိုင်မည့် ကားရပ်နားဝင်းတစ်ခုလည်း ပါဝင်မည် ဖြစ်သည်။

ဆင်မလိုက်ဈေးသည် ယခင်က ဈေးရုံခုနစ်ရုံ ပါဝင်ကာ မှတ်ပုံတင် ဆိုင်ခန်းပေါင်း ၄၅၆ ခန်းရှိပြီး သွပ်မိုးနှင့် ကွန်ကရစ်ကြမ်းခင်း အမျိုးအစား ဖြစ်သည်။

ယခုတည်ဆောက်မည့် ဈေးဝယ် စင်တာတွင် နဂိုမူလရှိသည့်အရေအတွက် အတိုင်းသာ တည်ဆောက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ်အောင်သိန်းလင်း က ပြောသည်။
မျိုးမျိုး

မြန်မာ ဒုက္ခသည် အမျိုးသမီးများ ခွဲခြားဆက်ဆံခံရ

Tuesday, January 26, 2010

မြန်မာ - အိန္ဒိယ - တရုတ် ကုန်သွယ်ရေး ဆောင်ရွက်ရန် သမိုင်းဝင် စတီးဝဲလ် လမ်းမကြီး ကို ပြန်လည် ဖွင့်လှစ်မည်



မြန်မာ - အိန္ဒိယ - တရုတ် ကုန်သွယ်ရေး ဆောင်ရွက်ရန် သမိုင်းဝင် စတီးဝဲလ် လမ်းမကြီးကို ပြန်လည် ဖွင့်လှစ် မည်ဖြစ်ကြောင်း သတင်း ဖော်ပြချက် များအရ သိရသည်။ အိန္ဒိယနိုင်ငံတွင် မကြာသေးမီက ကျင်းပခဲ့သော (၅)ကြိမ်မြောက် အရှေ့မြောက် စီးပွားရေး ထိပ်သီး အစည်း အဝေးပွဲ၌ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာ
န၀န်ကြီး ဦးဉာဏ်ဝင်းက အိန္ဒိယနိုင်ငံမှ အဆိုပြု ထားသည့် အတိုင်း လမ်းမကြီးကို ဖွင့်လှစ်ရန် မြန်မာနိုင်ငံ အနေဖြင့် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သတင်း ဖော်ပြချက်များအရ သိရ ပါသည်။

အဆိုပါလမ်းမကြီးကို ဖွင့်လှစ်လိုက်ပါက အိန္ဒိယနှင့် တရုတ်နိုင်ငံ ကြားကွာဝေးမှုမှာ ကီလိုမီတာ ၆၀၀၀ ခန့်မှ ကီလိုမီတာ ၁၇၅၀ ခန့်အထိသို့ လျော့ကျသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ်များ အကျိုးကျေးဇူးရရှိရုံသာမက မြန်မာနှင့် ထိုင်းနိုင်ငံတို့အတွက်လည်း ကုန်သွယ်ရေးအခွင့်အလမ်းများ ပွင့်လင်းလာမည်ဖြစ်ကြောင်း သိရသည်။

ကီလိုမီတာ ၁၇၂၆ ရှည်လျားသော အဆိုပါလမ်းမကြီးကို ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များနှင့် တရုတ်တပ်များက အမေရိကန်စစ်တပ်ဗိုလ်ချုပ်ကြီး ဂျိုးဇက်စတီးဝဲလ်၏ ကြီးကြပ်မှုဖြင့် ဖောက်လုပ်ခဲ့ကြကြောင်းနှင့် တရုတ်တပ်များကို ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရာတွင် အသုံးပြုရန် ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စတီးဝဲလ်လမ်းမကြီးကို အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှ စတင်ဖောက်လုပ်ခဲ့ပြီး မြန်မာနိုင်ငံကိုဖြတ်ကာ တရုတ်နိုင်ငံကူမင်းအထိ ဖောက်လုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံဖက်မှ မြန်မာနိုင်ငံတနိုင်းအထိ လမ်းဖောက်လုပ်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတနိုင်းမှ အိန္ဒိယနိုင်ငံနယ်စပ်အထိ လမ်းဖောက်လုပ်ရန်အတွက် အိန္ဒိယနိုင်ငံ၏ပံ့ပိုးမှုဖြင့် ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

စတီးဝဲလ်လမ်းမကြီးသည် အိန္ဒိယနိုင်ငံတွင် ၆၁ ကီလိုမီတာနှင့် တရုတ်နိုင်ငံတွင် ၆၃၂ ကီလိုမီတာရှိကြောင်း သိရပြီး လမ်းမကြီး၏ ၁၀၃၃ ကီလိုမီတာအရှည်သည် တောထူထပ်သော တောင်များနှင့်လျိုမြောင်များပေါ်တွင် တည်ရှိသည်ဟု သိရသည်။

ဗုဒ္ဓဂေါတမကို တန်ဘိုးထားပါ

ဗုဒ္ဓဂေါတမကို တန်ဘိုးထားပါ
ကိုမျိုးချစ်မြန်မာထံမှ ရယူပါသည်။

Myanmar Ning Wedsite များ ရေပန်းစားလျက်ရှိ

အင်တာနက်စာမျက်နှာများတွင် ခေတ်အစားဆုံးဖြစ်လာသော ဆိုက်များမှာ Ning မြန်မာဝက်ဆိုဒ်များဟု သိရှိရသည်။ အကြောင်းရင်းများမှာ ဖိုရမ်များဝင်ရောက်ဆွေးနွေးနိုင်ခြင်း၊ ဘလော့ဂ်များရေးသားတင်ဆက်နိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး စကားပြောဆိုနိုင်ခြင်း၊ နည်းပညာသတင်းများကို ဖတ်ရှုနိုင်ခြင်း၊ ရုပ်ရှင်ဖိုင်များကြည့်ရှုနိုင်ခြင်း၊ နောက်ဆုံးထွက် သီချင်းများကို ခံစားနားဆင်နိုင်ခြင်းတို့ ကြောင့်ဟု သိရသည်။
ယခုအခါ လူငယ်များသည် Gtalk chatting ထဲတွင်သာ အချိန်ကုန်မခံတော့ဘဲ ဗဟုသုတရစရာ မြန်မာဝက်ဆိုဒ်များကိုသာ ကြည့်ရှုလာကြသည်။ Ning ၀က်ဆိုဒ်များသည် အသုံးပြုရ လွယ်ကူသောကြောင့် အကောင်းဆုံး Social Network ဆိုဒ်အဖြစ် Google တွင် နာမည် ရရှိနေပါသည်။ယနေ့  လူကြိုက်များသော Ning မြန်မာဝက်ဆိုဒ်များမှာ -
(1) Toilet Wall ( အိမ်သာနံရံကြီး ) - www.toiletwall.ning.com ၊ တည်ထောင်သူ = အိမ်သာအိုကြီး
(2) Myanmar IT Community Devloment - www.problemclean.ning.com ၊ တည်ထောင်သူ = problemclean
(3) မြန်မာဖရန့် ဒေး - www.friendsdaygroup.ning.com ၊ တည်ထောင်သူ = Admin
(4) မြန်မာအိုင်တီကောင်းကင် - www.myanmaritsky.ning.com ၊ တည်ထောင်သူ = myanmaritsky
(5) ရေခဲနန်းတော် - www.icenantaw.ning.com ၊ တည်ထောင်သူ = ရေခဲမင်းသား
(6) GTU Online Friends - www.gtuonlinefriends.ning.com ၊ တည်ထောင်သူ = GTU super star
(7) လိပ်ပြာနန်းတော်ဖိုရမ် - www.butterflynantaw.ning.com ၊ တည်ထောင်သူ = လိပ်ပြာမင်းသား
(8)Chocolate မြို့ တော် - www.chocolatemyotaw.ning.com ၊ တည်ထောင်သူ = မြို့ စားလေး
(9) နတ်သဘင် - www.natthabin.ning.com ၊ တည်ထောင်သူ = မာရ်နတ်မင်း
(10) Zodiac - www.zodiac.ning.com ၊ တည်ထောင်သူ = ဂိုဏ်းချုပ် အသုံးပြုသူများက Ning Wedsite တွေ အခု (၅၀) လောက် ရှိတယ်ပြောကြပေမယ့် တစ်ကယ်တည်းကြည့်ရင် Ning wedsite တွေ အခု (၁၀၀)ကျော်လောက်ရှိသည်ဟု သိရှိရသည်။
YATANARPON Portal

ဟေတီ နဲ့ မြန်မာ - သဘာဝဘေးဒဏ်အတွက် နိုင်ငံတကာအကူအညီ

ဇန်နဝါရီလ (၁၂) ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် အိုးအိမ်သိန်းချီ ပျက်ဆီးခဲ့ကြရပြီး လူပေါင်းများစွာ အသက်တွေ ဆုံးရှုံးခဲ့ရတဲ့ ဟေတီနိုင်ငံရဲ့  နောက်ဆုံးအခြေအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို နိုင်ငံတကာ သတင်းမီဒီယာတွေကတဆင့် ကမ္ဘာ့ပြည်သူတွေ နေ့စဉ်တွေ့မြင်နေကြပါတယ်။ ဒီလို သဘာဝ ကပ်ဘေးဆိုးတွေနဲ့ ကြုံရတဲ့ နိုင်ငံတွေရဲ့  ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ဘယ်လို အကြောင်းအရာတွေက သက်ရောက်မှု ရှိစေပါသလဲ၊ ငလျင်ဘေးသင့် ဟေတီနဲ့ နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြန်မာနိုင်ငံတို့ကို မအေးသန္တာကျော် က နှိုင်းယှဉ်တင်ပြထားပါတယ်။


နာရေးအသင်းက နိဗ္ဗာန်ယာဉ် ထိန်းသိမ်းရေးဌာန တည်ဆောက်မည်ဟု သိရသည်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရုပ်ရှင်မင်းသား ကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်းက အသင်းပိုင် နိဗ္ဗာန်ယာဉ်များအတွက် ပြုပြင်ထိန်းသိမ်းရေးဌာန (Car Service Centre) တခု တည်ဆောက်မည်ဟု ဆိုသည်။
အသင်း စတင်တည်ထောင်စဉ် ၂၀၀၁ ခုနှစ်မှ စတင်၍ နိဗ္ဗာန်ယာဉ်များ၏ ပြုပြင်ရေးအတွက် ပြင်ပ ဆိုင်များတွင်သာ အပ်နှံခဲ့သော်လည်း နိဗ္ဗာန်ယာဉ်များ လာပြင်သည့် ကားပြင်ဆိုင်များကို အခြားကားများ လာရောက်အပ်နှံခြင်း မပြုကြသဖြင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌက ပြောဆိုခြင်း ဖြစ်သည်။
“နိဗ္ဗာန်ယာဉ်တွေ လာပြင်တဲ့ ဝပ်ရှော့ကို တချို့ကားပိုင်ရှင်တွေက မကြိုက်ဘူး။ ကျနော်တို့က လမ်းကြောင်းတခု သွားပြီးတိုင်း ဒီအနံ့အသက်တွေကို ပိုးသတ်ဆေးနဲ့သွားပြီး နေ့တိုင်း ဆေးရမှာကိုး။ အဲဒီလို ဖြစ်တော့ ကားရေးဆေးဆိုင်တွေ၊ ပြင်ဆိုင်တွေကို ငဲ့ပြီးတော့ ကိုယ့်ဘာသာကိုယ် လုပ်လိုက်တဲ့ သဘောပါ” ဟု အသင်းဥက္ကဋ္ဌ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

အသင်းပိုင် နိဗ္ဗာန်ယာဉ် ၁၇ စီးအတွက်သာ ရည်ရွယ်သည့် ဌာနအသစ် အဆောက်အဦး ဆောက်လုပ်ခွင့် ရရှိပြီဖြစ်ပြီး မြောက်ဒဂုံရှိ နာရေးကူညီမှုအသင်း ခြံဝင်းအတွင်း၌ပင် တည်ဆောက်မည်ဖြစ်သည်။

နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် နှစ်ဆန်းပိုင်းက တည်ထောင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလလယ်အထိ သံဃာတော်နှင့် လူပုဂ္ဂိုလ်တို့၏ ရုပ်အလောင်းများအား အခမဲ့ သဂြိင်္ုဟ်ပေးခဲ့သည်မှာ ရုပ်ကလာပ်ပေါင်း ၈၃၁၃၆ ရှိခဲ့ပြီ ဖြစ်သည်။

