Pages

政治犯が監禁されてる限り 2010年の選挙は 信用できない

Saturday, February 20, 2010

ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှု မရှိခြင်းအပေါ် Google တောင်းပန်

လူမှုကွန်ရက် Google Buzz အကြောင်းကို မိတ်ဆက်ပေးနေသော ဂူဂဲလ် တာဝန်ရှိသူများ (ဓာတ်ပုံ - Reuters)

ဂူဂဲလ် ကုမ္ပဏီက အသစ်တီထွင် လိုက်သည့် လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာ “Google Buzz” သည် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ လုံခြုံမှုမရှိခြင်းနှင့် ပတ်သက်၍ တောင်းပန်လိုက်သည်။Google Buzz ကို ဂျီမေးလ်မှ တဆင့် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး ဂျီမေးလ်ဖြင့် မကြာခဏ ပြောဆို ဆက်သွယ်လေ့ ရှိသော လိပ်စာများကို Buzzက အလို အလျောက် အပြန်အလှန် ချိတ်ဆက် ပေးသည်။

ချိတ်ဆက် ထားသူများ ကြားတွင် တခြားဆက်သွယ် အသုံးပြုသူများ၏ မေးလ် လိပ်စာများကို ထပ်မံ မြင်တွေ့နိုင်ပြီး ဂျီမေးလ်တွင် ထည့်သွင်း ရေးသား ထားသည့် အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်းများ (Google Profile) ကို တွေ့မြင်နိုင်မည် ဖြစ်သည်။

ဂျီမေးလ်နှင့် Buzz ထုတ်လုပ်ရေး မန်နေဂျာ Todd Jackon က “ကျနော် တို့ကြောင့် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အတွက် အလွန် စိတ်မကောင်း ဖြစ်မိပါတယ်၊ အသုံးပြုသူ တွေရဲ့ အကြံပြုချက် တွေကို အခြေခံပြီး ပိုကောင်းအောင် ကြိုးစား ဆောင်ရွက် နေပါတယ်၊ အကောင်းဆုံး အနေအထား မဟုတ်သေးဘူး ဆိုတာလည်း သဘော ပေါက်သွား ပါတယ်”ဟု ဆိုသည်။

ယခု ဖေဖော်ဝါရီလတွင် ဂူဂဲလ်က အသစ်ဖန်တီးလိုက်သည့် Google Buzz အား အသုံးပြုရန် ဂျီမေးလ် အသုံးပြုသူများကို စတင် ဖိတ်ခေါ်ခဲ့ပြီးနောက် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး မလုံခြုံမှုများရှိနေသည်ဟူသော ဝေဖန်ချက်များ ထွက်ပေါ်လာခဲ့သည်။

ဂူဂဲလ်က Google Buzzအသုံးပြုသူများ၏ မှတ်ချက် (Comment)၊ အခြား ဆက်သွယ်သော သူများကို မှတ်တမ်း တင်ထားမည့် အပြင် ဖုန်းဖြင့် Buzz ကို အသုံးပြုပါက အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်း၊ ဓာတ်ပုံနှင့် တည်နေရာကို မှတ်သား ထားမည် ဖြစ်ကြောင်း Buzz ၏ မူဝါဒတွင် ရေးသားထားသည်။

နည်းပညာကို စိတ်ဝင် တစား လေ့လာနေသူ တဦးက “Buzz မှာ ကိုယ်နဲ့ ဆက်သွယ်နေတဲ့ လိပ်စာတွေ အားလုံးကို အခြား ချိတ်ဆက် ထားသူက မြင်နေရတာက ပြဿနာပါ၊ ဒါပေမယ့် Buzz အတွက် အနာဂတ်က ပိုကောင်းဖို့ ရှိတယ်လို့ ကျနော် ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

Google Buzzကို အသုံးမပြုလိုပါက ဂျီမေးလ် Setting တွင် Buzz ဟူသော ခေါင်းစဉ်ကို နှိပ်၍ Disable Google Buzz ကို ရွေးချယ်၍ လည်းကောင်း (သို့) ဂျီမေးလ် စာမျက်နှာ အောက်ဆုံးရှိ “Turn off Buzz”ကို နှိပ်၍သော် လည်းကောင်း ပြင်ဆင်၍ ရနိုင်မည် ဖြစ်သည်။

၂၀၀၉ ခုနှစ်မှ စတင်၍ လူမှုရေးကွန်ရက် စာမျက်နှာများသည် အရှိန်အဟုန်ဖြင့် အင်တာနက် အသုံးပြုသူများ အကြား ရေပန်းစား လာပြီး ယခုအခါ ကမ္ဘာတ၀န်းလုံး၌ Facebook အသုံးပြုသူ သန်း ၄၀၀၊ ဂျီမေးလ် အသုံးပြုသူ ၁၇၆ သန်း ရှိကြောင်း သိရသည်။
ပေးပို့သူအားလုံးကိုကျေးဇူးတင်ပါသည်။

Friday, February 19, 2010

နယူးရော့ခ်မြို့  (New York) မြန်မာခေတ်ပြိုင် ပန်းချီပြပွဲအကြောင်း

ထွက်ပေါက်

အဘရဲ့အမွေ၊ အဖရဲ့အမွေ။
အဘ (ဘဘဦးသုခ) . . . ။

(၇) ရက်သားသမီး ဆင်းရဲချမ်းသာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပြည်သူလူထုတို့ရဲ့ နာရေးကိစ္စအဝဝကို အဆင်ပြောချောမွတ်စွာနှင့် သင်္ဂြိုလ်ပေးနိုင်အောင် နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ . . . “အဘ”။

အဖ (ဗိုလ်ချုပ်အောင်ဆန်း) . . . ။

အဖ တိုက်ပွဲဝင်ခဲ့တဲ့ . . . အမွေ။
အဖ ဦးဆောင်ခဲ့တဲ့ . . . အမွေ။
မြန်မာပြည်သူလူထုကို ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်လူမျိုးအတွက် လွတ်လပ်ရေးရရှိအောင် တိုက်ပွဲဝင်ခဲ့တဲ့ . . . “အဖေ”။

“အဘ”ရဲ့ အမွေကို အထိခိုက်အပွန်းပဲ့မခဲ့ဘဲ ဆက်လက်တိုးပွားအောင် နာရေးကူညီမှုအသင်း (ရန်ကုန်) လူမှုရေးလုပ်ငန်းစဉ်မှ တစ်ဆင့်တက်၍ “သုခကုသိုလ်ဖြစ်ဆေးခန်း” ဟူ၍ အခမဲ့ကုသိုလ်ဖြစ်ဆေးကုသပေြး ခင်းလုပ်ငန်းကို ကျွန်တော်တို့ရှိသမျှ အင်အား၊ အလှူရှင်တို့ရဲ့သဒ္ဓါတရားနှ င့် ရဲရဲရင့်ရင့်ဖွင့်လှစ်ပြီြး ဖစ်သလို ယခု “သုခအလင်း” ဟူလေသော စာကြည့်တိုက်ကိုပါ ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။

“သုခအလင်း” . . . ဟုဆိုရာ၌ လူမှုရေးလုပ်ငန်းများလုပ်စဉ် လူမှုရေးသမားများ၏စိတ်ဓာတ်၊ ခံယူချက်၊ ရည်မှန်းချက်များထိမိအောင် ပြည်သူလူထုအတွက် အကျိုးတိုးပွားအောင်၊ အနာဂတ်ရဲ့ အားကိုးအားထားရာ၊ အနာဂါတ်ရဲ့ သူရဲကောင်းများဖြစ်ရန်၊ အနာဂါတ်မြန်မာပြည်ကြီးရဲ့ ဦးဆောင်မှုပေးနိုင်သော လူငယ်မျိုးဆက်သစ်များ ပေါက်ဖွားစေရန် ရည်သန်လျက် ဤ “သုခအလင်း” စာကြည့်တိုက်ကို ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ငြိမ်းချမ်းသောအလင်းတန်းကို ဖွင့်လှစ်ပေးမည့်၊ ပျိုးထောင်ပေးမည့် လမ်းပြကြည်ဟု ဆိုချင်ပါသည်။

ဒီလို “အဘ (ဘဘဦးသုခ) ရဲ့အမွေ” ကို တိုးပွားအောင် ထမ်းဆောင်ထိန်းသိမ်းရာ၌ အနှောက်အယှက်၊ အတိုက်အခိုက်၊ အဖျက်အဆီးများ . . . များစွာကြုံတွေ့ခဲ့ရသည်။ ဤတွင် “အဖ (ဗိုလ်ချုပ်အောင်ဆန်း) ရဲ့အမွေ” “အဖဗိုလ်ချုပ်အောင်ဆန်း) ရဲ့သြဝါဒ” “အဖ (ဗိုလ်ချုပ်အောင်ဆန်း) ရဲ့ဆိုဆုံးမမှု” တို့ကို မိမိတို့လက်ကိုင်တုတ်အဖြစ် အသုံးပြုရတော့မည်။

ဤတွင် ကျွန်တော်၏စိတ်ထဲတွင် “ဖျက်ကနဲ” ပေါ်လာသည်။ ကျွန်တော်၏ ဆရာတစ်ဦးဖြစ်သော ကမ္ဘာမြေပြင်ပေါ်မှ ထွက်ခွာသွားပြီဖြစ်သော ဘဘဆရာကြီးမင်းသိင်္ခပင်ဖြစ်သည်။ ဆရာကြီး မင်းသိင်္ခ၏ ပုဏ္ဏားဘကွန်းကို သူ၏ဆရာဖြစ်သော ဖိုးသူတော်ကြီးက လူ့ဘဝကိုရင်ဆိုင်ဖို့၊ သူဌေးဖြစ်ဖို့ ပေးလိုက်သည့် ပစ္စည်းများပင် ဖြစ်တော့သည်။