တိုးချဲ့ဖွင့်လှစ်ခဲ့သည့် သုခကုသိုလ်ဖြစ် ဆေးခန်းတွင် စေတနာ့ဝန်ထမ်း ဆရာဝန် ၄၀ ဦးဖြင့် တနေ့လျှင် လူနာ ၂၀၀ ဦးခန့် ကုသပေးနေလျက်ရှိသည်။ သုခ သွေးလှူရှင်အသင်းကိုလည်း နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သည်။ နိဗ္ဗာန်ယာဉ် ၁၇ စီးအနက် ၁၅ စီးမှာ ပုံစံတူများဖြစ်ပြီး သံဃာတော်များနှင့် ကလေးငယ်များ အတွက်မူ ယာဉ် ၂ စီး သီးသန့်ထားရှိကြောင်း ဦးကျော်သူက ပြောသည်။

ကားပြုပြင်ထိန်းသိမ်းရေး အဆောက်အဦး အပါအဝင် သုခဆေးခန်းမှ လူနာနားနေဆောင်၊ နာရေး ကူညီမှုရုံးခန်းနှင့် ဓာတ်မှန်ရိုက်ခန်းများကိုပါ မြောက်ဒဂုံခြံဝန်းထဲ၌ ဆောက်လုပ်သွားမည်ဖြစ်သည်။

အသစ်ဆောက်မည့် ဓာတ်မှန်ရိုက်ခန်းအတွက် မကြာသေးမီက ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း SSC ၌ ဆေးလွဲမှား ကုသမှုကြောင့် ကွယ်လွန်သွားရသည့် မခိုင်ရွှန်းလဲ့ရည်၏ မိဘများက ကျပ်သိန်း ၁၅၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နာရေးကူညီမှုအသင်းပေါင်း ၈၀ ကျော်ရှိပြီး ကိုယ်တိုင် သွားရောက်ဖွင့်လှစ်ပေးခဲ့သည့် အသင်းပေါင်း ၅၀ ခန့် ရှိသည်ဟု ဦးကျော်သူက ဆိုသည်။ တနေ့လျှင် ရုပ်အလောင်း ၅၀ ခန့် အခမဲ့ သဂြိင်္ုဟ်ပေးနေသည့် နာရေးကူညီမှုအသင်းနှင့် ကုသိုလ်ဖြစ် သုခဆေးခန်းတွင် ရေနှင့် လျှပ်စစ်မီး လုံလောက်မှု မရှိကြောင်း သိရသည်။

“အစိုးရရေ မရဘူး။ အဝီစိရေပဲ သုံးနေရတယ်။ မီးကလည်း တလိုင်းပဲ ရတယ်။ ပုံမှန်မလာတော့ လူနာတွေ အရေးပေါ် Operation (ခွဲစိတ်ကုသ) ဝင်တဲ့အခါ အခက်အခဲဖြစ်တာပေါ့နော” ဟု ဦးကျော်သူက ပြောသည်။

နာရေးကူညီမှုအသင်းအား ယခင်က သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မာ့ဝိဟာရ ဘုန်းကြီးကျောင်းဝင်းအတွင်း ရုံးခန်းဖွင့်လှစ်ခဲ့ရာမှ ယခုနှစ် ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) တွင် မြောက်ဒဂုံသို့ ပြောင်းရွှေ့ခဲ့ရသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် မေတ္တာသုတ်ရွတ် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များကို ဟာသသရုပ်ဆောင် ကိုဇာဂနာနှင့်အတူ ဆွမ်းကပ်လှူဒါန်းခဲ့ပြီးနောက်ပိုင်း သရုပ်ဆောင်မှု အပါအဝင် ဦးကျော်သူနှင့် ဆက်စပ်သော အနုပညာ လုပ်ငန်းများကို စစ်အစိုးရက ပိတ်ပင်ခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Monday, January 25, 2010

ထိုင်းနိုင်ငံ မဲဆောက်မြို့ မြန်မာအမျိုးသမီး ဘောလုံးပွဲ

ဇော်သူရ(မဲဆောက်)။   ။ထိုင်းနိုင်ငံ မဲဆောက်မြို့ ထုံးထောင်ရပ်ကွပ်တွင်းရှိ ရန်မကင်း သိုးမွှေးစက်ရုံရှိ
စက်ရုံအလုပ်သမလေးများ၏ မြန်မာအမျိုးသမီး ဘောလုံးပွဲကို ၂၀၁၀ခုနှစ်ဇန်နဝါရီလ
၂၄ရက်နေ့က ကျင်းပခဲ့ကြောင်းသိရပါသည်။
 သိုးမွှေးစက်ရုံ၏ ပါကင်ဌာနအသင်းနှင့် အထည်စစ်ဌာနအသင်းဟူ၍ခွဲခြားသတ်မှတ်ပြီး
ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ပွဲပြီးသည်အထိ တဖက်တစ်ဂိုးဆီနှင့် သရေပွဲဖြစ်ခဲ့ကြောင်းလည်း
သိရပါသည်။ထိုအမျိုးသမီး ဘောလုံးပွဲသို့ ဂျပန်နိုင်ငံမှမဲဆောက်မြို့သို့ ခေတ္တရောက်ရှိနေသော
မြန်မာလူမျိုးများလည်း သွားရောက်အားပေးခဲ့ကြကြောင်းသိရပါသည်။

ရွှေတြိဂံနယ်မြေ

ကျနော်တို့ရဲ့ အိမ်ပြန်ချိန်

ဟိုရှေ့က ကလေးတစ်ယောက် အနာဂါတ်တွေကျပျောက်
မျက်ရည် တစ်ပေါက် နှစ်ပေါက် ကျရင်း
သူဆိုတဲ့ ညည်းချင်းက အဖေနဲ့အမေက သူခေါ်လို့ရှိရင်
ကြားနိင်ပေမဲ့ ခေါ်ခွင့်မရှိတဲ့ နေရာမှာတဲ့
သူလျှောက်သွားနေတဲ့ လမ်းကျဉ်းလေးက
အန္တရယ်တွေရှိရာ သူ့ကိုခေါ်ဆောင်သွားလေရဲ့။

ဘုရားတောင်ခြေရင်းမှာ အဖွားအိုတစ်ယောက်
တောင်ဝှေးထောက်သံ တဒေါက်တဒေါက်နဲ့
အတိတ်ကို နောက်ပြန်ရစ် ကြည့်ရင်း
သူချစ်တဲ့ သားသမီးတွေမှာ ဒုက္ခတွေ တထမ်းတပိုးနဲ့
ကျိုးပဲ့နေတဲ့ မြို့ပြလူနေမှုကြောင့်
သာဓုခေါ်သံတွေ အကြိမ်ကြိမ်ထိမှန်ခံထားရတဲ့
ပိန်ချိုင့်ချိုင့် ခွက်လေးတစ်လုံးကို ကိုင်စွဲရင်း
တဒင်္ဂ ငြိမ်းအေးခြင်းကို သူရှာဖွေနေလေရဲ့။

အဝေးမှာ ဟိုး....အဝေးကြီးမှာ ဒဏ်ရာတွေနဲ့ လူတချို့
လွတ်မြောက်မှု ဧရိယာ ကိုယ့်ဖာသာ ဖန်ဆင်း
ွှအံကြိတ်ခြင်း တောက်ခေါက်ခြင်း ခါးထောက်ခြင်းတွေနဲ့
ထွီကနဲ တံတွေးတပျစ် စစ်အာဏာကိုရင်ဆိုင်
တနေ့နိုင်ရမယ်လို့ အိမ်မက်ကိုစားသုံးရင်း သူတို့ကြီးပြင်းကြလေရဲ့။


နေခြည်ဖြိုးတောက် လူသူမရောက်တဲ့
မိုးမခ တောတွေမှာ ဟမ်ဘာဂါအစား မျှစ်တူးစားလို့
ကိုကာကိုလာမလို ကက်ပ်ချိနီု မသောက်
ငှက်ပျောအူဖေါက် သူတို့သောက်လို့
ဖေါင်တိန်မကိုင် သေနတ်ကိုင်လို့
နုပျိုစိမ်းလန်း အနာဂါတ်ပန်းတွေ
အိမ်ပြန်မဲ့ရက် လက်ချိုးရေရင်း....တော်လှန်ရေးသီချင်းဆိုကြလေရဲ့။

နောက်တနေရာကတော့
လသာတဲ့ညတွေကို မော်ကြည့်လို့မရတဲ့
နံရံလေးဖက် ကြားမှာပေါ့
ခံယူချက်ရဲ့ အကျည်းသားတွေဟာ
အခဲမကျေ အငြိုးတွေကိုစားသုံးရင်း
ယုံကြည်ခြင်း နှလုံးသားတွေခမျာ
တဖြည်းဖြည်း မာကျောလာလေရဲ့။

အချိန်ရှိသရွေ့ လွမ်းနေရတဲ့ နေရာအသီးသီးမှာ
ငါတို့ ပြည်ထောင်စုသားတွေ ရှိနေတယ်
ငါတို့ကိုယ် ငါတို့တည်ဆောက်ရင်း
တချို့ ပြိုလဲကျတယ်
ယုံကြည်ချက်တွေ ဖျားနာကုန်တယ်
တချို့ကျတော့ သန်မာနေစဲ
ုအံတွေခဲလို့ လှေခွက်ချည်းကျန် အလံမလဲဘူး
အော်....အိမ်ပြန်ချိန်တွေ နီးဖို့ကြိုးစားရင်း
အိမ်နဲ့ ဝေးဝေးသွားတဲ့ ငရဲက ဘယ်တော့များမှ.......လွတ်မြောက်မလဲ။
မင်းရန်နိုင်ရေးစပ်သည်။



Saturday, January 23, 2010

The Voice Weekly Journal(23-1-2010)

The Voice (6-12)
ရဲရင့်ငယ်(ကနေဒါ)

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ဆင်ရိုင်း တိုက်ခိုက်မူများ တိုးပွားနေ





မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် တောဆင်ရိုင်းများက လူများအား တိုက်ခိုက်မူ ပိုမိုများပြားလာနေကြောင်း သိရသည်။
ယခုကဲ့သို့ တိုက်ခိုက်သဖြင့် မောင်တောမြို့နယ်တွင် လူ ၅ ဦး သေဆုံးခဲ့ပြီး ၈ ဦးခန့်ကို ဆေးရုံတင်ပို့ခဲ့ရသည်ဟု မောင်တောမြို့ လေးမိုင်မှ အရပ်လူကြီး တဦးက ပြောသည်။

"ဟိုတလောက ဆင်မကျွန်းဆိုတဲ့ ရွာက ကလးတဦး ဆင်နှင်းတဲ့အတွက် ပွဲချင်းပီး ဆုံးသွားတယ်။ နောက် လူကြီး တဦးကို ဆေးရုံတင်လိုက်ရတယ်။"

သေဆုံးသွားသူ ကလေးမှာ အသက် ၉ နှစ်အရွယ် မောင်လှ ဆိုသူ ဖြစ်ပြီး နောက်ဆေးရုံ တင်လိုက်ရသူမှာ ကိုအောင်ထွန်း ၂၇ နှစ်ဖြစ်သည်။ သူတို့မှာ သီးနှံခင်းကို စောင့်နေစဉ် ဆင်များမှ ၀င်ရောက်လာပြီး နှင်းသတ် သွားခြင်း ဖြစ်သည်။

အလားတူ လွန်ခဲ့သော သောကြာနေ့ကလည်း မောင်တောမြို့နယ် အောင်ဇေယျ စံပြ ကျေးရွာမှ ဦးကျော်ထွန်းကို ဆင်းများက နှင်းသတ်ခဲ့ဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး ဆေးရုံတင်ပို့ခဲ့ရသည်။

လွန်ခဲ့သောလကလည်း သာယာကုန်းရွာမှ လူငယ် တဦးနှင့် မူဆလင် လူကြီး တဦးကို ဆင်များက နှင်းသတ်သွားသည်ဟု သတင်းရရှိသည်။

ယခုကဲ့သို့ တောဆင်ရိုင်းများ တိုက်ခိုက်မူ များပြားလာခြင်းမှာ ယခင်က မရှိခဲ့သော်လည်း ယခုတလောတွင် ပိုမို များပြားလာခြင်း ဖြစ်သည်ဟု ဒေသခံ လူကြီး တဦးကလည်း ပြောသည်။

"ဒီနှစ်မှာမှ ဆင်တွေ တိုက်ခိုက်မူက အထူတိုးပွားလာတာကို တွေ့ရပါတယ်။ ခုလို ဖြစ်တာက သူတို့ အများဆုံး ကျက်စားရာ နေရာ တခုဖြစ်တဲ့ မေယူတောင်မှာ အခုအခါ စစ်တပ်က ဆင်ဖမ်းနေတယ်။ နောက်ပီး မေယူတောင်မှာ ဆင်တွေ နေထိုင်တဲ့ တောတွေကို ခုတ်ထွင်းပီး ရော်ဘာခင်းတွေ ကျွန်းခင်းတွေ ချလာတဲ့ အတွက် ဆင်တွေ နေထိုင်စရာမဲ့လာတော့ အခုလို လူတွေကို တိုက်ခိုက်မူတွေ များလာတာ ဖြစ်ပါတယ်။"

ဘူးသီးတောင် အခြေစိုက် စကခ ၁၅ လက်အောက်ခံ တပ်ရင်းများမှ အဖွဲ့ ၅ ဖွဲ့ ခွဲပြီး ယခုအခါ မေယူတောင်တွင် ဆင်များကို လိုက်ဖမ်းနေကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ဆင်များကို လိုက်ဖမ်းနေမူကြောင့် အဆိုပါ တောဆင်ရိုင်းများမှာ ဘင်္ဂလာဒေခ်ျ့ ဘက်သို့ ရောက်ရှိလာပြီး ဒေသခံ ဘင်္ဂလီများကို တိုက်ခိုက်မူများ ရှိနေကြောင်း မရက်ကျေးရွာသား တဦးက ပြောသည်။

"ခုလ ၁၅ ရက်နေ့က ပန်းဝါ (ရာမူ) မြို့နယ်က ဒါရီယာ ဒီဂျီကျေးရွာက ဘင်္ဂလီ နှစ်ဦးကို ဆင်ရိုင်းတွေက နှင်းသတ်သွားပါတယ်။ နှစ်ဦးစလုံး ပွဲချင်းပီး ဆုံးသွားပါတယ်။ အလားတူ လမားမြို့နယ်က အမျိုးသမီးနှစ်ဦးလည်း ဒီဇင်္ဘာလအတွင်းက ဆင်နှင်ပြီး သေဆုံး သွားခဲ့ပါတယ်။"

ဒါရီယာ ဒီဂျီ ကျေးရွာမှ သေဆုံးသူ နှစ်ဦးမှာ မူဂျီဘူလာ ၃၅ နှစ်နှင့် ဂူဘဟာ ၄၅ နှစ်တို့ ဖြစ်သည်ဟု ဘင်္ဂလာရဲအဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

လမားမြို့နယ် ဖက်တောင်ကျေးရွာမှ ရွာသား တဦးကလည်း "ဆင်အုပ်တွေ တော်တော်များ ဒီဘက်ကို ရောက်လာတာကို တွေ့ရပါတယ်။ ဆင်တအုပ်မှာ အကောင် ၅၀ ကနေ ၈၀ ထိ ပါတာကို တွေကရပါတယ်။ ဆင်တွေ အခုလို အုပ်စုလိုက်ကြီးဖွဲ့ပီး သွားတာကို အခုမှဘဲ မြင်ဖူးပါတယ်။ အရင်ကတော့ ၈ ကောင်နဲ့ ၁၀ ကောင်အကြား သွားလာနေတာကိုဘဲ တွေ့ဖူးပါတယ်။"

ဘင်္ဂလာဒေခ်ျ့ဘက်တွင်လည်း နယ်စပ်တလျောက် တောကြောအများ အပြားတွင် တောတောင်များကို ခုတ်ထွင်ရှင်းလင်းပြီး ရော်ဘာခင်းများ၊ ကျွန်းခင်းများနှင့် တခြား သစ်မာပင်များ စိုက်ပျိုးလာသဖြင့် ဆင်များ ကျက်စားရာ နယ်မြေများမှာ တဖြည်းဖြည်း ကျုံ့ (ငယ်) လာနေသည်ဟု သိရသည်။

ယခုကဲ့သို့ တောဆင်ရိုင်းများ ကျက်စားရာ နယ်မြေများ မရှိ ဖြစ်လာရာမှ ယခုအခါ လူများနေထိုင်ရာ ဒေသများသို့ ဆင်များ တိုးဝင်လာပြီး လူများကို တိုက်ခိုက်မူများ ပြုလုပ်လာခြင်း ဖြစ်သည်။
သတင်းရင်းမြစ်နေရာ။ ။နိရဉ္စရာ

ကိုးကန့်နယ်မြေ

လူမျိုးခြားအချင်းချင်း ဘာသာခြားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဆိုင်ရာ ဓါတ်ပုံနှစ်သိမ့်ဆု မြန်မာမှ ရရှိ။

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူး၍ အာရှ-ဥရောပ တွေ့ဆုံမှုအဖွဲ့(ASEM)၏ လူမျိုးခြားအချင်းချင်း ယှဉ်တွဲနေထိုင်ခြင်းဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာတစ်ဦး၏ ဓာတ်ပုံလက်ရာသည် နှစ်သိမ့်ဆုအဖြစ် ရွေးချယ်ချီးမြှင့်ခံရကြောင်း သိရှိရပါသည်။
La Minn Naing "Yes, We Believe in the Interfaith Dialogue" ခေါင်းစဉ်ဖြင့် ကမ္ဘာ့နိုင်ငံအနှံ့မှ ဓာတ်ပုံပညာရှင်များကို ဖိတ်ခေါ်ပြိုင်ပွဲဝင်စေခဲ့ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံလမင်းနိုင် (People မဂ္ဂဇင်း) ၏ ဓာတ်ပုံလက်ရာသည် နှစ်သိမ့်ဆုအဖြစ် ရွေးချယ်ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်ပါသည်။
ယင်းနှစ်သိမ့်ဆုရ ဓာတ်ပုံမှာ ဆူးလေးဘုရားနှင့် လမ်းတစ်ဖက်ရှိ ဗလီကို ယှဉ်တွဲရိုက်ပြထားသော ပုံဖြစ်ပါသည်။

လူမျိုးခြားအချင်းချင်း ဘာသာခြားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဆိုင်ရာ ဓါတ်ပုံနှစ်သိမ့်ဆု မြန်မာမှ ရရှိခဲ့ခြင်း ဖြစ်ပါသည်။



နစ်နေမန်းမှ ရယူပါသည်။

Friday, January 22, 2010

Avatar ရုပ်ရှင်ကား ကြည့်ရှုသူ သေဆုံးမှုဖြစ်


တိုင်ပေ (ဇန်နဝါရီ ၂၀) - ကမ္ဘာတလွှား အားပေး ကြည့်ရှုသူ အထူးများပြားလျက် ရှိသော နာမည်ကျော် Avatar ရုပ်ရှင်ကားကို ကြည့်ရှုမိသည့် ထိုင်ဝမ်နိုင်ငံသား သွေးတိုးရောဂါ အခံရှိသူ တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Kuo အမည်ရှိ အသက် ၄၂ နှစ်အရွယ် အမျိုးသားသည် ယခုလဆန်းပိုင်းက Avatar ရုပ်ရှင်ကားကို သွားရောက်ကြည့်ရှုခဲ့ပြီး ရုပ်ရှင်ပြနေစဉ်အတွင်း စိတ်ခံစားမှု မြင့်မားလာပြီး ရောဂါခံစားလာရသဖြင့် Hsinchu ပြည်နယ် နမ်မန် အထွေထွေဆေးရုံကြီးသို့ ချက်ချင်းတင်ပို့ပေးခဲ့သည်။ ဆေးရုံတွင် လိုအပ်သော စစ်ဆေးမှုများပြုလုပ်သောအခါ ဦးနှောက်တွင် သွေးယိုစီးမှုရှိနေကြောင်း တွေ့ရှိရသည်ဟု အရေးပေါ်ကုသခန်း ဆရာဝန် Peng Chin-chih ကဆိုသည်။ ၎င်းက “ရောဂါလက္ခဏာကြည့်ရတာတော့ ရုပ်ရှင်ကြည့်ရင်း စိတ်လှုပ်ရှားမှု လွန်ကဲသွားတဲ့ပုံပါပဲ” ဟု ပြောကြားခဲ့သည်။ Kuo သည် ဆေးရုံတွင် ၁၁ ရက်ခန့်ကုသမှုခံယူခဲ့သော်လည်း ပြန်လည်ကောင်းမွန်မလာတော့ဘဲ အင်္ဂါနေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်ရပ်သည် နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာကြီး James Cameron ရိုက်ကူးသည့် သိပ္ပံနှင့် အချစ်ဇာတ်လမ်းရောယှက်ထားသော Avatar ရုပ်ကားနှင့် ဆက်စပ်၍ ပထမဆုံး လူသေဆုံးမှုဖြစ်သည်။
သံလွင်အိပ်မက်မှရယူပါသည်။