နံပါတ် (၁) မီးအိမ်
နံပါတ် (၂) လွယ်အိတ်
နံပါတ် (၃) ဝါးရင်းတုတ် . . . တို့ဖြစ်သည်။


နံပါတ် (၁) မီးအိမ် ။ ။ မီးအိမ်သည်ကား ဘဝခရီးလမ်းကို လျှောက်ရာ၌ အမှောင်ထုကို ဖြိုခွင်းသွားဖို့၊ ငြိမ်းချမ်းသောပန်းတိုင်ကို
ရောက်ဖို့အလင်းတန်းများပေးမ ည့် . . . မိမိတို့ရိုးမြေကျသည်အထိ လက်ကိုင်ထားရမည့်အရာ ဖြစ်သည်။
နံပါတ် (၂) လွယ်အိတ်။ ။ လွယ်အိတ်သည်ကား မိမိလျှောက်ရာဘဝလမ်းခရီး၌ မိမိအတွက် အကျိုးရှိမည့် ဆောင်ပုဒ်များ၊ ခံယူချက်များ၊ ဒဿနများ၊ ကုသိုလ်အထုပ်များ စုဆောင်းသိမ်းဆည်းရမည့် အရာဖြစ်သည်။
နံပါတ် (၃) ဝါးရင်းတုတ်။ ။ ဝါးရင်းတုတ်သည်ကား မိမိလျှောက်ရာလမ်းခရီး၌ နှောက်ယှက်သူ၊ ဖျက်ဆီးသူ၊ ဟန့်တားမှုများ၊ တားမြစ်ပိတ်ပင်မှုများကို ရှင်းလင်းသုတ်သင်ရာတွင် သုံးရမည့်အရာ ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့၏ခံယူချက် (အများပြည်သူလူထုအတွက်)နှင့်  လျှောက်လှမ်းနေသော ကုသိုလ်ရေး၊ ငြိမ်းချမ်းရေးလမ်းခရီး၌ မိမိတို့ရရှိသမျှ ကုသိုလ်ရေးအထုပ်ပစ္စည်းများကို လွယ်အိတ်ထဲထည့်၊ ဘဝရဲ့အလင်း၊ ဘာသာရေးရဲ့အလင်း၊ ငြိမ်းချမ်းမှုအလင်း၊ လူမှုရေးအလင်း ဖန်မီးအိမ်ကိုကိုင်ခါ လမ်းခရီး၌ တားမြစ်ပိတ်ပင် အယူသည်းမှုများကို မိမိတို့၏ လက်ကိုင်ဝါးရင်းတုတ်နှင့် ဖယ်ရှားသွားရမည်ဖြစ်တော့သည်
ထို့ကြောင့် “ပုဏ္ဏားဘကွန်းလမ်းစဉ်”ကို ကျင့်သုံးရမည်ဖြစ်တော့သည်။
ဤသို့ ကျွန်တော်တို့ရဲ့လူမှုရေးလမ်းတစ်လျှောက် ငြိမ်းချမ်းရေးပန်းတိုင်သို့  သွားရာလမ်းခရီးတွင် အမှောင်ရှိလျှင် အလင်းပြ၊ ကုသိုလ်အထုပ်များကို သိမ်းဆည်းသကဲ့သို့ အယူသည်းမှု၊ နှောက်ယှက်မှုများကို ရှင်းလင်း၍ သွားသော်လည်း မိစ္ဆာဒိဋ္ဌိရန်စွယ်ကား မသေးလှချေ။ ဆုတ်ကပ်ခေတ်ကြီးရောက်နေပြီ မဟုတ်ပါလား။
ရှင်းလင်း၍ မကုန်နိုင်။
သုတ်သင်၍ မကုန်နိုင်။
ဖယ်ရှား၍ မကုန်နိုင်။
ရန်သူအင်အားသည် များလာပြီ၊ အယူသည်းမှုများ တိုးပွားလာပြီ၊ ပိတ်ပင်တားဆီးမှုများ များလာပြီဖြစ်ပါက . . . ။
ကျွန်တော်၏ ခံယူချက် . . . အဓိဋ္ဌာန်ကိုတော့ မည်သို့မျှ မဖျက်။
အများမိုးခါးရေသောက်ပေမဲ့ ကျွန်တော်မသောက်နိုင်။
ကျွန်တော် . . . ကြံ့ကြံ့ခံမည်။
ခံယူချက်၊ ကျင့်ကြံမှု၊ ရည်မှန်းချက်များ လုံးဝအပွန်းအပဲ့မခံ။
အဆုံးစွန်ဆုံး ကျွန်တော်ပြောတော့မည်။
တစ်ယောက်နဲ့အများ
တစ်ယောက်အားနဲ့ အများအား . . . ။
အင်အားခြင်းမမျှဖြစ်လာခဲ့သော် . . . ။
တိုက်ပွဲတစ်ပွဲတွင် ရန်သူအင်အားအလုံးအရင်းနှင့် မိမိဖက်မှ အင်အားနည်းသွားပါခြင်း၊ သစ္စာအဖောက်ခံရခြင်း . . . စသည်တို့ကြောင့် မိမိတစ်ဦးတည်း ကျန်ရစ်ခဲ့သော် သင်တို့ကောမည်သို့ လုပ်မည်နည်း၊ မည်သို့ဆုံးဖြတ်မည်နည်း၊ ကျွန်တော်ကတော့ အသေခံ၍ တိုက်မည်။
ရန်သူ၏အဖမ်းကို မခံနိုင်။
ရန်သူ၏စည်းရုံးမှုကို မခံနိုင်။
ရန်သူ၏ သိမ်းသွင်းမှုကို မခံနိုင်။
နောက်ဆုံး . . . မိမိတွင် ကျန်ရစ်သော ကျည်တစ်ထောင့်၊ ဗုံးတစ်လုံး . . . ဓားတစ်ချောင်းဖြင့် . . ။

ဟုတ်ပါသည်။
ပုဏ္ဏားဘကွန်းကို သူ၏ဆရာ ဖိုးသူတော်ကြီးပေးလိုက်သည့် ပစ္စည်များတွင် နောက်ဆုံးနံပါတ် (၄) ပစ္စည်းတစ်ခုရှိပါသေးသည်။
ယင်းပစ္စည်းသည် . . . “မင်းလိုချင်တဲ့ ပန်းတိုင်ကို . . . ရက် . . . လ . . . နှစ် - နောက်ဆုံးထားပြီးသွား”။
“အေး . . . အဲဒီ့နေ့ရက်ရောက်လို့မှ မင်းလိုချင်တဲ့ပန်းတိုင်၊ မင်းသွားချင်တဲ့ နေရာ၊ မင်းရောက်ချင်တဲ့ ဌာနကိုမှ မရောက်ခဲ့ရင် မင်းအဲဒီ့အဆိပ်ပုလင်းကိုသာ သောက်ချလိုက်တော့”
ဟုဆိုကာ ဘကွန်း၏ လည်ပင်းတွင် ကြိုးနှင့်အဆိပ်ပုလင်းကို ချိတ်၍ ဆွဲပေးခဲ့သည်။
ဟုတ်သည် . . . ကျွန်တော့်တွင် နောက်ဆုံးလက်နက်ရှိသည်။
ကျွန်တော့်ရဲ့ အဓိဌာန်
ကျွန်တော့်ရဲ့ ရည်မှန်းချက်
ကျွန်တော့်ရဲ့ ခံယူချက်
ကျွန်တော့်ရဲ့ သစ္စာတရားတို့ကိုတော့ လုံးဝအထိအခိုက် အပွန်းအပဲ့မခံနိုင်တော့။ ကျွန်တော့် ကိုယ်လွတ်ရုန်းခြင်းမဟုတ်။ အဖန်ငါးရာ ငါးကမ္ဘာကိုလည်း မကြောက်တော့။ အဓိဌာန်ကိုတော့ မဖျက်နိုင်တော့ချေ။
သတ်ကွင်းရှိလျှင် ထွက်ပေါက်ရှိရမည်။
ဒါကြောင့် . . ရန်သူ၏သတ်ကွင်းထဲသို့ ရောက်ခဲ့လျှင် ထွက်ပေါက်ကို ရှာရမည် မဟုတ်ပါလား . .။
ယင်းထွက်ပေါက်သည် . . . ?
ကျော်သူ
 
__________________________ _____________________
အမေလက်ဆင့်ကန်းပြောထားတာ . . .
“စိတ်မပျက်နဲ့၊ စိတ်ဓာတ်မကျနဲ့” တဲ့။
“ကျွန်တော် စိတ်မပျက်ပါဘူး၊ စိတ်ဓာတ်မကျပါဘူး အမေ
စိတ်နာနာနဲ့ ဖိလုပ်နေတာပါ”။
ဒါကြောင့် . . . စိတ်နာနာနဲ့ ချရေးမိတာပါ ခင်ဗျာ။
__________________________ _____________________
သား (ကျော်သူ)
ကိုမျိုးချစ်မြန်မာထံမှရယူပါသည်။

Wednesday, February 17, 2010

သစ်ပင်လူ









Tuesday, February 16, 2010

Computer စိတ်ဝင်စားသူများအတွက်

AIO Wifi Hack 2010 လေးပါခင်ဗျား။ မြန်မာ ပြည်က သူတွေအတွက် အကျိုး ရှိမယ်ထင်လို့ ကျွန်တော် တင်ပေးလိုက်ပါတယ်။ တော်တော့ ကို ကောင်းပြီး လူတိုင်း လေ့လာ ဖို့ တိုက်တွန်းပါတယ်။ ပြီးတော့ သူရေးသားထား တာက လဲ နားလည်လွယ်ပြီး ရှင်းလင်းပါတယ်။ အောက်မှာ သူ့ရဲ့ Tutorials လေးတွေကို ဥပမပြထားပါတယ်ခင်ဗျား။
* Windows Tools 1
* Windows Tools 2
* Backtrack
* Pdf's Tutorials
* Bonus Software
အပေါ်မှာ ကျွန်တော် ပေးထားတဲ့ Software လေးတွေက မကပါဘူးခင်ဗျား။ ကျန်ပါသေးတယ်။ AIO Wifi Hack 2010 ကိုလိုချင်ရင်တော့အောက်မှာပေးထားတဲ့ Link ကနေတဆင့်သွားပြီး Download လုပ်လိုက်ကြပါ။ အားလုံး ကို ကျွန်တော် တက်နိုင်သလောက် Free ပေးနေပါတယ်။
Download AIO Wifi Hack 2010