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူ များပြားလာ


အမျိုးသမီးတဦး နေအိမ် အိပ်ခန်း ထုတ်တန်းတွင် ကြိုးဆွဲချ သတ်သေသည်ကို ပထမဆုံး မြင်တွေ့ခဲ့သူမှာ အသက် ၉ နှစ်အရွယ် သူ၏ သားဖြစ်သည်။သေဆုံးသူမှာ အသက် ၃၀ အရွယ်ဖြစ်ပြီး သားဖြစ်သူက နေ့လယ် ထမင်းစားရန် ကျောင်းမှ ပြန်လာချိန်၌ အဆိုပါမြင်ကွင်းကို မြင်လိုက်ရခြင်းဖြစ်သည်။“နှစ်လုံးထီ ကြွေးပူနေလို့လို့ ပြောတာပဲ၊ ပေးစရာတွေက များတော့ နောက်ဆုံး မတတ်နိုင်တော့ဘူး ဆိုပြီး လုပ်သွားတာထင်ပါရဲ့၊ ကလေး ၂ယောက်ကျန်ရစ်ခဲ့တယ်” ဟု သေဆုံးသူနှင့် ဆွေမျိုးနီးစပ် တော်သူတဦးက ပြောသည်။ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၃၃ ရပ်ကွက်အတွင်း ဒီဇင်ဘာလဆန်းက အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး ထိုလ အတွင်းမှာပင် ဒဂုံမြို့သစ် တောင်ပိုင်း ၁၀၆ ရပ်ကွက်တွင်လည်း အလားတူ အသက် ၃၆ နှစ်အရွယ်အမျိုးသမီးတဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေကြောင်း ကြံစည်ခဲ့သေးကြောင်း ကြားသိရသည်။
၂၀၀၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းတွင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူ ၂၀ ထက်မနည်း ရှိကြောင်း ရန်ကုန်တိုင်း၊ သေမှုသေခင်းနှင့် မှုခင်းဖြစ်စဉ်တချို့၏ စာရင်းဇယားများအရ သိရသည်။
ပြီးခဲ့သော နိုဝင်ဘာလ အတွင်းက သာကေတမြို့နယ် လေးတောင်ရပ်ကွက်ရှိ မြကန်သာ သောက်ရေကန်အတွင်းသို့ အသက် ၁၄ နှစ်အရွယ်၊ အလယ်တန်း ကျောင်းသူတဦး ခုန်ချကာ သေကြောင်း ကြံစည်ခဲ့ကြောင်း ကြားသိရသည်။
၂၀၀၉ အောက်တိုဘာကလည်း ဗဟန်းမြို့နယ်၊ မြလမ်းတွင် အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့ပြီး ဆိပ်ကမ်းမြို့နယ်အတွင်း အသက် ၄၅ နှစ်အရွယ် အမျိုးသား ရေထဲ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေ ခဲ့ကြောင်း မှုခင်းဖြစ်စဉ်အရ သိရသည်။
“စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဆိုတာ လူတိုင်း ဘ၀တသက်တာမှာ တခါလောက်တော့ ကြုံတယ်၊ ကိုယ့်ကိုယ်ကိုယ် မသိကြ လို့သာ။ အဲဒီလို တသက်မှာ တခါလောက်ကြုံတတ်တဲ့ စိတ်ဓာတ် အပြောင်းအလဲကို မကျော်လွှားနိုင်ရင် ထွက်ပေါက် ရှာကြတာပေါ့။ စိတ်ဓာတ် မခိုင်မာတဲ့သူတွေ လုပ်လေ့ရှိကြတာပါ” ဟု ရန်ကုန်မှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ မျိုးအောင်က ရှင်းပြသည်။
ပဋိပက္ခကိုဖြစ်စေသောစိတ်၊ အပြောင်းအလဲ လက်မခံလိုသည့်စိတ်၊ ဖိအားပေးခံနေရသောစိတ်၊ လိုအင်ဆန္ဒ မပြည့်သောစိတ်နှင့် ငြီးငွေ့သော စိတ်တို့က သေကြောင်းကြံစည်ရန် တွန်းအားပေးသော အကြောင်းရင်းများ ဖြစ်ကြောင်း အဆိုပါ ဆရာဝန်က ပြောသည်။
သေကြောင်း ကြံစည်ကြသူများ၏ အဖြစ်အပျက်များကို မေးမြန်းစုံစမ်းကြည့်ရာတွင် ကြွေးပူများသောကြောင့် လည်းကောင်း၊ သမီးရည်းစားဘ၀ လွန်ကျူးမိ၍ ကိုယ်ဝန်ရှိသည့်အခါ အမျိုးသားဘက်က တာဝန်မယူနိုင်ဟု ငြင်းပယ် ခံရသောကြောင့် လည်းကောင်း၊ အရက် အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် မှုကြောင့် လည်းကောင်း အများဆုံး ဖြစ်ပွားသည်ကို တွေ့ရသည်။
၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် အသက် ၂၇ နှစ်အရွယ် ဆိုက်ကားသမားတဦးသည် အရက်အလွန်အကျွံသောက်ပြီး သူ့ လည်ပင်းကို သူကိုယ်တိုင် ဓားဖြင့်လှီးခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်ရပ်အား ရန်ကင်းရဲစခန်းမှ (ပ) ၁၆၅/၀၉ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း ကြားသိရသည်။
ထို့ပြင် စက်တင်ဘာလ အတွင်းမှာပင် ရွှေပေါက္ကံ၊ ဗိုလ်တေဇလမ်းအနီးတွင် ချစ်သူနှင့် စကားများရာမှ အမျိုးသမီးတဦး ကားပေါ်မှ ခုန်ချခဲ့သောကြောင့် ရွှေပေါက္ကံရဲစခန်းမှ (ပ)၁၈၂/ ၀၉၊ ပြစ်မှုဆိုင်ရာ ၃၀၉ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၀၉ ဇူလိုင်လတွင်လည်း ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းလေး ကျေးရွာနေ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတဦး နေအိမ်၌ တဦးတည်းရှိနေစဉ် ပိုလို တံဆိပ် ဂျပိုးသတ်ဆေး သောက်၍ သတ်သေခဲ့သော ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး မြောက်ဥက္ကလာပ မြို့နယ်တွင် ဇွန်လပိုင်းက အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတဦး ကြွေချေးချွတ်ဆေး သောက်၍ သေကြောင်းကြံစည်ခဲ့သည်။
၂၀၀၉ မေလအတွင်းက မြောက်ဥက္ကလာပမြို့နယ် ငမိုးရိပ်ချောင်းအတွင်းသို့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတဦး ခုန်ချသတ်သေခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်း တွင်လည်း ကွမ်းခြံကုန်းမြို့နယ်၊ တောကျောင်းကျေးရွာနေ အသက်
၂၀ ၀န်းကျင်အရွယ် အမျိုးသမီးသည် ပါရာစီတမော အကိုက်အခဲပျောက်ဆေး အပြား ၄၀ ခန့် သောက်၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်။
“ဆရာ့အမြင်ပြောရရင်တော့ ရုပ်မြင်သံကြားကလာတဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေရဲ့ လွှမ်းမိုးမှုကလည်း တစိတ်တပိုင်းပါတယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ ဗုဒ္ဓဘာသာမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ် ဆိုတာ အင်မတန် ခက်ခဲရှားပါးတဲ့ ကိစ္စပဲ။ အရင်ကလည်း ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပါ” ဟု ဒေါက်တာမျိုးအောင်က သုံးသပ်သည်။
ပြည်တွင်းတွင် ထုတ်လွှင့်ပြသလျက် ရှိသော မြ၀တီနှင့် မြန်မာ့ရုပ်မြင်သံကြား၊ MOVIE 5 တို့တွင် ကိုရီးယား ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများကို အများဆုံး ထုတ်လွှင့်ပြသလျက်ရှိပြီး ထိုဇာတ်ကားများတွင် နည်းမျိုးစုံဖြင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်ကြပုံများ ပြသသည်ကို တွေ့ရသည်။
အဆိုပါ ဇာတ်လမ်းတွဲများတွင် ပါဝင်ကြသော တချို့ အနုပညာရှင်များသည် ပြင်ပတွင်ပါ သေကြောင်းကြံစည်ကြသည်ကို အနုပညာ သတင်းများထဲ၌ မြင်တွေ့ကြရသောအခါ စိတ်ဓာတ်မခိုင်မာသူ၊ စိတ်ပျော့ညံ့သူများက ထိုသူတို့ကဲ့သို့ သေကြောင်း ကြံစည်လာကြခြင်း ဖြစ်နိုင်ကြာင်း ဆရာဝန်က ပြောသည်။
“စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ ရှိတယ်။ ကိုယ့်အသက်ကို ရန်ရှာတဲ့ အခြေအနေမျိုးအထိ စိတ်ဖိစီးမှုမဖြစ်အောင် သတိထားပြီး နေထိုင်ရတယ်။ နောက်တခုက ဖြစ်လာပြီဆိုရင်လည်း အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပြီး စိတ်သက်သာမှု ရအောင် ဖန်တီး နေရမယ်။ တရားထိုင်တာ၊ လေ့ကျင့်ခန်း လုပ်တာတွေကတော့ အကောင်းဆုံးပဲ။ ပတ်ဝန်းကျင်မှာလည်း စိတ်ကျတဲ့ သူတွေကို တွေ့ရင်၊ မိသားစုဝင်တွေကို ဆရာဝန်နဲ့ တွေ့ဖို့အတွက် အကြံပေးသင့်တယ်” ဟု ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခ တဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သူများကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၉ အရ ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိကြောင်း၊ ပြစ်မှုထင်ရှားပါက ၁ နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ နှစ်မျိုးစလုံး ဖြစ်စေ ပြစ်ဒဏ် ကျခံရမည်ဖြစ်ကြောင်း၊ အမှုကျေအေးခွင့် မရှိကြောင်း သိရသည်။
ဟံသာဝတီသတင်းဌာနမှ ရယူပါသည်။

မြန်မာကလေးများအတွက် ထိုင်းက နေခွင့်လက်မှတ်ထုတ်ပေး

Thursday, January 21, 2010

ကက်ကင်း




Ket Kin
ကိုမျိုးချစ်မြန်မာထံမှရယူပါသည်။

ဒေသခံ ဘင်္ဂလီ တဦး တိုက်ခိုက်မှုကြောင့် မြန်မာ ဒုက္ခသည် အမျိုးသမီး ဆေးရုံတင်ထားရ




မောင်အေး(နိရဉ္စရာ) ကုလ သမဂ္ဂ ဒုက္ခသည်များရေးရာ မဟာမင်းကြီးရုံးမှ အသိအမှတ် ပြုထားသော မြန်မာ ဒုက္ခသည် အမျိုးသမီးတဦး ဒေသခံဘင်္ဂလီ အမျိုးသားတဦး တိုက်ခိုက်သဖြင့် ယခုအခါ ကော့ဘဇားဆေးရုံတွင် တင်ထားရသည်ဟု သိရသည်။အဆိုပါ တိုက်ခိုက်မူမှာ ယမန်နေ့ နံနက်က သူမနေထိုင်ရာ ကော့စ်ဘာဇားခရိုင် ရာမူး (ပင်းဝါ)မြို့နယ် ငရကြီးကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အတိုက်ခိုက် ခံရသည့် အမျိုးသမီးမှာ ဒေါ်လှကြာဇံ (၃၀) နှစ်ဖြစ်ပြီး လွန်ခဲ့သောလကမှ သမီးငယ် တဦးကို မွေးဖွားခဲ့သည့် အမျိုးသမီး တဦး ဖြစ်သည်။
အဆိုပါ အခင်း ဖြစ်ပွားမူနှင့် ပတ်သက်ပြီး ငရက်ကြီး ဆရာတော်မှ ယခုကဲ့သို့ ပြောသည်။
“ အခင်း ဖြစ်ပွားတာနဲ့ ပတ်သက်ပြီးတော့ ပတ်ဝန်းကျင်က အမျိုးမျိုး ပြောနေတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဖြစ်တာက မနေ့က နံနက် (၁၀) နာရီလောက်မှာ သူ့ကလေးနဲ့ တခြားရွာက ကလေး ၂ ယောက် ထင်း ခုတ်သွားတယ်။ ကလေးတွေက အဲဒီ မူဆလင် အိမ်နားက ချချားပင်လေးကို ခုတ်လိုက်ကြတယ်။ အဲဒီ ဘင်္ဂလီ အမျိုးသားက သူ့အိမ်က အပင်ဆိုပြီး ကလေးတွေကို ရိုက်ပီးတော့ ဓါးတွေကိုလည်း သိမ်းထားလိုက်တယ်။ ကလေးက သူ့အမေကို ပြန်ပြောတော့ သူကဓါးကို သွားတောင်းတယ်။ စကားကလည်း ကောင်းကောင်း မပြောတတ်တော့ ပြသနာဖြစ်ပြီး အခုလို သစ်သားတုတ်နဲ့ အရိုက်ခံရတာ ဖြစ်ပါတယ်။ လက်လည်း ကျိုးသွားတယ်လို့ သိရပါတယ်။”
သူမ၏ လက်နှစ်ဘက်လုံး ကျိုးသွားပြီး ခြေထောက် ကျောနှင့် ခန္ဓာအနှံ့အပြားတွင် ဒဏ်ရာပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံသို့ သွားရောက်ကြည့်ရှု ခဲ့သည့် ကိုဇော်လင်းက ယခုကဲ့သို့ပြောသည်။
“လက်နှစ်ဘက်လုံး ဒဏ်ရာပြင်းတယ် ကလေးကိုတောင် နို့ကောင်းကောင်း မတိုက်နိုင်ဘူး။ ခြေထောက်တွေ ဆိုလည်း ဖူးရောင်နေတယ်။ ဒဏ်ရာကတော့ သိပ်များတယ်။ ခန္ဓာအနှံ့ပါပဲ။”
အဆိုပါ အမျိုးသမီး၏ ယောင်္ကျားဖြစ်သူမှာ ခရီးလွန်နေသည့်အတွက် ယခုတိုင် အဆက်သွယ် မရသေးကြောင်းနှင့် သူမအား ယခုအခါ မြန်မာနိုင်ငံမှရောက် ရှိ နေကြသည့် ရခိုင်အမျိုးသား ဒုက္ခသည်များက ၀ိုင်းဝန်းကူညီနေကြကြောင်း သူကဆက်ပြောသည်။
ယခုကဲ့သို့ လက်ကျိုး ခြေကျိုးအောင်ထိ အရိုက်ခံရသော်လည်း ဒက္ကားမြို့ရှိ ကုလသမဂ္ဂ မဟာမင်းကြီးရုံး အပါအ၀င် ဒေသသဆိုင်ရာ တာဝန်ရှိသူများမှ လုံးဝ အရေးမစိုက်ဘဲ ပစ်ပယ်ထားသည်ဟု သိရသည်။
ဒုက္ခသည် တဦးဖြစ်သူ ကိုခိုင်စိုးက “မနေ့ကတည်းက ကျွန်တော်တို့ ဒက္ကားမှာရှိတဲ့ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးကို အကြောင်းပါတယ်။ သူတို့က ဒီကော့ဘာဇားမှာ ရှိတဲ့ ရုံးကိုလွဲတယ်။ လွဲတဲ့ ရုံးကိုသွားပြီး ဆေးကုဖို့ အတွက် ကျွန်တော် တို့ အကူအညီ သွားတောင်းတော့ တာဝန်ကျ အမျိုးသမီး တဦး ပြောတာက မနေ့က ဆေးရုံ ကိုတင်တဲ့ အချိန်မှာ သူတို့ကို အကြောင်းမကြားခဲ့တဲ့အတွက် အပြစ်တင်ပါတယ်။ ပီးတော့ သိပ်အရေး တစိုက် လုပ်ပေးတာလည်း မရှိပါဘူး။ နောက်ပြီး မနေ့က အဲဒီ လူနာကို ကော့ဘဇားကို ယူလာတဲ့ ကုန်ကျစရိတ်ကိုလည်း မပေးနိုင် ဘူးလို့ ပြောတယ်။ ကျွန်တော်တို့ကလည်း သူတို့ကို အကြောင်းကြားဖို့ အချိန်မရတဲ့ အပြင် သူတို့ကို အကြောင်းကြားနေရင် သူတို့ လာမှာကို စောင့်ရင်းနဲ့ နောက်ကျနိုင်တယ်။ လူနာအခြေအနေ ပိုဆိုးသွားနိုင်တယ် ပြောပေမယ့် လက်မခံချင်ဘူး။” ဟုပြောသည်။
မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မဟုတ်သူ မြန်မာနိုင်ငံသားများကို ကုလသမဂ္ဂ မဟာမင်းကြီးရုံးမှ မြို့ပေါ် ဒုက္ခသည် အဖြစ်အသိအမှတ် ပြုထားသော်လည်း အများစုမှာ စားဝတ်နေရေး အဆင် မပြေသဖြင့် တောလက် ကျေးရွာများတွင် ကြုံသလို နေထိုင်ပြီး အသက်မွေး ၀မ်းကျောင်း ပြုကြရသည်။
သူတို့အား ယူအန်မှ ဒုက္ခသည် ကဒ်ပြား တခု ထုတ်ပေးထားပြီး ကျန်းမာရေးမှ အပ စားဝတ်နေရေးနှင့် နေထိုင်ရေးကို တာဝန်မယူဘဲ ပစ်ပယ်ထားသည်။ ကျန်းမာရေးကို တာဝန်ယူထားသဖြင့် သွားရောက် အကြောင်းကြားသော်လည်း တာဝန်ရှိသူများက ယခုကဲ့သို့ အရေးမစိုက် ပစ်ပယ်ထားသည်။ ထိုသို့ ပစ်ပယ်ထားသဖြင့် ဒက္ကားမြို့ရှိ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနှင့် ပတ်သက်ပြီး လူမျိုးရေး ဘာသာရေး ခွဲခြား ဆက်ဆံမူများ ရှိနေကြောင်း မြန်မာ ဒုက္ခသည်များက ပြောဆိုဝေဖန်လျှက် ရှိသည်။
တိုက်ခိုက်ခံရသူ အမျိုးသမီးမှာ ယခင်က ကော့ဘာဇားမြို့တွင် အခန်းငှားပြီး နေထိုင် ခဲ့သော်လည်း နောက်ပိုင်းတွင် စားဝတ်နေရေး အခက်အခဲကြောင့် ယခုတိုက်ခိုက်ခံရသည့် ငရကြီးကျေး ရွာသို့ ပြောင်းရွေ့သွားသည်မှာ တပတ်ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။
သတင်းရင်းမြစ်။ ။နိရဉ္စရာ