Password: www.mgkyawswarnyein.net
မောင်ကျာ်စွာငြိမ်း http://www.mgkyawswarnyein.net/

Monday, February 15, 2010

မဲဆောက်မြို့တရားပွဲ

ထိုင်းနိုင်ငံ၊မဲဆောက်မြို့ဝပ်မဏိအမိုနီကျောင်းဆရာတော်၏တရားပွဲသို့ မဲဆောက်မြို့ရှိ မြန်မာပြည်သား(၂၀၀၀၀)ကျော်လာရောက်ပြီးဓမ္မပူဇာသဘင်ပွဲဆင်နွှဲခဲ့ကြကြောင်းသိရှိရပါသည်။
တရားပွဲတွင်းကောက်ခံရရှိသောအလှူတော်ငွေစုစုပေါင်းမှာ ဘတ် (၆၁၀၀၀)ကျော်ရရှိခဲ့ပါသည်။
အဆိုပါတရားပွဲကို ကုသုလ်တော်ဆန်လှူအသင်းနှင့်မဲဆောက်ဈေးအသင်းတို့ပူးပေါင်းပြီးကျင်းပခဲ့
ကြကြောင်းသတင်းရရှိခဲ့ပါသည်။

သတင်းဓါတ်ပုံ။ ။ကိုအရှည်ကြီး

ပထမ မြန်မာပါရဂူတဦး


ပါမောက္ခ မဟာသရေစည်သူ ဒေါက်တာ ဘဟန် (၁၈၉၀-၁၉၆၉)
(၁)မြန်မာ့ရေးရာကျွမ်းကျင်သူဆိုသော ပုဂ္ဂိုလ်မျိုးစုံ၏ အသံစုံ အကြံကုန်ကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ လှိုင်းတိုရေဒီယိုများနှင့် အင်တာနက်စာမျက်နှာများတွင် ဟုန်နေအောင် ကြုံဖူးနေကျ ဖြစ်ပါလိမ့်မည်။
ထိုအထဲ နိုင်ငံစုံက ဘွဲ့ပေါင်းစုံရထားသည့် ပါရဂူဒေါက်တာ ဘယ်သူဘယ်ဝါ ဆိုသည်ကို ကြားတိုင်း မြန်မာထဲက အစောဆုံးပါရဂူဘွဲ့ရ ဒေါက်တာကြီးတယောက်၊ မြန်မာပြည်က အင်္ဂလိပ်စာလိုက်စားသူတိုင်းလိုလို သိကြသည့် ကျေးဇူးရှင်ဒေါက်တာတယောက်ကို သတိရမိပါသည်။
ကာလပေါ် ဒေါက်တာများက မြန်မာပြည်သူတွေကို ဘယ်လိုပညာတွေဖြန့်ဝေပေးမည်မသိသော်လည်း ထိုဒေါက်တာကြီး၏ ကျေးဇူးကတော့ ယခုထိ ထင်သာမြင်သာရှိလှသည်။ သူနှင့် တပြိုင်တည်းလိုလို ပါရဂူဘွဲ့ရပြီး ဟိုလွန်လေပြီးသော ၆၅ နှစ်က မြန်မာပြည်တွင် အာဏာရှင်အဓိပတိမင်းကြီးအဖြစ် ဘုန်းတော်ကြီးခဲ့သည့် သူ့ညီ ဒေါက်တာဘမော်ကို ခုခေတ်လူတွေမေ့ကြ သော်လည်း အနှစ် ၄၀-၅၀ က သူပြုစုခဲ့သော တက္ကသိုလ် အင်္ဂလိပ်-မြန်မာအဘိဓာန်မှာ ယခုထိ မြန်မာပြည်တွင် အသုံးကျဆဲ ထွက်သမျှ ရောင်းမလောက်ဆဲ ဖြစ်ပါ၏။
သူနှင့် တနှစ်တည်း ဘီအေအောင်သော ပါမောက္ခ ဖေမောင်တင်မှတ်ချက်အရ“ဤအဘိဓာန်ကို လေ့လာခြင်းဖြင့် မြန်မာ စာသင် သားတို့အား အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုပေးနိုင်သကဲ့သို့ နိုင်ငံခြားသားများအတွက်လဲ မြန်မာဘာသာစကား ကျွမ်းကျင်မှု တွင် အကူအညီ ပေးနိုင်ပါလိမ့်မည်”ဟူသတည်း။ အင်္ဂလိပ်ဆိုရိုးစကားများကို မြန်မာပြန်ဆိုရာတွင် မြန်မာပီပီသသ ထိမိလှပစွာ ပြန်ဆိုသည်ဟူ၍လဲ မှတ်ချက်ချထားသည်။
ထူးသည်က ထိုသို့ မြန်မာဘာသာပိုင်နိုင်သည်ဟု မှတ်ချက်ပြုခံရသော ပါရဂူကြီးမှာ မြန်မာဗုဒ္ဓဘာသာမဟုတ်ပါ။ အာမေနီယန် စပ် သည့် မြန်မာခရစ်ယာန်ဖြစ်ပါသည်။ ထို့အပြင် မြန်မာစာပေနှင့် စကား လူရာမဝင်ဆုံးခေတ်၂၀ ရာစုဦး ဝံသာနုမပေါ်မီခေတ်တွင် လူဖြစ်သော မျိုးဆက်လည်း ဖြစ်ရုံမက စိန်ပေါလ်ကျောင်း၊ ရန်ကုန်ကောလိပ်၊ ကာလကတ္တားနှင့် ကိန်းဘရစ်ခ်ျ၊ ဘော်ဒိုး၊ ဖရိုင်းဘတ် စသည့် ဥရောပ တက္ကသိုလ်ကြီးများတွင် ပညာရှာခဲ့သူလည်း ဖြစ်ပါသည်။ ဘွဲ့ရခါစကလည်း အစိုးရစာတော်ပြန်ဌာန ခေါ်သော ကိုလိုနီအစိုးရမင်းတို့၏ လက်သပ်မွေးဌာနတွင် လုပ်ကိုင်ခဲ့ပါသေးသည်။

သို့သော်လည်း မောင်ဘဟန်၏ ဖခင် မောင်မောင်ကျေးမှာ ၁၈၇၀ ကျော်က ကင်းဝန်မင်းကြီးနှင့် ဘိလပ် ပရန်သစ် စသော အနောက်ကျွန်းက တိုင်းပြည်ကြီးများသို့ သွားသော ဒယ်လီဂိတ် ကိုယ်စားလှယ်အဖွဲ့ဝင်ဖြစ်ခဲ့ပါသည်။ ပညာတော်သင် မသွားရခင် သီပေါမင်း ပါတော်မူသွားသဖြင့် သထုံဘက်တွင် ပုန်ကန်ထကြွစဉ် အရေးနိမ့်၍ ယိုးဒယားပြည်သို့ တိမ်းရှောင်သွားခဲ့ရသည်။

စိန်ပေါလ်တွင် ဘုန်းတော်ကြီးများအုပ်၍ ကြီးခဲ့ရသော မောင်ဘဟန်မှာ ခရစ်ယာန်ဖြစ်လာသော်လည်း မြန်မာစိတ်မပျောက်ပါ။ ညီဖြစ်သူ ဗုဒ္ဓဘာသာဝင် မောင်ဘမော်နှင့်လည်း အနေမစိမ်းဘဲ ချစ်ချစ်ကြင်ကြင်ရှိလှပါ၏။ စာတော်ပြန်ဌာနတွင် အမှုထမ်းနေစဉ် မြန်မာပညာရှိတို့ထံမှ စာပေယဉ်ကျေးမှုတို့ကို နည်းယူဆည်းပူးခဲ့ရုံမက ဦးဖေမောင်တင်၏ဘကြီး စာတော်ပြန်ဝန်ထောက် ဦးထွန်းငြိမ်း၏ အင်္ဂလိပ်-မြန်မာအဘိဓာန် ပြန်လည်တည်းဖြတ်ပုံနှိပ်ရာတွင် ကူညီခဲ့၍ အသက်၂၀ကျော်ကပင် အဘိဓာန်ပညာကို အရေလည်လာခဲ့သည်။

ဥရောပတွင်လည်း ဂျာမန်၊ ပြင်သစ်ဘာသာတို့ကို ကျွမ်းကျင်အောင် သင်ယူခဲ့ကာ အင်္ဂလိပ်စာဆို ဝီလျမ်ဘလိတ်၏ အရေးအသားအကြောင်း ကျမ်းပြုပြီး ပါရဂူဘွဲ့ယူခဲ့သည်။ သမ္မာကျမ်းစာကို အထူးလိုက်စားခဲ့သဖြင့် အင်္ဂလိပ်ဘာသာကို အလွန်ပိုင်နိုင်လာခဲ့သည်။ သို့တွက် ရန်ကုန်တက္ကသိုလ် ဥပဒေမဟာဌာနမှူးဘဝမှ ပင်စင်ယူပြီးနောက် ၁၅ နှစ်အချိန်ယူပြီး လွတ်လပ်ပြီးခေတ် မြန်မာလူငယ်များ ကမ္ဘာနှင့်ပေါင်းကူးရာတွင် အရာရောက်လှသည့် ဤအဘိဓာန်ကြီးကို ပြုစုခဲ့လေသည်။ ထိုအတောအတွင်း ၁၉၅၈ က ဦးနု၏ သုံးလခံ သန့်ရှင်းဖဆပလအစိုးရတွင် ရှေ့နေချုပ်တာဝန်ယူခဲ့ရသေးသည်မှအပ တရားဝန်ကြီးချုပ်၊ သမ္မတ စသည့် အခြားဥပဒေပါရဂူကြီးတွေမျှော်တတ်သည့် ဖုတ်သွင်းရထားများကိုလည်း အာရုံမပြုခဲ့။

(၂)

အဘိဓာန်သာမက မြန်မာစာပေ ယဉ်ကျေးမှုဆိုင်ရာ စာတမ်းများရေးသားပြီး မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်တွင် ထည့်သွင်းခဲ့သော်လည်း မစုစည်းနိုင်ဘဲ တိမ်မြုပ်လုဖြစ်နေသည်က ဝမ်းနည်းစရာပါပေ။

ရှင်ဥတ္တမကျော်တောလားနှင့် လက်ဝဲသုန္ဒရ ရတုများကို အင်္ဂလိပ်လိုပြန်ဆိုခြင်း၊ စိန္တကျော်သူ ကဗျာများ၊ ဦးပုည၏ ဝိဇယ ပဒုမ ပြဇာတ်များ၊ ဝန်စာရေးဦးကြီး၏ ချဉ်ပေါင်ရွက်သည်မောင်မှိုင်း ဝတ္ထုစသည်တို့ကို ဝေဖန်စာများ၊ ရှေးမြန်မာကျေးလက်နှင့်မိသားစု လူမှုဘဝ စသည့်ကြောင်းရပ်ဖြာဖြာနှင့် စပ်လျဉ်းရေးသားခဲ့သည်။

အထူးသဖြင့် ပထမခေတ်သစ်မြန်မာအမျိုးသမီးစာရေးဆရာ မအေးခင်၏ ချစ်ရိုးအမှန် ဝတ္ထု (၁၉၀၉) သုံးသပ်ချက်မှာ ၁၉၁၇ က ရေးသည်ဖြစ်၍ မြန်မာကာလပေါ်ဝတ္ထုကို အစောပိုင်းဝေဖန်စာတပုဒ်အဖြစ်ရော မည်သူမှ မတွေ့ဘူးတော့သလောက်ရှိသည့် မအေးခင်ဝတ္ထုအကြောင်းလေ့လာရာတွင်ပါ အသုံးဝင်လှသည်။ သူကဲ့သို့ ခေတ်ပေါ်မြန်မာစာပေကို စိတ်ဝင်တစား ဝေဖန်ချက်ရေး သူ ဟူ၍ ၁၉၁၀ကျော်က အိုင်စီအက်စ် ဂျေအေစတီးဝပ် (နောင် လန်ဒန်တက္ကသိုလ် ပထမဆုံး မြန်မာဘာသာပါမောက္ခနှင့် အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ် (အရှေ့တောင်အာရှနှင့် ကျွန်းစုများ) ဌာနမှူး လောက်သာ ရှိပါသည်။

ဒေါက်တာဘဟန်သည် သုတေသနတန်ဖိုးကိုသိသူဖြစ်ရုံမက ပညာနှင့်ယှဉ်သော မျိုးချစ်စိတ်လည်း ရှိသည်။ ပါမောက္ခလုစ်၏ “မြန်မာအစ ကျောက်ဆည်က” ဟု လူသိများသည့် စာတမ်းကို တယူသန်နိုင်ငံရေးသမားနှင့် ပညာရှင်များ ကန့်ကွက်သည့်ကြားက ကိုယ်စားဖတ်ပေးခဲ့သလို မြန်မာတို့အပေါ် တဖက်သတ်နှိမ့်ချရေးသားသည့် ရာဇဝင်ဆရာ ဟာဗေး (အိုင်စီအက်စ်)အား ၁၉၃၀ တဝိုက်တွင် ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့နှင်းမည့်အကြံကို ဘိလပ်ပြန်မင်းတိုင်ပင်အမတ် ဦးစိုးညွန့် (ပထမဆုံး အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်) နှင့်အတူ ဦးဆောင်ကန့်ကွက်ခဲ့သဖြင့် အကြံပျက်သွားခဲ့ဖူးသည်။

စာတော်ပြန်ရုံးတွင် မျက်နှာဖြူအရာရှိတို့၏ မတရားဖိနှိပ်မှုကို မခံလိုသဖြင့် ဥရောပသွားကာ ပါရဂူဘွဲ့ယူပြီး ပြန်အလာတွင် ဝတ်လုံလိုက်ကာ အသက်မွေးခဲ့သည်။

အစိုးရလက်အောက်သို့ ၁၉၆၂ မှ ကျရောက်သည့် သီးခြားလွတ်လပ်သော ရန်ကုန်တက္ကသိုလ်၏ ဥပဒေဌာနတွင် မဟာဌာနမှူး ဖြစ်သည်အထိ အနှစ် ၂၀ကျော် ထမ်းရွက်ခဲ့သည်။ ဆရာစံသူပုန်အပြီး စုစုပေါင်း လယ်သမား ၁၀၂ ယောက်ကို “နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု”နှင့်တရားစွဲသောအခါတွင်လည်း တရားခံများဘက်က ဂဠုန်ဦးစော၊ သာယာဝတီ ဦးပု စသည့် တခြားနိုင်ငံရေးသမားရှေ့နေများနှင့်အတူ ဒေါက်တာဘမော်နှင့် ဒေါက်တာဘဟန်တို့ ညီအစ်ကိုလိုက်ပါ လျှောက်လဲ ပေးကြသည်။

ဂျပန်ခေတ်က ညီဖြစ်သူ အထွဋ်အထိပ်ရောက်စဉ်ကလည်း ဘာရာထူးမှ မယူဘဲ ကမ္ဘာနှင့်မြန်မာ ယဉ်ကျေးမှုပေါင်းကူးစည်ပင်ရေး အတွက် ဖွဲ့သော ပြင်သစ်အကယ်ဒမီပုံစံ ပညာတံခွန်အသင်း ဥက္ကဋ္ဌသာ လုပ်ခဲ့ပြီး စွယ်စုံကျမ်းနှင့် မြန်မာအဘိဓာန် စတင်ပြုစုရေး အတွက် လမ်းဖောက်ပေးခဲ့ကာ ဂျပန်ခေတ် အတွေ့အကြုံကို The Planned State တွင် မှတ်တမ်းတင်ခဲ့သည်။

သန့်ရှင်း-တည်မြဲ အကွဲတွင် ကြားက ဝင်ညှိပေးခဲ့သော်လည်း တရားရေးဝန်ကြီးဒေါက်တာဧမောင် အခြေခံဥပဒေကို လိုရာဆွဲသုံးပြီး ဦးနု၏ ယိုင်လုလုသန့်ရှင်းအစိုးရပြုတ်မကျအောင် ဘတ်ဂျက်ကို သမ္မတအမိန့်နှင့် အတည်ပြုခိုင်းသော ပညာရှင်မဆန်သည့် အကြံမျိုး ပေးသကဲ့သို့ အလိုတော်ရိနည်းမျိုးနှင့် ပညာဈေးမချခဲ့ပါ။
(၃)

အိန္ဒိယအင်ပါယာတွင်းက ကျေးတော်မျိုး ကျွန်တော်မျိုးပြည်နယ်တခုကနေပြီး ဥရောပက ပါရဂူဘွဲ့ယူပြခဲ့သည့် သူတို့ညီအစ်ကို စံနမူကြောင့် ဒေါက်တာထင်အောင်၊ ဒေါက်တာလှဘူး၊ ဒေါက်တာတန်ဘလှီ၊ ဒေါက်တာမောင်သိန်း စသည့် စစ်ကြိုခေတ်မြန်မာ ပါရဂူများ၊ ဒေါက်တာဘမော် နန်းရင်းဝန်ဘဝက လွှတ်သည့် ဒေါက်တာလှဘေ၊ ဒေါက်တာလှမြင့်၊ ဒေါက်တာမောင်မောင်ခ စသည့် စစ်တွင်း ဘိလပ်ပါရဂူများ၊ စစ်ပြီး ဖဆပလနှင့် မဆလ လက်ထက် အနောက်နှင့် အရှေ့အုပ်စုတွင် ဒါဇင်နှင့်ချီပြီး ပါရဂူဘွဲ့ယူသူများ၊ အရးအခင်းနောက်ပိုင်း အတိုက်အခံနှင့် အစိုးရတို့က အသီးသီးအသကလွှတ်သော နိုင်ငံစုံနှင့် ပြည်တွင်းဖြစ် ရာနှင့်ချီသော ပါရဂူ များ စသည်ဖြင့် မြန်မာပါရဂူရေစီးမှာ ၈၅ နှစ်ကျော် ရှည်ကြာခဲ့လေပြီ။ ၁၉၅၀ ၌ ပထမဆုံးမြန်မာအမျိုးသမီး ပါရဂူ အဖြစ် ပထဝီဝင် ပညာတွင် ဒေါ်သင်းကြည်က အမေရိကန်မှဆွတ်ခူးသည်။ ဒေါက်တာဘဟန်ချွေးမ မြန်မာ ခရစ်ယာန် ကလျာဏယုဝတီ အသင်း ဒု ဥက္ကဋ္ဌဟောင်း အမ္မာဘရုပ်ညွန့်ဟန် ခေါ် ဒေါ်အေးသန့်သည်လည်း အမေရိကတွင် လူမှုဝန်ထမ်းပါရဂူဘွဲ့ ယူခဲ့သည်။

သူကွယ်လွန်ချိန်က“ဒေါက်တာဘဟန်သည် မြင့်မြတ်တော်ဖြောင့်သော လမ်းစဉ်ကို ကျင့်သုံးပြီး မတုန်လှုပ်သော သမာဓိဂုဏ်နှင့် ပြည့်စုံသည်”ဟု သူ့နေရာ ဥပဒေမဟာဌာနမှူး တာဝန်ကို ဆက်ခံသော လွှတ်တော်ချုပ် တရားဝန်ကြီးဟောင်း ဦးကျော်မြင့် (အာဇာနည်လုပ်ကြံမှု ခုံရုံး တရားသူကြီး)က ချီးကျူးခဲ့ပါသည်။