ဂက်စ်တင်ပို့မှု မြန်မာလှုပ်ရှားသူများ ကန့်ကွက်

Wednesday, January 20, 2010

ရွှေတြိဂံနယ်မြေ

လာအိုနဲ့ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အကြား မဲခေါင်မြစ် ဖြတ်သန်းစီးဆင်း သွားခဲ့တာကတော့ ကမႝာပေါ်မှာ ဘိန်းဖြူ ဒုတိယအများဆုံး ထွက်ရှိရာ နာမယ်ဆိုးနဲ့ ကျော်ကြားတဲ့ ရွှေတြိဂံနယ်မြေ ဖြစ်ပါတော့တယ်


RFAVideo

မြန်မာလူမျိုးနှင့်ဗုဒ္ဓဘာသာကို စော်ကားနေသောဝက်ဆိုက်အား ဝိုင်းဝန်းအရေးယူသင့်ပြီ

http://messengerforbuddhist.blogspot.com/ တွင်မြန်မာလူမျိုး တို့ကိုသာမက မြန်မာတို့၏ အထွတ်အမြတ် ဗုဒ္ဓဘာသာကိုပါ အလွန်တရာ ယုတ်မာ ရိုင်းစိုင်းစွာ ဖြင့် ဆဲရေးပုတ်ခတ် ရေးသားနေ သည်မှာ မည်သည့်နည်းနှင့်မျှ လက်ခံနိုင်ဖွယ်ရာမရှိပါ ။
အင်တာနက် ခေက် ဖြစ်၍ လူတိုင်းတွင် လွတ်လပ်စွာ ရေးသားပိုင်ခွင့် ရှိသော်လဲ အမျိုး ဘာသာ သာသနာကို တစ်ဖက်သတ် ပုတ်ခတ် စော်ကား ၍မရပါ ။
အဆိုပါဆိုက် သည် Google (Blogger.com) မှချမှတ်ထား သော " Terms & Conditons " များကို ချိုးဖောက် နေသည်မှာ ထင်ရှားလှပါသည် ။
Blogger.com ၏စည်းကမ်း များအရ ဤ ကဲ့သို့သောဆိုက်များ အားခွင့်မပြုပါ ။
သို့ဖြစ်ပါ၍ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးကောင်းသား၊အမျိုးကောင်းသမီးများအနေဖြင့်အဆိုပါhttp://messengerforbuddhist.blogspot.com/ အား ဤနေရာ တိုင်ကြားခြင်းဖြင့် အမျိုးဘာသာ သာသနာ ကို ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်း စောင့်ရှောက် နိုင်ကြစေရန် ဤနေရာမှ အသိပေးနှိုးဆော် လိုက်ရပါသည် ။


( Blogger's policy )

Is hateful material permitted on Blogger?
- Blogger strongly believes in freedom of speech.
While Blogger values and safeguards political and social commentary,
material that promotes hatred toward groups based on
race or ethnic origin, religion, disability, gender, age, veteran status, or sexual orientation/gender identity is not allowed on Blogger.

If you believe you've discovered a violation of Blogger's policy on hate speech, please submit the blog's URL below.
Please submit each blog only once. We will review every submission as soon as possible and take action as necessary.
address - http://www.google.com/support/blogger/bin/request.py?contact_type=h...

တိုင်ကြားရမည့်နေရာ - http://www.google.com/support/blogger/bin/request.py?contact_type=h...
တိုင်ကြားရမည့်လိပ်စာ - http://messengerforbuddhist.blogspot.com/

ပြန်ခေါက်ထားရန်

Tuesday, January 19, 2010

မြန်မာ့ ကျောက်စိမ်းဖြင့် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော် ဗီယက်နမ်ထုလုပ်



ဗုဒ္ဓ ရုပ်ပွားတော် ထုလုပ်မည့် မြန်မာ့ ကျောက်စိမ်း တုံးကြီးကို ယမန်နေ့က ဗီယက်နမ် နိုင်ငံ Hai Duong ခရိုင်တွင် တွေ့မြင်ရစဉ် (ဓာတ်ပုံ - AP)
မြန်မာ့ ကျောက်မျက် ရတနာပြပွဲမှ ၀ယ်ယူခဲ့သော အလေးချိန် ၃၅ တန်ရှိ ကျောက်စိမ်းတုံးဖြင့် ဗီယက်နမ်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင် တဦးက ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ဗုဒ္ဓရုပ်ပွားတော် တဆူကို ယမန်နေ့က စတင်ထုလုပ်နေပြီ ဖြစ်သည်။
ရုပ်ပွားတော် စတင် ထုလုပ်ရန်အတွက် ကျင်းပပြုလုပ်သည့် အခမ်းအနားသို့  သိက္ခာတော်ရ ရဟန်း သံဃာ အပါး ၄၀၀၊ ဗီယက်နမ် သမ္မတ Nguyen Minh Triet နှင့် ထောင်ချီသော ပရိသတ်များ တက်ရောက်ခဲ့သည်ဟု Vietnamnetသတင်းတွင် ရေးသားထား သည်။
အဆိုပါ ရုပ်ပွားတော်ထုလုပ်ရန်အတွက် တရုတ် ပညာရှင် ၅၀ ကို ဖိတ်ခေါ်ထားပြီး၂၀၁၁ ခုနှစ်တွင် အပြီးသတ် ထုလုပ်မည် ဖြစ်သည်။ ထုလုပ်ပြီးစီးပါက ရုပ်ပွားတော်၏ ဉာဏ်တော် အမြင့်မှာ ၉ ပေခန့်ရှိ၍ အလေးချိန်မှာ ၁၆ တန် ရှိမည်ဖြစ်သည်။
ထိုကျောက်စိမ်း ရုပ်ပွားတော် ထုလုပ်တည်ထားမည့် ဗီယက်နမ် ကျောက်တွင်းပိုင်ရှင် Dao Trong Cuongက“ကျနော်တို့ ဂရင်းနစ် ကမ္ဘာ့ မှတ်တမ်းစာအုပ်မှာ မှတ်တမ်းတင်ခံရဖို့ မျှော်လင့်ပါတယ်၊ ပြီးစီးဖို့ အချိန် ၂ နှစ်လောက် စောင့်ရမယ်”ဟု ပြောသည်။
“ဗီယက်နမ်ရဲ့ ပုံရိပ်ကို ကမ္ဘာက သိစေဖို့ ဒီဗုဒ္ဓရုပ်ပွားတော်က တစိတ်တပိုင်း ပါဝင် လာပါလိမ့်မယ်”ဟုလည်း Dao Trong Cuongက ဆိုသည်။
Dao Trong Cuong နှင့်အတူ ဗုဒ္ဓရုပ်ပွားတော် ထုလုပ်မည့် အဖွဲ့သည် အိန္ဒိယနှင့် နီပေါ နိုင်ငံများတွင် ရှိသော ဗုဒ္ဓရုပ်ပွားတော်များ ကို သွားရောက် လေ့လာခဲ့ကြသည်။
ဗီယက်နမ် ကျောက်တွင်းပိုင်ရှင် Dao Trong Cuongက အလေးချိန် ၃၅ တန် ရှိသော ကျောက်စိမ်းတုံးကို ၂၀၀၆ ခုနှစ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ပထမဆုံး အကြိမ် စတင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထိုအချိန်က တရုတ် စီးပွားရေးလုပ်ငန်းရှင် တဦးက  ၁.၅ သန်းဖြင့် ယင်းကျောက်စိမ်းတုံးကို ၀ယ်ယူ သွားခဲ့သည်။
Dao Trong Cuongသည် တရုတ်ပြည်သို့ ကျောက်စိမ်းထုဆစ်သည့် ကိရိယာများကို ၀ယ်ယူရန် သွားရောက်ခဲ့စဉ် ယင်းစီးပွားရေး လုပ်ငန်းရှင်နှင့် ပြန်ဆုံ၍ ဒေါ်လာ ၁.၄၅ သန်းဖြင့်  ထိုကျောက်စိမ်းတုံးအား ပြန်လည် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
Dao Trong Cuong သည် ကျောက်စီ ပန်းချီကားပြုလုပ်ရာတွင် ကျွမ်းကျင်သူတဦး ဖြစ်သည်။ ကျူးဘား သမ္မတ ဖီဒယ် ကတ်စ်ထရို၊ ဗီယက်နမ် ခေါင်းဆောင် ဟိုချီမင်း၊  အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်နှင့် မိုက်ခရိုဆော့ဖ် ပိုင်ရှင် ဘီလျံနာ ဘီလ်ဂိတ် တို့၏ ပုံတူများကို ကျောက်စီ ပန်းချီဖြင့် ပြုလုပ်ခဲ့သူဖြစ်သည်။
Tuesday, 19 January 2010 17:23 ကိုထွေး  (ဧရာဝတီ)

မြန်မာပြည်ရဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှူး

ပြောင်မြောက်လွန်းတဲ့ အနုပညာတစ်ခုပါ

ရှူး... တိုးတိုး ... သံပုရာပင်တွေ တစ်နိုင်ငံလုံးစိုက်ခိုင်းနေဦးမယ်..