မှန်ပါသည်။ ဒေါက်တာကြီးသည် ကွယ်လွန်ခါနီးတွင် သမီးရေးမြေးရေးမပြေလည်သည်အထိ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီး ငြိုငြင်ခံခဲ့ရသော်လည်း တချို့တချို့သော ပါရဂူ လူတတ်တို့ကဲ့သို့ စစ်အစိုးရစိတ်ကြိုက် တက္ကသိုလ်မဟာဌာနများ၏ စုစည်း ညီညွတ်မှုကို သီးခြားတက္ကသိုလ်များအဖြစ်ခွဲခြားပစ်သော၊ ပညာရပ်စာအုပ်သစ်များကို အလျဉ်မီ ဘာသာပြန်နိုင်သည့် လူအင်အား မရှိဘဲ မြန်မာဘာသာကို သင်ကြားရေးမဏ္ဍိုင် လုပ်ခိုင်းသော စသည့် ပညာရေးရာဇဝတ်မှုများဖြင့် မျိုးဆက်သစ်များကို အညွန့်ကျိုး အောင်လုပ်ပြီး ကျွန်ခေတ်တွင် လူရာဝင်အောင် ကြိုးပမ်းအားထုတ်မှုမျိုး ဘယ်ခေတ်တွင်မှ မလုပ်ခဲ့ဘဲ ပညာရေးနှင့်ဘာသာရေးတို့ တွင်သာ သက်ဆုံးတိုင် မြှုပ်နှံသွားသော ပညာရှိသူတော်ကောင်းတဦးဖြစ်ပါသည်။

ထို့ထက် မြန်မာစာပေနှင့် လူမှုဓလေ့ကို မြတ်နိုးလိုက်စားသော၊ ပေမီဒေါက်မီ အဘိဓာန်ကျမ်းပြု မြန်မာ့ရေးရာကျွမ်းကျင်သူ ပါရဂူ စစ်စစ် ဟု ဂုဏ်ပုဒ် တပ်လောက်သောသူလည်း အဟုတ်ဖြစ်ပါ၏။

စာကိုး
မောင်ဇေယျာ။  ။ အင်္ဂလိပ်-မြန်မာအဘိဓာန်ကျမ်းပြု ဥပဒေပညာရှင် (ဒေါက်တာဘဟန်)၊
ကမ္ဘာသိမြန်မာများနှင့် ကမ္ဘာသိမြန်မာ စာအုပ်များ၊ ယူနတီစာပေ၊ ၂၀၀၇ နိုဝင်ဘာ၊ ရန်ကုန်။
(ပြီးခဲ့သည့် ဇန်န၀ါရီလ ၃၀ ရက်နေ့က ကျရောက်သော ဒေါက်တာ ဘဟန်၏ နှစ် ၁၂၀ မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဤဆောင်းပါးကို ဂုဏ်ပြု ဖော်ပြပါသည်။)
ဧရာဝတီ.


မျိုးဆက်သစ်လူငယ်များအတွက် “သုခအလင်း” စာကြည့်တိုက်။

“မွေးဖွားခြင်းနှင့် သေဆုံးခြင်း” စကားအရ “ဖြစ်လျှင်ပျက်မည်” ဖြစ်သော်ငြားလည်း ဖြစ်ချင်းပျက်ချင်းတို့သည် ရုပ်ဝတ္ထုတို့နှင့်သာ သက်ဆိုင်သည်။ စိတ်သတ္တိ နှင့် မသက်ဆိုင်ချေ။
ခိုင်မာသော စိတ်ဓာတ်နှင့် ရဲရင့်သော ခံယူချက်တို့ကို မည်သည့်အရာကမှ မဖျက်ဆီးနိုင်ချေ။
ဖြစ်ခြင်းနှင့် ပျက်ခြင်းကြားကာလ . . . ။

မွေးဖွားခြင်းနှင့် သေဆုံးခြင်း ကြား...ကာလ၌ အများအတွက် အကျိုးပြုမည့်၊ အကျိုးရှိမည့် အရာများကို ဖန်တီးတည်ဆောက်ပေးရမည့် တာဝန်မှာ ကျွန်တော်တို့ လူမှုရေးသမားများ၏ တာဝန်ဖြစ်သည်။

ကျွန်တော်တို့သည် ဘဘဦးသုခ ရည်မှန်းမျှော်လင့် မျိုးဆက်ချပေးခဲ့သော နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဖွဲ့စည်းတည်ထောင်၍ ပြည်သူလူထုတို့ကို ပံ့ပိုးကူညီခဲ့ရာမှ “သုခကုသိုလ်ဖြစ်ဆေးခန်း” ဟူသော အခမဲ့ဆေးဝါးကုသပေးသော ကုသိုလ်ကို ရယူခဲ့ပြီးဖြစ်ပါသည်။ ယခုတစ်ဖန် . . . “သုခအလင်း” စာကြည့်တိုက်ဟူ၍ မျိုးဆက်သစ်လူငယ်များအတွက် ရည်သန်လျှက် မွေးဖွားခဲ့ပြန်ပါသည်။ကျွန်တော်တို့သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ခိုင်မာသော ဆုံးဖြတ်ချက်၊ ရဲရင့်သော ခံယူချက်များ ဖြစ်သော 
“ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ . . . ၊ ယင်းမှောင်မိုက်အတွင်းမှနေ၍ အရှုံမပေးသော ငါ့စိတ်ကို ဖန်ဆင်းပေးသူ နတ်၊ သိကြားကို ငါသည် ကျေးဇူးစကားဆိုပါ၏။ လောကဓံတရား၏ လက်ခုပ်အတွင်းသို့ ဘယ်လိုပင်ကျရောက်စေကာမူ ငါကား မတုန်မလှုပ်၊ မငိုကြွေး။ လောကဓံတရား၏ ရိုက်ပိုက်ခြင်း ဒဏ်ချက်ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏၊ သို့သော် ညွတ်ကားမညွတ်။

လောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်နေ၏။ သို့ပင်မူ ငါ့အားမတုန်လှုပ်သည်ကိုသာ တွေ့ရပေအံ့။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရပေအံ့။” . . . ဟူသောစကားလုံးများသည် ကျွန်တော်တို့အတွက် ခိုင်မာရဲရင့်သော အားဆေးများပင်ဖြစ်တော့သည်။
ဗိုလ်ချုပ်ရဲ့ အားဆေးများနှင့် ဘဘဦးသုခရဲ့အမွေ (လူမှုရေး၊ ဘာသာရေး) ကိုထပ်မံတိုးပွားမှုပြုခဲ့သော ဤ”သုခအလင်း” စာကြည့်တိုက်ကို ဗိုလ်ချုပ်ရဲ့မွေးနေ့ဖြစ်သော ၁၃.၂.၂၀၁၀ ရက်နေ့တွင် မျိုးဆက်သစ်လူငယ်များအတွက် ရည်သန်လျက် နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ရှိရာ နေရာဌာန၌ မွေးဖွားခဲ့ပြီဖြစ်ပါသည်။

ကျွန်တော်တို့သည် မျိုးဆက်သစ်လူငယ်များအတွက် ရည်သန်၍ ဘဘဦးသုခမျိုးစေ့ချပေးသော လူမှုရေးစိတ်ဓာတ်နှင့် ဖြစ်ပေါ်လာမည့်၊ ဖြစ်ပေါ်လတ္တံ့၊ ဖြစ်ပေါ်နေဆဲ အတိုက်အခိုက်၊ အနှောက်အယှက်၊ အဖျက်အဆီး၊ အတားအဆီးမှန်သမျှကို ကျွန်တော်တို့၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ရဲရဲတော်စကားလုံးများကို လက်ခံကျင့်သုံးကာ ကျွန်တော်တို့၏ ဘဝပန်းတိုင်၊ ပြည်သူတို့၏ ငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်အောင် ဤ”သုခအလင်း”နေရာဌာနမှ မလျော့သောဇွဲနှင့် လက်တွဲမဖြုတ် ချီတက်ကြပါမည်ဟု သန္နိဌာန်ချလိုက်ပါသည်။

“သုခအလင်း” အဓွန့်ရှည်ရေး၊ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကျွန်တော်တို့၏ စိတ်ဓာတ်၊ ခံယူချက်တို့ ခိုင်မာရဲရင့်ဖို့ လိုအပ်ပါသည်။
ဘဘဦးသုခနှင့် ဖခင်ဗိုလ်ချုပ်အောင်ဆန်းတို့ ရောက်ရာမြင့်မြတ်သော ဘုံဌာနအသီးအသီးမှ သာဓု . . သာဓု . . .သာဓု . . ခေါ်ဆိုပါလေတော့ . ..

ကျော်သူ။
BURMA (The Power of People) http://www.niknayman-niknayman.co.cc/2010/02/blog-post_5666.html

Thursday, February 11, 2010

ဒီနစ် ဟော လိဝုဒ် ( Hollywood) အကယ်ဒမီဆုပေးပွဲမှာ တစ်ပြေးနေတဲ့ Burma VJ မှတ်တမ်းကား အပြည့်အစုံ