သံပုရာသီးကို မတူညီတဲ့ သတ္တု နှစ်မျိုးနဲ့ DC (Direct Current) လျှပ်စစ်ထုတ်လို့ ရတယ်လို့ သိရပါတယ်။ အဲ့ဒီသတ္တုနှစ်မျိုးကတော့သွတ်နဲ့ ကြေးနီတို့ဘဲဖြစ်ပါတယ်။

သွတ်ရည်စိမ်ထားတဲ့ သံမဏိ သွတ်ချောင်းနဲ့ တဖက်ကတော့ ကြေးနီပဲနိ ပြား ကို ပုံမှာပါတဲ့အတိုင်း ထည့်ရမှာဖြစ်ပြီး အဲ့ဒီသွတ်ချောင်းနဲ့ ပဲနိပြားဟာ လုံးဝထိနေလို့မရပါဘူး။     



သွတ်ချောင်းကို ဘက်ထရီရဲ့ အမ (-) မှာထားပြီး ပဲနိ ကြေးပြားကိုတော့ အဖို (+) မှာထားရမှာဖြစ်ပါတယ်။ အဲ့ဒီလိုထားပြီး မီတာနဲ့ တိုင်းတာကြည့်တဲ့အခါ သံပုရာသီးတစ်လုံးမှာ မီတာမှာ ဝ.၉၀၆ ဗို့ အားပြနေတာတွေ့ရပါလိမ့်မယ်။ အရည်ရွမ်းတဲ့ သံပုရာသီးဆိုပိုကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဗို့အားလောက်နဲ့တော့ မီလုံးတစ်လုံးလင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။    

 
သံပုရာသီးနှစ်လုံးကို ပုံမှာပြထားတဲ့အတိုင်း တန်းဆက် ဆက်လိုက်ရင်တော့ ၁.၇၈၈ ဗို့အားရရှိလာမည်ဖြစ်ပါတယ်။(ဓါတ်ခဲတစ်လုံးဗို့အား ၁.၅ ဗို့ဖြစ်ပါတယ်)ဒီလို အားနဲ့လည်းမီးလုံး တစ်လုံး လင်းလာဖို့အတွက်တော့ မလုံလောက်သေးပါဘူး။  


လေးလုံးဆက်လိုက်ရင်တော့ ၃.၅ ဗို့ရလာမယ်။ အဲ့ဒါဆိုရင်တော့ အလုပ်ဖြစ်လာပြီး (နှစ်တောင့်ထိုးဓါတ်မီး အားလောက်တော့ လင်းမှာပေါ့) ကဲ့ဒါဆိုရင် LED မီးလုံးနဲ့ ထွန်းမယ်ဆိုရင်တော့ ဗိုလ်အားကို လျှော့ချဖို့ ဆိုက်ကစ် တစ်ခုပြုလုပ်ရမှာဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုရင်တော့ ၂ဗို့ ထက်ကျော်သွားရင် LED မီးလုံး ကျွမ်းသွားနိုင်လို့ ဖြစ်ပါတယ်။
 

 
 
ဒီ သီအိုရီကို အခြေခံပြီး ကိုယ်ဥာဏ်ရှိသလို မီးအားကို လိုတိုးပိုလျှော့ လုပ်နိုင်ပါတယ်။ အားလုံး မီးမှောင်ခြင်း ဒုက္ခမှ ကင်းဝေးနိုင်ကြပါစေဗျာ။
ပေးပို့သူ  ။ ။ကိုလှမျိုး 



                                                                                                                                                           

Monday, January 18, 2010

Saturday, January 16, 2010

ချင်းမိုင်တွင် နေကြတ်ခြင်းကို ဤသို့မြင်ရ၏


မဇ္ဈိမမှရယူသည်။

လူထုဦးလှနှစ်(၁၀၀)ပြည့် NLDပါတီက အထိမ်းအမှတ်ပွဲပြုလုပ်

20100114yyn                                                                                                                                                       

Friday, January 15, 2010

ရက်စက်ခြင်းများ ရပ်ကြလေကုန် ........


ကျနော် ဒီပုံတွေကိုတွေ့တော့ သိပ်ခံစားရတယ်။ အသိဥာဏ် အကြီးမားဆုံးလို့ ပြောနေတဲ့ လူသားတွေက အသိဥာဏ်အမဲ့ဆုံး အလုပ်တွေကို လုပ်နေကြပါလားလို့ သံဝေဂ ရမိတယ်။ ဒါကြောင့် တချို့ အင်္ဂလိပ်စာ အားနည်းတဲ့လူတွေ (အဲဒီလူတွေထဲမှာ ကျနော်လည်း အပါအဝင်) နားလည်ပြီး ဖတ်လို့ရအောင် တတ်သလောက် မှတ်သလောက် ဘာသာပြန်ပေးလိုက်ပါတယ်။ အမှားပါရင်လည်း စေတနာအမှားလို့ နားလည်ပေးပါ။ မှားခဲ့ရင် တကယ်တတ်တဲ့လူတွေက ထပ်ပြင်ပေးကြပေါ့။

Denmark is a big shame.
ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တခုပါ။
The sea is stained in red and it’s not because of the climate effects of nature.
သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။

It's because of the cruelty that the human beings (civilised human) kill hundreds of the famous and intelligent Calderon dolphins.
လိမ္မာပြီး ဥာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဥာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီး နီစွေးနေတာပါ။


This happens every year in Feroe iland in Denmark . In this slaughter the main participants are young teens. WHY?
To show that they are adults and mature.
ဒီလိုမျိုး အဖြစ်အပျက်က ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ်ဖြစ်နေကျပါ။ ဒီလိုမျိုး လင်းပိုင်တွေကို သတ်တဲ့ပွဲမှာ လူငယ်အဖွဲ့တွေက အဓိကပါဝင်လုပ်ဆောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အရွယ်ရောက်ကြောင်းကို ပြသဖို့ အတွက် လင်းပိုင်တွေကို သတ်ပြဖို့ လိုအပ်တယ်လေ။


In this big celebration, nothing is missing for the fun. Everyone is participating in one way or the other, killing or looking at the cruelty “supporting like a spectator”
ဒီပွဲကြီး ကျင်းပနေဆဲအချိန်တော့ ဘယ်သူမှ အပေါင်းအသင်းကို သတိရလေ့မရှိဘူး။ လူတိုင်းက ကိုယ်တိုင်သတ်ရင်သတ် ဒါမှမဟုတ် တခြားလူနဲ့ပေါင်းပြီး သတ်၊ မသတ်ရဲတဲ့လူက သူများသတ်တာကို ဘောလုံးပွဲလိုပဲ စိတ်ဝင်တစားနဲ့ ကြည့်လေ့ရှိကြတယ်။



Is it necessary to mention that the dolphin calderon, like all the other species of dolphins, it’s near instinction and they get near men to play and interact. In a way of PURE friendship
လင်းပိုင်ဆိုတာ လူတွေနဲ့အတူနေပြီး ဆော့ကစားဖို့ စိတ်ဝင်စားတဲ့ လူသားတွေရဲ့ ဖြူစင်တဲ့သူငယ်ချင်းတွေဆိုတာ ပြောဖို့ လိုသေးသလားဗျာ။

They don’t die instantly; they are cut 1, 2 or 3 times with thick hocks. And at that time the dolphins produce a grim extremely compatible with the cry of a new born child.
သူတို့ကို သတ်တဲ့အချိန်မှာ ချက်ချင်း မသေကြပါဘူး။ လူတွေက သံမဏိအချွန်ကြီးတွေနဲ့ တချက်ပြီးတချက် ထိုးနေတဲ့အချိန်မှာ လင်းပိုင်တွေဟာ မွေးကင်းစကလေးတွေငိုတဲ့အသံနဲ့ ညီးတွားအော်ဟစ်နေကြတယ်။

But he suffers and there’s no compassion till this sweet being slowly dies in its own blood
ဒါပေမယ့် အဲဒီကလူတွေဟာ ဝေဒနာခံစားနေတဲ့လင်းပိုင်ကိုတော့ အသေသတ်လေ့မရှိဘဲ သူတို့ရဲ့သွေးရဲရဲတွေကြားမှာပဲ တဖြည်းဖြည်း သေအောင် ထားလိုက်ကြတယ်။

Its enough! We will send this mail until this email arrives in any association defending the animals, we won’t only read.
ဒီလောက်ဆို တော်လောက်ပါပြီ။ ဒီမေးလ်ကို ဖတ်ရုံဘဲ မလုပ်ပါနဲ့ သနားစရာ အပြစ်မဲ့တဲ့ တိရိ စ္ဆာန်တွေကို သတ်နေတဲ့ဖြစ်ရပ်ကြီး ပျောက်ကွယ်သွားဖို့ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့ထိရောက်သွားအောင် ဒီမေးလ်ကို ဆက်ဖြန့်ဝေပေးကြပါ။

Take care of the world, it is your home!
Assine contra essa crueldade:
ကမ္ဘာဟာ သင့်ရဲ့အိမ်ဖြစ်တယ်။ ဒါကြောင့် ဂရုစိုက်ပါ။ စောင့်ရှောက်ပါ။
Please type your name and forward to as many people as possible. Sign and send on – this is serious.....
Sign Against this cruelty:
တကယ်တော့ လူသားတွေဟာ အသိဥာဏ် အကြီးဆုံးဖြစ်တဲ့အတွက် အသိဥာဏ်နည်းပါးတဲ့ သတ္တဝါတွေကို စောင့်ရှောက်သင့်ပါတယ်။ ကိုယ့်ကို အန္တရာယ်မပေးဘဲ အေးအေးဆေးဆေး နေတဲ့သတ္တဝါကို ဘာသာတရား အဆုံးအမအရ၊ ထုံးတမ်းစဉ်လာ အဆုံးအမအရ မသတ်ဖြတ်သင့်ပါဘူး။ ကိုယ့်အသားဆိပ်ရင် နာတတ်သလို သူ့အသားဆိပ်ရင်လည်း နာမယ်ဆိုတာ တွေးကြည့်စရာ မလိုပါဘူး။ ကိုယ်ချင်းစာတရားဆိုတာ အဆင့်မြင့်တဲ့လူသားတွေ ထားအပ်တဲ့တရားပါ။
ထားကောင်းပါတယ်။ ထားသင့်ပါတယ်။
တကယ်လို့သာ ဒီနေရာမှာ လင်းပိုင်တွေမဟုတ်ဘဲ လူသားစား ငမန်းတွေသာဆို ဒီလူတွေ ဒီလိုလုပ်ရဲပါ့မလား။ စဉ်းစားစရာပါနော်။ တွေးကြည့်တတ်ဖို့ပါ။ သူ့အလှည့်ကျတော့ အသေအကြေလုပ် ကိုယ့်အလှည့်ကျတော့ နာမှာကြောက် သေမှာကြောက်တဲ့ သူရဲဘောကြောင်တဲ့ စိတ်မျိုး မမွေးကြပါနဲ့။ ကိုယ်ချင်းစာတရား ထားပြီး အဆင့်မြင့်တဲ့ လူသား ဖြစ်အောင် ကြိုးစားကြစေချင်ပါတယ်။ နောက်ဆုံးပြောရရင် ဒီဓာတ်ပုံထဲက လူတွေလို မရက်စက်ကြပါနဲ့။
ကမ္ဘာမြေဟာ မင်းရဲ့အိမ်ပါ သူငယ်ချင်း။ ကမ္ဘာမြေကို ဖျက်ဆီးခြင်းဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်းပါပဲ။
နောက်ပြီး ဒီလို အဓိပါယ်မရှိတဲ့ လုပ်ရပ်မျိုးတွေ ရပ်တန့်သွားဖို့ တထောင့်တနေရာက ကြိုးစားပေးလိုက်ပါလို့ တောင်းဆိုချင်ပါတယ်။ မလုပ်ရင် ဘာမှ မလုပ်ပါနဲ့။ လုပ်ရင် အဓိပါယ်ရှိတဲ့အလုပ်ကို လုပ်ပါ။
အားလုံးပဲ ကျန်းမာ ချမ်းသာကြပါစေ။ ကိုယ်ချင်းစာတရား ထားတတ်ကြပါစေ

ပေးပို့သူ။ ။ဖြိုးဝေ(mmp)၊ ကိုဇော်ထွန်း

Thursday, January 14, 2010

မလေးရှားအငှားမောင်းသမား မြန်မာမိန်းကလေးကို လုယက်

http://burmatoday.net/news2005/2010/201001/100112_bty_bur_malaysia.swf

မြန်မာပြည်သိန်းတန်၏ San Francisco စတိတ်ရှိုး

အကြာဆုံး နေကြတ်မှု မြန်မာနိုင်ငံမှ မြင်ရမည်


လာမည့် သောကြာနေ့၌ ဖြစ်ပေါ်လာမည့် ၂၁ ရာစုအတွင်း အကြာမြင့်ဆုံး နေကြတ်မှုကို မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ရှိသော မြို့များတွင် ထင်ထင်ရှားရှား တွေ့မြင်နိုင်မည်ဟု သိရသည်။