ဒီနှစ် ဟောလီးဝုဒ်မှာ အကယ်ဒမီဆုရဖို့  Burma VJ တစ်ပြေးနေပြီ။
ဒီမှတ်တမ်းကား အစ အဆုံးကို အကြောင်းအမျိုးမျိုးကြောင့် မကြည့်ရသေးသူတွေ အတွက် ကြည့်လို့ရတဲ့ လင့်ခ့် ကို ရှာပေး လိုက်ပါတယ်။
ဘုရားသားတော်တွေက ဒုက္ခရောက် မြန်မာပြည်သူပြည်သားတွေကို မေတ္တာပို့ ဆုတောင်း ပေးခဲ့ကြ တာ၊ ပြည်သူပြည်သားတွေ က လက်အုပ်ချီ ဦးခိုက်ပြီး ဘုရားသားတော်တွေ မေတ္တာပို့ ဆုတောင်းတာကို ဝမ်းသာကြတာ တွေကို တကမ္ဘာလုံး က ယနေ့ထက်တိုင် မမေ့ရက်နိုင်ကြသေးပါဘူး။
သန်းရွှေဦးဆောင်တဲ့ ဘာသာမဲ့ နအဖ တို့ လုံထိမ်း တွေ စစ်တပ်တွေ ကြံ့ဖွတ်တွေ နဲ့ ဘုရားသားတော်တွေ ပြည်သူလူထုတွေ ကို ရက်ရက်စက်စက် လူမြင်ကွင်းမှာ ရိုက်နှက်တာတွေ ၊သံဃာတော်တွေ သတင်းသုံးတဲ့ ကျောင်းတိုက်တွေကို သူပုန်စခမ်းလို ဝင်စီးခဲ့ကြတာ၊ ကျောင်းတိုက်တွေကို ဖျက်စီးခဲ့ကြတာ၊ ဝင်စီးပြီး ဘုရားသားတော်တွေကို ရိုက်နှက်ဖမ်းဆီး ခဲ့ကြတာတွေ၊ ဘုရားသားတော်တပါးဒဏ်ရာတွေ နဲ့ ရေထဲမှာ မှောက်လျှက် ပျံလွန်တော်မူနေတဲ့သတင်းဓါတ်ပုံ၊ သတင်းယူနေတဲ့ ဂျပန်သတင်းထောက် လမ်းပေါ်မှာ ကင်မရာကိုင်သတင်းယူရင်း အနီးကပ်ပစ် သတ်ခံခဲ့ရတာ၊ စတာတွေဟာ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ သမိုင်း အတွက် အလွန်အရေးပါတဲ့ သမိုင်းအထောက်အထားများကို ကမ္ဘာတလွှားက ဘာသာခြားများကပါ အံ့ဩတုန်လှုပ်ခဲ့ ကြရပါတယ်။
Burma VJ ဟာ ဒီမိုကရက်တစ်မြန်မာ့အသံ ပြည်တွင်းသတင်းထောက်တွေက အသက်စွန့် ရိုက် ကူးထားတဲ့ မှတ်တမ်းတင်ကား ဖြစ်ပါတယ်။
မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ကွယ်ပျောက်ပြီး ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့ ။
မမေ့မလျှော့မပေါ့သော သူများဖြစ်ကြပါစေ။ ဗုဒ္ဓသာသနာ နေရောင်လရောင် ထွန်းလင်းပါစေ။
ဇော်ဝင်း (နယူးရော်ခ့်)
















Tuesday, February 9, 2010

Lightning Talk သို့ ဖိတ်ခေါ်ခြင်း

နေ့ရက် ။ ။ ယခုလ ၁၃ ရက်နေ့ (စနေနေ့)
နေရာ ။ ။ Myanmar Info-Park (Room 205)
အချိန် ။ ။ နံနက် (၈)နာရီခွဲ မှ နေ့လည် (၃)နာရီအထိ

အစီအစဉ် အသေးစိတ်...

နံနက် (၈)နာရီခွဲမှ (၉)နာရီခွဲ ။ ။ Introduction to Opensource

Opensource ဆိုသည်မှာအဘယ်နည်း။ Opensource ၏ အကျိုးအပြစ်များ။ Opensource ၏ ရည်ရွယ်ချက်။ Opensource Business Model စသည်တို့အား ၀ါရင့် Opensource ကျွမ်းကျင်ပညာရှင်တစ်ဦးမှ ဟောပြောမည်ဖြစ်ပါသည်။

ရည်ရွယ်ချက်မှာ Opensource နှင့် ရင်းနှီးချင်းမရှိသည့် လူငယ်များ၊ Opensource နှင့်ပက်သက်ပြီး ရှိနေသည့် ၀ိရောဓိများအား ရှင်းလင်းစေရန်၊ Opensource ၏ တန်ဖိုးအမှန်ကို သိရှိစေရန်တို့ ဖြစ်ပါသည်။

နံနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲ ။ ။ Demonstration

Ubuntu Linux OS အား USB Flash Drive တစ်ခုမှ လက်တွေ့ Boot လုပ်ပြခြင်း၊ နေ့စဉ် ကွန်ပြူတာအသုံးပြုမှုအား Linux ဖြင့်လည်း ၁၀၀% ဆောင်ရွက်နိုင်ကြောင်း လက်တွေ့ပြသခြင်းနှင့် အခြား စိတ်ဝင်စားဖွယ်များကို လက်တွေ့ ပြသမည်ဖြစ်ပါသည်။

နံနက် (၁၀)နာရီခွဲမှ (၁၁)နာရီ ။ ။ Short Break

နေ့လည် (၁၁)နာရီမှ (၁၂)နာရီ ။ ။ Lightning Talk

တက်ရောက်လာသည့်သူများမှ Opensource နှင့်ပက်သက်သည့် မိမိတို့၏အမြင်များ၊ အတွေ့အကြုံများကို ပြောဆို ဖလှယ်ကြမည့်အစီအစဉ်ဖြစ်ပါသည်။ ပထမပိုင်းတွင်းပြောကြားသွားသည့် Opensource အကြောင်းနှင့်၊ ပြသခဲ့သည့် လက်တွေ့လုပ်ဆောင်ချက်များအပေါ် အမြင်များကိုလည်း ထပ်ဆင့် ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။ ဤ Lightning Talk အစီအစဉ်တွင်း တစ်ဦးလျှင် (5-10) မိနစ်ခန့် ပြောဆိုရန် အခွင့်အရေးရမည်ဖြစ်ပြီး ပြောဆိုလိုသူများ၊ အကြောင်းအရာခေါင်းစဉ်နှင့်အတူ ဤနေရာတွင် စာရင်းပေးနိုင်ပါသည်။

နေ့လည် (၁၂)နာရီမှ (၁)နာရီ ။ ။ Hang On Session

တက်ရောက်လာသူများ စမ်းသပ်အသုံးပြုနိုင်စေရန် အသင့် Install လုပ်ထားသည့် Linux PC များ ထားရှိပေးမည်ဖြစ်ပြီး လက်တွေ့စမ်းသပ် အသုံးပြုနိုင်မည်ဖြစ်သည်။ ဤအချိန်တွင် ရှိလာသည့် အခက်အခဲများကိုလည်း အတူတကွ ၀ိုင်းဝန်းဖြေရှင်းကြမည်ဖြစ်ပါသည်။

နေ့လည် (၁)နာရီ မှ (၂)နာရီ ။ ။ Open Discussion

တက်ရောက်လာသူများမှ မိမိတို့၏ အမြင်များကို Member Gathering မှာကဲ့သို့ပင် လွပ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်မည့် အချိန်ဖြစ်ပါသည်။

နေ့လည် (၂)နာရီ မှ (၃)နာရီ ။ ။ Forum

အနာဂတ်တွင် အချိန်မှန် (ဥပမာ။ ။ လေးလတစ်ကြိမ်) ကျင်းပမည့် Event များတွင် ပါဝင်ကူညီလိုသူများမှ၊ ရှေ့တွင် ဆောင်ရွက်မည့် အစီအစဉ်များ၊ နောက်ပိုင်းတွင် ဆက်လုပ်ပြုလုပ်သင့်သည့် Event များကို တိုင်ပင်ဆွေးနွေးပြီး နောင်တွင် ဤကဲ့သို့သော Event များကို စဉ်ဆက်မပြတ် ပြုလုပ်သွားမည်ဖြစ်ပါသည်။

အခြား အချက်အလက်များ။

၁.) မုန့်ကျွေးပါမည်။
၂.) MITP T-Shirt ပေးပါမည်။
၃.) ကို Jake မှာ Ubuntu တံဆိပ် ရိုက်နှိပ်ထားသည့် ဘောပင် များနှင့် စတေကာများ ဝေငှပါမည်။
၎.) ကို Jake မှပင် Demonstration တွင် ပြသထားသည့် Ubuntu Linux Install လုပ်ထားသည့် USB Flash ကို မဲဖောက်ပေးမည် ဖြစ်ပါသည်။
၅.) MITP မှ ကြီးမှုးကျင်းပသည့် Event ဖြစ်ပါသည်။

တက်ရောက်မည့် လူအင်အား ခန့်မှန်းလိုပါသဖြင့် တက်ရောက်မည့်သူများ ဤနေရာတွင် စာရင်းပေးကြရန် မေတ္တာရပ်ခံပါသည်။

Lightning Talk အစီအစဉ်တွင် ပြောဆိုလိုသူ အမည်နှင့် ပြောဆိုလိုသည့် ခေါင်းစဉ်များကိုလည်း ကြိုတင် အသိပေးကြစေလိုပါသည်။
ကိုမျိုးချစ်မြန်မာမှ ဖြန့်ဝေပါသည်။

လှူဒါန်းနိုင်ပါသည်။

Khuthodaw Rice Donation Leaflet

Monday, February 8, 2010

Television and Politics, Sphere of Influence

Television and Politics ရုပ်သံနှင့် နိုင်ငံရေး
မောင်ဝံသ ။ ။ဘီဘီစီသည် ၁၉၃၆ တွင် လန်ဒန်ဒေသတစ်ဝိုက်အတွက် ရုပ်မြင်သံကြား စတင်လွှင့်ထုတ်ခဲ့သည်။ အလက်ဇန်ဒရာနန်းတော်မှ ၂ နိုဝင်ဘာတွင် စတင်လွှင့်ထုတ်ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ တယ်လီဗေးရှင်းခေါ် ရုပ်မြင်သံကြားတို့သည် လူတို့၏ ဘ၀များအပေါ် တစ်စတစ်စလွှမ်းမိုးလာခဲ့ရာ နိုင်ငံရေးဘ၀များသည်လည်း ရုပ်သံနှင့် ဆက်စပ်လာခဲ့သည်။ နိုင်ငံရေးသမားများသည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသကဲ့သို့ ဖြစ်လာသည်။ ဟာရိုးလ်မက်က မီလန်(ဗြိတိသျှဝန်ကြီးချုပ် ၁၉၅၇-၆၃)၊ ချားလ်ဒီဂေါ (ပြင်သစ်သမ္မတ ၁၉၅၈-၆၈) နှင့် ဂျွန်အက်ဖ်ကနေဒီ (အမေရိကန်သမ္မတ ၁၉၆၀-၆၃) တို့သည် ရုပ်မြင်သံကြားခေတ်၏ အကျိုးထူးကို ခံစားခဲ့ရသူများဖြစ်သည်ဟု မှတ်တမ်းတင်ခံခဲ့ရသည်။ ၁၉၆၀ သမ္မတရွေးကောက်ပွဲတွင် ကနေဒီသည် နစ်ဆင်ကို မဲအနည်းငယ်မျှအသာဖြင့် အနိုင်ရခဲ့ခြင်းမှာ ရုပ်သံတွင် နှစ်ဦးသားယှဉ်၍ စကားပြောကြရာ၌ ကနေဒီ၏ရုပ်သွင်သဏ္ဌာန်က နစ်ဆင်ထက် သာလွန်ဆွဲဆောင်မှုရှိသည်ကို ပရိသတ်များ မြင်တွေ့သွားကြ၍ဖြစ်သည်ဟု အဆိုရှိသည်။ ရုပ်သံမီဒီယာသည် တစ်နှစ်ပြီးတစ်နှစ် တိုးတက်ဖွံ့ဖြိုးလာခဲ့ရာ ကမ္ဘာတစ်ခွင်မှ ဖြစ်ရပ်များကို မိမိအိမ်ထဲတွင်ထိုင်နေရင်း မျက်ဝါးထင်ထင် တွေ့လာကြရသည်။ ထိုအခါ နိုင်ငံရေးသည် အလွန်နယ်ကျဉ်းသွားသည်။ ပြည်သူအများကို လှည့်ဖြားရန်ခဲယဉ်းသော အနေအထားသို့ ဆိုက်ရောက်သွားသည်။ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံ မျှော်စင်ညီနောင်ကို အကြမ်းဖက်သမားတို့က လေယာဉ်ဖြင့် ၀င်တိုက်ဖြိုဖျက်ခဲ့ပုံကို နိုင်ငံတကာရှိ လူထုပရိသတ်များက ဖြစ်စဉ်ဖြစ်နေချိန်မှာပင် စောင့်ကြည့်နိုင်ခဲ့ကြသည်။

Sphere of Influence သြဇာနယ်ပယ်
SOI ဟူ၍လည်း အတိုကောက်ခေါ်ဝေါ်သည်။ နိုင်ငံတကာဆက်ဆံရေးတွင် နယ်မြေတစ်ခု သို့တည်းမဟုတ် ဒေသကြီးတစ်ခုအပေါ် နိုင်ငံတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ယဉ်ကျေးမှု၊ စီးပွားရေး၊ စစ်ရေး သို့မဟုတ် နိုင်ငံရေးအရ သြဇာလွှမ်းမိုးခြင်းကို ဆိုလိုသည်။ သြဇာခံနိုင်ငံသည် ဂြိုဟ်ရန်နိုင်ငံ (a satellite sate) သို့မဟုတ် လက်တွေ့သဘောအရ ကိုလိုနီတစ်ခု (de facto colony) အဖြစ်သို့ ရောက်ရှိသွားသည်။ သြဇာနယ်ပယ်ထူထောင်ခြင်းကို စူပါပါဝါခေါ် အင်အားလွန်နိုင်ငံများ၊ အင်အားကြီးနိုင်ငံများနှင့် အလယ်အလတ် အင်အားရှင်နိုင်ငံများက ပြုလုပ်ကြသည်။ ထင်ရှားသော ဥပမာတစ်ခုမှာ ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် စစ်အတွင်းတွင် ဂျပန်အစိုးရသည် ကိုရီးယား၊ မန်ချူးရီးယား၊ ဗီယက်နမ်နှင့် တရုပ်ပြည်နယ်မြေအချို့ကို ချုပ်ကိုင်ထားပြီး သြဇာခံနယ်ပယ်ကြီး ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင်မူ အင်အားကြီးနိုင်ငံများ စစ်အေးတိုက်ပွဲ ဆင်နွှဲကြရာ၌ သြဇာနယ်ပယ်များ ထူထောင်ခဲ့ကြရာ အမေရိကန်သည် အနောက်ကမ္ဘာခြမ်း (western hemisphere) တွင်လည်းကောင်း၊ ဆိုဗီယက်တို့သည် အရှေ့ဥရောပတွင်လည်းကောင်း သြဇာလွှမ်းခဲ့ကြသည်။

(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၆ အမှတ် ၅ နှင့် အတွဲ ၅ အမှတ် ၄၇ တို့တွင်ပါရှိသည့် ကမ္ဘာ့နိုင်ငံရေး ဝေါဟာရအဘိဓာန် မှ ပြန်လည်ထုတ်နုတ်ကူးယူဖော်ပြပါသည်)

မြန်မာ့သွေး http://myanmarthway.co.cc/

မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာပို့

Sunday, February 7, 2010

" ဟာသသရုပ်ဆောင် ဦးဂျော်လီဆွေ " အသက် (၈၀) တွင် ကွယ်လွန်အနိစ္စရောက်သည်။

ဟာသသရုပ်ဆောင် ဦးဂျော်လီဆွေ ဟာ ဒီနေ့ Feb 5th မှာ ကွယ်လွန်သွားခဲ့ပါတယ်
Feb 6th မှာ အသုဘ အခမ်းအနားကို နာရေးကူညီမှု အသင်းက ဦးဆောင်စီစဉ်ခဲ့ပါတယ်
အခမ်းအနားကို ဦးဂျော်လီဆွေ ၏ မိသားစု နဲ့ ရုပ်ရှင်လောကမှ မိတ်ဆွေအနည်းငယ်သာ တက်ရောက်ခဲ့ကြပြီး အများစုကအဲ့ဒိနေ့ည နေပြည်တော်မှာကျင်းပမယ့် အကယ်ဒမီ ဆုပေးပွဲကိုရောက်ရှိနေကြတာ မို့ သရုပ်ဆောင်တော်တော်များများကိုမတွေ့ခဲ့ရပေမယ့်
ဆင်းရဲတဲ့ပြည်သူတွေဘက်က ရပ်တည်ပေးခဲ့လို့ အကယ်ဒမီ ပွဲ မှာ ဖိတ်ကြားခြင်းမခံခဲ့ရသူ ရုပ်ရှင်လောက မှ ရွံရှာစွန့်ပါယ်ခြင်းခံထားရတဲ့ ပြည်သူ့အချစ်တော် မင်းသား ကိုကျော်သူ ကိုတော့ မရွံမရှာ ကိုယ်တိုင် အခေါင်းထမ်းနေတာ တွေ့မြင်ရမှာဖြစ်ပါတယ်။

ဘဘ ဦးဂျော်လီဆွေ ကောင်းရာသုဂတိ လားပါစေ


မျိုးချစ်မြန်မာ

Friday, February 5, 2010

ဆရာဖေမြင့်စာအုပ်များကို ဖတ်စေလိုပါသည်။

(နာရေးကူညီမှု) တွင် အယူသီးမှု၊ အရိုးစွဲမှု၊ အမှားကို လက်ခံနေမှုများကို တိုက်ဖျက်ကြသော သူရဲကောင်း လူပုဂ္ဂိုလ်များ

နံပါတ် (၁) ကိုချိုသန်း + မမိုးစန္ဒာ


မြောက်ဥက္ကလာပ မြို့နယ် ခန်းမတွင် မင်္ဂလာ အခန်းအနား ပြုလုပ်ပြီး ချိန်တွင် သူတို့၏ ရဲရဲတောက် တောင်းဆိုချက်ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နာရေး လမ်းကြောင်းတွင် မင်္ဂလာဝတ်စုံနှင့် တကွ မင်္ဂလာ ရှိစွာဖြင့် ကုသိုလ် ယူခဲ့သည်။
နေ့ရက် ။ ။ ၉ - ၁၂ - ၂၀၀၆ ခုနှစ်
နေရာ ။ ။ မြောက်ဥက္ကလာပ ခန်းမ
ကုသိုလ်ယူသည့် လမ်းကြောင်း ။ ။ တောင်ဒဂုံ မြို့နယ်မှ ထားဝယ်ချောင် သုဿန် ၊ မြောက်ဒဂုံမြို့နယ်မှ ထားဝယ်ချောင် သုဿန်သို့
------------------------------------------------------------
နံပါတ် (၂) မောင်ပြည့်ဖြိုးအောင် + မနှင်းနွယ်ဝင့်
မင်္ဂလာ နေ့ရက် ။ ။ ၆ - ၁ - ၂၀၀၇ ခုနှစ်
သူတို့၏ မင်္ဂလာ နေ့ရက်၊ မင်္ဂလာရှိသော အချိန်၊ မင်္ဂလာရှိသော နေရာ ဆီဒိုးနား ဟိုတယ်ကြီးတွင် ကျင်းပသော သူတို့ မင်္ဂလာဆောင်၏ ဖိတ်စာထဲတွင် လက်ဖွဲ့မည့် ချီးမြှင့် ထောက်ပံ့မှုများကို လူမှုရေး အသင်း (၁၁) သင်းအား မိမိတို့ စိတ်ကြိုက် နှစ်သက်ရာ အသင်းအဖွဲ့သို့ လှူဒါန်း ပေးပါရန် ဟူ၍ ပုံနှိပ်ကာ အစွဲအလန်း ထုံးစံများကို တိုက်ဖျက်၍ အယူသီးမှု တိုက်ဖျက်ရေး မှတ်တိုင်ကို ထူခဲ့ပါသည်။ ယင်း အခမ်းအနားတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် အလှူငွေ (၁၀) သိန်းနီးပါး ရရှိခဲ့ပါသည်။ (မှတ်တမ်း ဓာတ်ပုံနှင့် နဂ္ဂတစ် ဖလင်များသည် နာဂစ် မုန်တိုင်း ဒဏ်ကြောင့် အသင်း အဆောက်အဦး ပျက်စီးမှုနှင့်အတူ ပါသွားပါ၍ ခွင့်လွှတ်ပါရန်။)
--------------------------------------------------
နံပါတ် (၃) ကိုသိန်းဇော် + မသန်းသန်းအေး
သူတို့ လင်မယား သည်လည်း ရဲရဲတောက် လူမှုရေးသမားများပင် ဖြစ်တော့သည်။ သူတို့ သည်လည်း ရေဝေး သုဿန် အနားရှိ နေအိမ်တွင် မင်္ဂလာပွဲကိုလုပ်၍ မင်္ဂလာရက်မြတ်တွင် နာရေး ကူညီမှု အသင်း (ရန်ကုန်) ၏ လမ်းကြောင်းကို လိုက်လံ ကုသိုလ်ယူ လုပ်အား ပေးခဲ့ကြသည်။
နေ့ရက် ။ ။ ၂၈ - ၂ - ၂၀၀၈ ခုနှစ်
နေရာ ။ ။ ရေဝေး သုဿန် အနီးရှိ နေအိမ်
ကုသိုလ်ယူသည့် လမ်းကြောင်း ။ ။ တောင်ဒဂုံမြို့နယ်မှ ကြည်စု သုဿန်၊ သုဝဏ္ဏမှ ရေဝေးသုဿန် (အအေးခန်း)