ယင်းနေကြတ်မှု ဖြစ်စဉ်ကို မြန်မာစံတော်ချိန် မွန်းလွဲ ၁နာရီမှ ညနေ ၄နာခွဲအထိ နေကြတ်ချိန် ၃ နာရီခွဲကြာမြင့်မည်ဖြစ်ပြီး ၃နာရီ ၅ မိနစ်မှ ၃ နာရီ ၁၅ မိနစ် အထိ နေအပြည့် ကြတ်မှုကို ၁၀ မိနစ်သာ မြင်ရမည်ဟု မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ယခုဖြစ်ပေါ်မည့် နေကြတ်မှုဖြစ်စဉ်သည် အာဖရိကတိုက် အလယ်ပိုင်းမှ အိန္ဒိယသမုဒ္ဒရာ ကို ဖြတ်၍ အာရှဒေသကို ရောက်လာမည် ဖြစ်ပြီး မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့တွင် တွေ့မြင်နိုင်မည်ဖြစ်သည်။
၎င်း နေကြတ်မှု ဖြစ်စဉ်ကို မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေး၊ မုံရွာ၊ ရွှေဘို၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် လားရှိုးမြို့တို့တွင် ထင်ထင်ရှားရှား မြင်တွေ့နိုင်မည်ဟု သိရသည်။
အဆိုပါနေကြတ်မှုကို ကမ္ဘာလှည့် ခရီးသွား အများစုက စိတ်ဝင်စားလျက်ရှိပြီး မြန်မာနိုင်ငံတွင် နေကြတ်မှု ဖြစ်စဉ်ကို ကြည့်ရှုရန် မန္တလေးတောင်၊ စစ်ကိုင်းတောင်၊ ပုပ္ပါးတောင်နှင့် ငပလီ၊ ပုဂံ၊ မုံရွာမြို့တို့တွင် ရှိသော ဟိုတယ်များတွင် နိုင်ငံခြားသား ခရီးသွားများစွာ ရောက်ရှိနေပြီ ဟုသိရသည်။
မြန်မာလူမျိးများသည် နေကြတ်မှု၊ လကြတ်မှု အတိတ်နိမိတ်များကို ယုံကြည်သူများဖြစ်သည့်အတွက် နေကြတ်မှုကြောင့် နိုင်ငံရေး၊ စီးပွားရေး လူမှုရေးများ အပြောင်းအလဲ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြသည်။
“ဒီနေကြတ်မှုကြောင့် တိုင်းရင်းသားများကြားမှာ စည်းလုံးညီညွတ်မှုတွေ ပြိုကွဲသွားလိမ့်မယ်။ ပိုပြီး သိသာမှာကတော့ နိုင်ငံတော် အကြီးအကဲ ကတော်တွေအတွက် အထိအခိုက် အပျက်အစီးတွေ ဖြစ်လိမ့်မယ်။ ခရီးသွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေးတွေမှာလည်း အဆင်မပြေဖြစ်လိမ့်မယ်” ဟု မန္တလေးမြို့ရှိ နက္ခတ္တဗေဒ ပညာရှင် ဆရာရဲက ဧရာဝတီသို့ပြောသည်။
နေကြတ်ပြီးနောက် ဖေဖော်ဝါရီ ၂၄ရက်နေ့အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး အရှုတ်အထွေးများ ဖြစ်ပေါ်လာနိုင်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ဧပြီလ ၁၆ရက်နေ့အထိ စည်းရုံးမှုများ ပြိုကွဲခြင်း၊ စီးပွားရေး ကျဆင်းခြင်း၊ ခေါင်းဆောင်ပိုင်းများထဲတွင် အချင်းချင်း စိတ်ဝမ်းကွဲခြင်းများ ဖြစ်ပေါ်မည်ဟု ဆရာရဲက ဆက်ပြောသည်။
ယခုဖြစ်ပေါ်မည့် နေကြတ်မှုဖြစ်စဉ်ကို မြန်မာနိုင်ငံနက္ခတ်ပညာရှင်အသင်းနှင့် အစိုးရပိုင် MRTV-3 တို့ ပူးပေါင်းပြီး တိုက်ရိုက် ထုတ်လွှင့် ပြသရန် စီစဉ်နေကြောင်းလည်း ဆင်ဟွာသတင်း တပုဒ်တွင် ဖော်ပြထားသည်။
ဧရာဝတီသတင်းဌာနမှ။
နေကြတ်ခြင်းအား အသေးစိတ်ဝင်စားသူများဒီနေရာမှာကြည့်နိုင်ပါသည်။

Monday, January 11, 2010

အမျိုးသမီးများအတွက် အထွေထွေ သိသင့်သိထိုက်သည့် ကျန်းမာရေးနှင့် ပတ်သက်သောဆွေးနွေးပွဲ

အမျိုးသမီးများအတွက် အမှန်တကယ်ပင် အကျိုးကျေးဇူးများစွာရရှိနိုင်ပါသဖြင့် မပျက်မကွက်
တက်ရောက်ကြပါရန် ဂျပန်နိုင်ငံရှိ မြန်မာအမျိုးသမီးများအား တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။




ဆက်လက်ဖတ်ရှူရန်...



ပြန်ခေါက်ထားရန်

Thursday, January 7, 2010

ဂဵပန်ရောက်မြန်မာအနုပညာရှင်မဵား ဒီဗီဒီ ဇာတ်လမ်းရိုက်ကူးနေ

ဂျပန်နိုင်ငံမှာရောက်ရှိနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားအနုပညာရှင်များမှမြန်မာ DVD ႟ုပ်ရှင် ဇာတ်ကားတကား ရိုက်ကူးနေကြောင်း သိရပၝတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်လုပ်ငန်းမှာအနှစ်နှစ်အလလ ကဵင်လည်ခဲ့တဲ့ ဦးဌေးသစ်က ‘အလွမ်းမဵားနှင့် ဧရာဝတီ’ လိုႛ အမည်ပေးထားတဲ့ ဇာတ်ကားတကားကို ႟ိုက်ကူးနေတာဖြစ်္ဘပီး ၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဧရာဝတီတိုင်းကို နောက်ခံပြုထားတဲ့ ဇာတ်လမ်းဖြစ်ပၝတယ်။ ဒီဇာတ်လမ်းနဲႛပတ်သက်္ဘပီး ဒၝရိုက်တာ ဦးဌေးသစ်က အခုလို ပြောပြပၝတယ်။
ဦးဌေးသစ်။ ။မြစ်ဝကျွန်းပေၞမှာ နာဂစ်မဖြစ်ခင်က နေတဲ့မိသားစုတစု၊ အဖေရယ်၊ အမေရယ်၊ ခလေးနှစ်ယောက်ပေၝ့နော်၊ မောင်လေးရယ်၊ အစ်မရယ်၊ မိသားစု လေးယောက် နေကြတယ်။ နာဂစ်မုန်တိုင်း ကဵသြားတဲ့အခဵိန္မွာ အေဖနဲႛ အမေကလည်း မုန်တိုင်းထဲ ပၝသွားတယ်၊ မောင်နှမနှစ်ယောက်က မုန်တိုင်းကဵသွား္ဘပီးတော့ ကွဲသွားကြတယ်။ သူတိုႛ မောင်နှမနှစ်ယောက် ပြန်တွေ့ခဵိန်မှာ မောင်နှမ၂ယောက် ပေဵာ်ပေဵာ်ရွှင်ရွှင်ဖြစ်နေတဲ့ အခဵိန်လေးမှာပဲ သိပ်မကြာခင်မှာပဲ မောင်လေးကို ကလေးစစ်သားအနေနဲႛ ဖမ်းသွားတာနော်၊ ဇာတ်သိမ်း ကျနော် အဲလို လုပ်ထားတယ်။”နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မိဘမဲ့ကလေးတွေကို မမေ့ကြဖိုႛ ရည်ရွယ် ရိုက်ကူးကြောင်းလည်း သူက ပြောပၝတယ်။ ပြသခဵိန် မိနစ် ၉၀ ရှိတဲ့ ဒီဇာတ်ကားကို ဂဵပန်ရောက် မြန်မာနိုင်ငံသားတွေနဲႛ အားလပ်ရက်တွေမှာ ရိုက်ကူးန္ဘေပီး၊ ႓ပီးစီးသြားတဲ့အခၝမွာ ဂဵပန္ဘာသာ၊ အဂၤလိပ္ဘာသာေတြနဲႛ စာတမ္းထိုး႓ပီး ဒီဗီဒီ အျဖစျဖန္ႛခဵိမွာ ဖြစ်ပၝတယ်။
ဦးဌေးသစ်ဟာ ပန်းခဵီဆရာကြီး ဦးဘသစ်ရဲ့ သားဖြစ်္ဘပီးမြန်မာနိုင်ငံ ရုပ်ရှင်လောကမှာ မိတ်ကပ်ပညာရှင်အဖြစ် ၁၅နှစ်လောက် ကဵင်လည်ခဲ့သဖြစ်ပၝတယ်။
ဦးဌေးသစ်။ ။ ကျနော်က ဗမာပြည်မှာ ရုပ်ရှင်ရိုက်တာ၊ ရိုက်ကူးရေးမှာ ဒါရိုက်တာပေၝင်းစုံနဲႛ တွဲလုပ်ခဲ့တယ်။ ကျနော်ကတော့ မိတ်ကပ်လုပ်တာ ရုပ်ပြောင်းရုပ်လွှဲပေၝ့နော်၊ ဒဏ္ရာလုပ္တာတိုႛ၊ အဖိုးၾကီးလုပ္တာတိုႛ၊ အနှစ် ၅၀လောက် လုပ်ခဲ့တယ်။ ဒီမလာခင်၊ ဓားတောင်ကိုကေဵာ်၍ မီးပင်လယ်ကိဖြတ်မည်၊ ကေဵာ်ဟိန်းကားပေၝ့နော်၊ ကေဵာ်ဟိန်းဒၝရိုက်တာလုပ်တဲ့ကား႟ိုက်္ဘပီးတော့ထွက်လာတယ်။”
အခုဇာတ္ကားကို ကြယ္လြန္သူ ႟ုပ္ရွင္ဒၝ႟ိုက္တာ ဘိတ္ကလာတဲ့ ငံပြာရည်ရဲ့ မြေးဖြစ်သူ ကိုအောင်လင်းနိုင်နဲႛအတူ ရိုက်ကူးနေကြောင်း၊္ဘပီးစီးခၝနီး္ဘပီဖြစ်ကြောင်းလည်း ဦးဌေးသစ်က ပြောပၝတယ်။

                                                ဒါရိုက်တာဦးဌေးသစ်နှင့်တွဲဘက်ဒါရိုက်တာကိုအောင်လင်းနိုင်




အင်္ဂလန်တွင်ပြုလုပ်သောမြန်မာ့ယဉ်ကျေးမှုပြပွဲ


6th December 2009



Tuesday, January 5, 2010

100103_thu_lu
ကိုမျိုးချစ်မြန်မာထံမှဖေါ်ပြပါသည်။


Monday, January 4, 2010

အမှိုက်သုံးမျိုးခွဲခြားပစ်နိုင်ရန် သုံးပုံးတွဲအမှိုက်ပုံးများ ကျောင်းများသို့လှူသွားမည်


အလယ်တန်းနှင့်မူလတန်း ကျောင်းများအတွက် အမှိုက်ခွဲခြားစွန့် ပစ်သည့်အမှိုက်ပုံးသုံးပုံးတွဲလှူဒါန်းသွား မည်ဖြစ်ကြောင်း ပလတ်စတစ်လုပ် ငန်းရှင်အသင်းမှ သိရသည်။
အမှိုက်ခွဲခြားသည့်ပုံးများမှာ သံ သတ္တု၊ ပလတ်စတစ်နှင့် စက္ကူဟူ၍သုံး ပုံးခွဲခြားထားပြီး ယင်းကဲ့သို့ အမှိုက်ခွဲ ခြားစွန့်ပစ်သည့်စနစ်အား ကျောင်းနေ အရွယ်မှစ၍ အမူအကျင့်ကောင်းများ ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် မူလတန်းနှင့် အလယ်တန်းများတွင် ပညာပေးအစီအစဉ်ဆွေးနွေးပွဲများလုပ် ဆောင်သွားရန်ရှိကြောင်းသိရသည်။
“ဒီလိုမျိုးအမှိုက်ပုံးတွေကို ထား ရှိတဲ့စနစ်က နိုင်ငံတကာမှာတော့ တွင် ကျယ်စွာ အသုံးပြုနေတာကြာပြီဖြစ်ပါ တယ်။ အခုဆိုရင် မြန်မာနိုင်ငံအနေနဲ့ လဲ စတင်အသုံးပြုတော့မှာဖြစ်ပါတယ်။ ကျောင်း ၁၀ကျောင်းလောက်မှစပြီး အမှိုက်ပုံးတွေလှူတာမျိုးတွေ၊ ဆွေးနွေး ပွဲလုပ်တာမျိုးတွေ ပြုလုပ်ပေးသွားဖို့ အစီအစဉ်တွေရှိနေပါတယ်။ မြို့တော် စည်ပင်ကလဲ အမှိုက်ခွဲခြားစွန့်ပစ်တဲ့ စနစ်ကို မကြာခင်လုပ်တော့မှာဆိုတော့ တစ်ဖက်တစ်လမ်းက ကူညီရာလဲ ရောက်ပါတယ်”ဟု မြန်မာနိုင်ငံ ပလတ် စတစ်လုပ်ငန်းရှင်အသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 Yangon  Medid Group

Sunday, January 3, 2010

မြန်မာပြည်တွင်း ကျန်းမာရေး သတင်းနှစ်ချုပ်

By သား ညွန့်ဦး


Karen Refugee
 ဒီဇင်ဘာ ၃၀၊ ၂၀၀၉၊ ၂၀၀၉ ကုန်ဆုံးလို့ ၂၀၁၀ ခုနှစ် ရောက်လာပါပြီ။
မြန်မာနိုင်ငံ ပြီးခဲ့တဲ့တနှစ်တာကာလအတွင်း ကြုံရ ဆုံရ ရင်ဆိုင်ရတဲ့ လူထု ကျန်းမာရေးဆိုင်ရာ သတင်းတွေနဲ့ အဖြစ်အပျက်တွေကို အခု အပတ် ကျန်းမာရေး အစီအစဉ်မှာ အနှစ်ချုပ်ပြီး ပြန်လည် တင်ဆက်ထားပါတယ်။
နှစ်ဆန်းပိုင်းမှာပဲ အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့ ဖို့ဝိန်းမြို့က မြန်မာ ကလေးငယ်တွေမှာ ခဲဆိပ်သင့်နေတယ်ဆိုတာ အမေရိကန် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က တွေ့ရပြီး သတိပေးချက် ထုတ်ခဲ့ပါတယ်။ မြန်မာ ကလေးငယ်တွေ သုံးစွဲနေကြ ဒေါ်တွေးဂေါမုတ္တဆေးနဲ့ ဒေါ်ကျင်သူငယ်နာ ၀မ်းနုတ်ဆေးတွေမှာ ခဲနဲ့ အာဆင်းနစ် ဓါတ် ပါဝင်မှု မြင့်မားနေတယ်ဆိုတာကို အဲဒီ ကျန်းမာရေးအဖွဲ့က ဓါတ်ခွဲ စမ်းသပ် တွေ့လိုက်ပါတယ်။ ဒီနောက်တော့ မြန်မာနိုင်ငံတ၀ှမ်းက တိုင်းရင်းသားဆေးတွေရဲ့ စံချိန်စံညွှန်းတွေနဲ့ ပတ်သက်လို့ မြန်မာ တိုင်းရင်းဆေးတွေရဲ့ ဘေးကင်း စိတ်ချမှုနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံတွင်းက တိုင်းရင်းဆေးတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးဌာနက ပြန်လည်စစ်ဆေးမှုတွေ မသုံးသင့်တဲ့ ဆေးဝါးတွေကို သတိပေးမှုတွေ အစိုးရပိုင် မီဒီယာတွေကတဆင့် ဖော်ပြလာပါတယ်။ မြန်မာ တိုင်းရင်းဆေးတင် မဟုတ်ပါဘူး၊ လက်ဖက်ကစလို့ မြန်မာ အစားအသောက်တွေ အတော်များများမှာ အန္တရာယ်ဖြစ်စေဆဲ ဓါတု ဆိုးဆေးတွေ ပါဝင်တယ် ဆိုတာကြောင့် အိမ်နီးချင်း နိုင်ငံတွေမှာ မြန်မာလက်ဖက်တွေနဲ့ အစားအစာအချို့ ရောင်းချမှုတွေကို ပိတ်ပင်တဲ့အထိဖြစ်ခဲ့ပါတယ်။
မြန်မာအာဏာပိုင်တွေ ကိုယ်တိုင်လည်း အသေအချာ ပြန်လည်စီစဉ်ပြီး ဈေးကွက်မှာရှိနေတဲ့ လက်ဖက်နဲ့ စားသောက်ဖွယ် တံဆိပ်အချို့ကို သုံးစွဲရန်မသင့်ဆိုပြီး တရားဝင် ပိတ်ပင်ခဲ့ပါတယ်။
ကမ္ဘာအ၀ှမ်း ငါးနှစ်အောက်ကလေးငယ်တွေ သေဆုံးမှုနှုန်းနဲ့ပတ်သက်လို့ ယူနီဆက် ကမ္ဘာကလေးသူငယ်များ ရံပုံငွေအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာမှာတော့ ငါးနှစ်အောက် ကလေးငယ်သေဆုံးမှုပမာဏ အာရှမှာ အများဆုံး မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် တနှစ်အောက် ကလေးတွေ သေဆုံးမှုပိုများတယ်လို့ မြန်မာနိုင်ငံဆရာဝန်များအသင်းက ဒေါက်တာမြင့်ဇော်က ပြောခဲ့ပါတယ်။ ကာကွယ်ဆေးထိုးရေး အစီအမံတွေ လုပ်ထားပေမယ့် အဟာရချို့တဲ့မှုကြောင့် ဘေးရောဂါ ၀င်ရောက်ပြီး အသေအပျောက်များနေတာဖြစ်တယ်လို့ ပြောပါတယ်။
 A H1N1 ၀က်တုပ်ကွေး ဗိုင်းရပ်ကတော့ အခု ၂၀၀၉ခုနှစ်အတွင်း ကမ္ဘာတ၀ှမ်းကို ခြိမ်းခြောက်ခဲ့တဲ့ ရောဂါဖြစ်ပါတယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ် ကိုယ်တိုင်က ကမ္ဘာကပ်ရောဂါဆိုးကြီးကျရောက်နေပြီးဆိုပြီး သတိပေးချက် ထုတ်ခဲ့ရတာပါ။ ကံကောင်းထောက်မစွာပဲ ကမ္ဘာရော အာရှမှာပါ ကပ်ရောဂါဆိုးကြီးဖြစ်ခဲ့တဲ့ H1N1 ဟာ မြန်မာနိုင်ငံမှာတော့ သိပ်ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ပါဘူး။ နောက်ပိုင်းမှာ အစိုးရပိုင် မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သတိပေးချက်တွေ ထုတ်ပြန်ခဲ့သလို၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ရောဂါပိုး ကူးစက်ခံရသူတွေ အရည်အတွက်ဘယ်လောက်ရှိသလဲ. ရောဂါထိန်းချုပ်ရေးအတွက် ဘာတွေ ဆောင်ရွက်နေသလဲ သတင်းတွေ ထုတ်ပြန်ပေးခဲ့ပါတယ်။
၂၀၀၅ခုနှစ်တုန်းက မြန်မာနိုင်ငံကနေ ရုတ်သိမ်းသွားခဲ့တဲ့ အေစ့် ငှက်ဖျား တီဘီ ရောဂါသုံးမျိုးတိုက်ဖျက်ရေး ဂလိုဗယ်ဖန်းအဖွဲ့ကြီးဟာ မြန်မာနိုင်ငံကို အကူအညီတွေ ပြန်ပေးဖို့ နိုဝင်ဘာလအတွင်းမှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံတွင်း ရောဂါသုံးမျိုး တိုက်ဖျက်ရေးအတွက် အလားအလာ အခြေအနေကောင်းတရပ် ကြုံလာရပြီလို့ လူထုကျန်းမာရေး လုပ်သားတွေက မျှော်လင့်ခဲ့ကြပါတယ်။ ဂလိုဗယ်ဖန်းအဖွဲ့ကြီးအနေနဲ့တော့ အခုအချိန်မှာ အကူအညီတွေ ထိရောက်ရေး အသေးစိတ် ဆောင်ရွက်စရာတွေအတွက် အာဏာပိုင်တွေနဲ့ ညှိုနှိုင်းဆောင်ရွက်နေဆဲရှိပါတယ်။
ဂလိုဖန်းအဖွဲ့ကြီး မြန်မာနိုင်ငံကို ပြန်ဝင်ဖို့ ပြင်နေချိန်မှာပဲ ငှက်ဖျားရောဂါကြောင့် ကလေးငယ်သေဆုံးမှုတွေ ကျဆင်းလာတယ်ဆိုတဲ့ WHO နိုင်ငံများစာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်ဆိုတဲ့ သတင်းကောင်း ဒီနှစ် အကုန်ပိုင်းမှာပဲ ကြားရပါတယ်။ ငှက်ဖျားရောဂါ ထိန်းချုပ်ရေးအတွက် ရံပုံငွေ ပိုသုံးလာသလို ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေရဲ့ အောင်မြင်မှုကြောင့်ဖြစ်တယ်လို့ ရန်ကုန်က အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမြင့်ဦးက ပြောပါတယ်။
အခုလို ငှက်ဖျားရောဂါကြောင့် အသေအပျောက်နှုန်းတွေ ကျဆင်းလာတာဟာ ရောဂါတိုက်ဖျက်ရေး ရံပုံငွေရဲ့ အထောက်အပံ့လည်း ပါတယ်ဆိုတော့ ဂလိုဗယ်ဖန်း မြန်မာနိုင်ငံ ပြန်ကူညီမယ်ဆိုတဲ့သတင်းဟာ ငှက်ဖျား ရောဂါထိန်းချုပ်ရေးအတွက် တအားဖြစ်မှာအမှန်ပါ။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ရဲ့ အားနည်းချက်ကြောင့် ရံပုံငွေတွေ တိုးရပေမယ့် မှန်မှန်ကန်ကန် အသုံးမချနိုင်ရင် အောင်မြင်မှုမရှိနိုင်ဘူးလို့ အမေရိကန်ပြည်ထောင်စု ဂျွန်ဟောကင်း တက္ကသိုလ်က ဒေါက်တာရဲမွန်မြင့်က ပြောခဲ့ပါတယ်။
ဒီနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူထုကျန်းမာရေးနဲ့ ပညာပေးကိစ္စတွေမှာ ဖြစ်ထွန်း တိုးတက်မှုအချို့ မြင်ရတယ်လို့ပြောရမှာပါ။ အန္တရာယ်ရှိတဲ့ မြန်မာဆေးတွေ မြန်မာအစားအစာတွေကို အာဏာပိုင်တွေက အသေအချာ စီစစ်ပြီး လူထုကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန် အသိပေးတာမျိုးတွေရှိသလို၊ ဂလိုဖန်းလို နိုင်ငံတကာ အထောက်အပံ့တွေကြောင့် လူထုကျန်းမာရေးလုပ်သားတွေအတွက် တအားတတ်စေခဲ့ပါတယ်။ H1N1 လို ကမ္ဘာကပ်ရောဂါဆိုးကြီးကလည်း မြန်မာနိုင်ငံကို ထင်သလောက် အန္တရာယ်မပြုနိုင်ခဲ့ပါဘူး။
ဒါပေမယ့် နယ်အချို့ ဒေသအချို့မှာတော့ နှစ်စဉ်ဖြစ်နေကြ ၀မ်းရောဂါ သွေးလွန်တုပ်ကွေးရောဂါ တွေကတော့ ပုံမှန်အခြေအနေထက် ဆိုးဆိုးဝါးဝါး ကြုံတွေ့ခဲ့ရပါတယ်။ ခြုံကြည့်ရင်တော့ ဒီနှစ် မြန်မာနိုင်ငံမှာ လူထုကျန်းမာရေးဆိုင်ရာ အကြပ်အတည်းမျိုး အခြေအနေဆိုးမျိုး ဆိုးဆိုးဝါးဝါး မကြုံခဲ့ရဖူးလို့ ပြောရမှာပါ။