ကိုသိန်းဇော် + မသန်းသန်းအေး
----------------------------------------------------------------------
နံပါတ် (၄) ကိုဖိုးချို + မဝင်းဝင်းဇော်

ကိုဖိုးချို + မဝင်းဝင်းဇော်
သူတို့ ဇနီးမောင်နှံသည်လည်း အယူသည်းမှု တိုက်ဖျက်ရေး ရဲရဲတောက် ဇနီး မောင်နှံပင် ဖြစ်သည်။ သူသည် ကျွန်တော်တို့၏ နာရေး ကူညီမှု အသင်း (ရန်ကုန်) ရုံးခွဲတွင် မင်္ဂလာ အခမ်းအနား ကျင်းပပြီး မင်္ဂလာ ရက်မြတ်တွင် ကုသိုလ်ဖြစ် နာရေး လိုက်လံ ပို့ဆောင်ခဲ့သည်။
နေ့ရက် ။ ။ ၁၈ - ၁၁ - ၂၀၀၇ ခုနှစ်
နေရာ ။ ။ ရေဝေး သုဿန် အနီး
ကုသိုလ် ယူသည့် လမ်းကြောင်း ။ ။ ရန်ကုန် ဆေးရုံကြီးမှ ရေဝေးသုဿန်
----------------------------------------------------------------------------




                                                              နံပါတ် (၅) ကိုဘိုဘို + မပွင့်ဖြူနှင်း


ကိုဘိုဘို + မပွင့်ဖြူနှင်း

သူတို့သည်လည်း နာရေး ကူညီမှု အသင်း (ရန်ကုန်) မှ ဝန်ထမ်း တစ်ဦးဖြစ်သည်။ သူတို့ သည်လည်း မင်္ဂလာပေါ် မင်္ဂလာ ထပ်သည်နှင့် အညီ ဧည့်ခံပွဲ ပြီးပြီးချင်း နာရေး ကူညီမှု ကိစ္စများကို လိုက်လံ ကုသိုလ် ယူကြသည်။
နေ့ရက် ။ ။ ၁၁ - ၁၁ - ၂၀၀၉ ခုနှစ်
နေရာ ။ ။ ဗြဟ္မဝိဟာရ စာသင်တိုက် (သင်္ဃန်းကျွန်း)
ကုသိုလ်ယူသည့် လမ်းကြောင်း ။ ။ ဂျပန် ဆေးရုံမှ ရေဝေးသုဿန် ၊ မင်္ဂလာတောင်ညွန့်မှ ရေဝေးသုဿန်
------------------------------------------------------------------------------------------------------------
ထို့ကြောင့် . . . သူတို့ . . . သူတို့သည် တစ်သက် တစ်ခါ မင်္ဂလာ၊ မင်္ဂလာပေါ်တွင် မင်္ဂလာထပ်သည့် တကယ့် မွန်မြတ်သည့် အလှူပွဲ၊ ကုသိုလ်ပွဲကို ဆင်နွှဲခဲ့ကြသူများ ဖြစ်တော့သည်။

ဂျပန်က ဟစ်ပေါ့ ဘုန်းဘုန်း

ဂျပန်မှာ ဗုဒ္ဓဘာသာအခြေအနေမကောင်းဘူး။ ဒါကိုစိုးရိမ်တဲ့ ဦးဇင်း ဟက်ပီးက သူနည်းသူဟန်နဲ့  ဗုဒ္ဓဘာသာကို သစ်ဆန်းတယ်။ လူထုနဲ့ထိစပ်အောင်လုပ်တယ်။ လူထုခံစားချက် လူထု လက်တွေဘ၀ထဲကိုကွင်းဆင်တယ်။ ဒါကတော့ လူငယ်တွေနဲ့ ထိစပ်အောင် ဟစ်ပေါ့ကိုကိုယ်တိုင် သီဆိုလိုက်ခြင်းပဲဖြစ်တယ်။ လူတွေက အရက်ဘားတွေမှာခေါင်းနစ်ထားတာကိုသူမကြိုက်ဘူး။ ဒီတော့အရက်ဘားဖွင့်ပြီး အရက်ရောင်းတယ်။ အရက်ခွက်ကိုချပေးတိုင်း ငရဲကိုသွားမဲ့အရက် သောက်ပေတော့ လို့  ဆုံးမလိုက်တယ်။ နောက်ပြီးတော့ ရိုးရာဘုရားစာတွေကခက်တယ်လူငယ်တွေနားမလည်ဘူး။ ဒီတော့အလွယ်နည်းနဲ့သူကတရားဟောပါသတဲ့။ သူကြောင့်လူငယ်တွေ ဗုဒ္ဓဘာသာကို ပြန်လည်စိတ်ဝင်စားလာတယ်။ အဟံဘန်းဒေသိသရေန ဆိုတဲ့ပျင်းစရာကောင်းတဲ့ အသံနဲ့မစဘူး ။ အဟန်ဘန်းဒေကို ဟစ်ပေါနဲ့ စဖွင့်တယ်။ တီထွင်ရဲတယ်။ သူရဲ့ လူသားဆန်တဲ့ ချဉ်ကပ်မှုကြောင့် ဘုန်းကြီးကျောင်းကိုလူငယ်တွေစိတ်ဝင်စားလာတယ်။ ဂျပန်တွေရဲ့  ကောင်းတာတခုကတော့ ဒီဘုန်းတော်ကြီးရဲ့ တီထွင်မှုကိုမရှုတ်ချ ကြဘူး။ တခြားဘုန်းကြီးကျောင်းတွေကလည်း ဘယ်လိုလဲကိုယ်တော် တပည့်တော်တို့ ကိုပြစ်မထားနဲ့ နည်းပေးပါဦးလို့ အီးမေးလ်ကနေတောင်းခံလာတယ်ဆိုပဲ။ ဗုဒ္ဓသာသက်ရှိထင်ရှားရှိဦးမယ်ဆိုရင်တော့ ဒီကိုယ်တော်ကို
အသုံးချ ဗုဒ္ဓ ဘာသာ ( Apply Buddhisim ) ထုးချွန်မှုနဲ့  ဆုချမှာသေချာတယ်။

“လမ်းထဲကို နာရေးပို့ ဆောင်ယာဉ်များ မဖြတ်ရတဲ့။ ဒဏ်ငွေ တစ်သောင်းတဲ့”။

 
“လမ်းထဲကို နာရေးပို့ ဆောင်ယာဉ်များ မဖြတ်ရတဲ့။ ဒဏ်ငွေ တစ်သောင်းတဲ့”။
လမ်းမအ၀င်မှာ ဆိုင်းဘုတ်စိုက်ထားကြတဲ့သူများကို အံ့သြမိပါရဲ့ ဗျာ။ ဒဏ်ငွေရိုက်မယ့်သူများလည်း အံ့သြမိပါရဲ့ ။
မြန်မာပြည်သူလူထုကြီးက လေးစားချစ်ခင်ရတဲ့ ကိုကျော်သူရဲ့  “ရှင်းတမ်း” ရေးသားချက်ကို အလေးအနက်ထား ဖတ်ဖြစ်အောင် ဖတ်ကြပါဦး။ ဆိုင်းဘုတ်စိုက်ထားသူတွေ ဒဏ်ငွေရိုက်မယ့်သူတွေပါ ဖတ်ရအောင်ပါ။
ကိုကျော်သူရဲ့  “ရှင်းတမ်း” ရေးသားချက်ကို ကိုကျော်သူရဲ့  facebook မှ ပြည်လည်မျှဝေဖေါ်ပြခြင်း ဖြစ်ပါသည်။

အမှန်ကို အမှန်အတိုင်း သိမြင်ပြောဆိုရေးသားတဲ့ ကိုကျော်သူကို အင်မတန် လေးစားရပါတယ်ခင်ဗျာ။
Kyaw Thu Open Letter
ကိုနစ်နေမန်းမှရယူပါသည်။



Thursday, February 4, 2010

နှစ် ၁၅၀၀ ကျော်က ဗုဒ္ဓ ကျောင်းတော်ကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်တွေ့ရှိ



မောင်ရမ္မာ (နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနောက်မြောက်ပိုင်း ပေါင်စောင်ဂေါ် ခရိုင်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ကျော်က တည်ဆောက်ခဲ့သော ဗုဒ္ဓ ကျောင်းတော်ကြီး တခုကို ဇန္န၀ါရီလ ၁၀ ရက်နေ့က မြေအောက်မှ တူးဖေါ် တွေ့ရှိသည်။

ကျောင်းတော်ကို ပေါင်စော်ဂေါ်မြို့မှ ၁၆ ကီလိုမီတာ အကွာတွင် တည်ရှိသော အော်မိုခါနာ မြို့နယ်ခွဲရှိ ဘိတောဂေါ်ရ် ကျေးရွာရှိ ရှင်ဘုရင် တပါးပါး နေခဲ့သည်ဟု ခန်းမှန်းရသော တောင်ကုန်းကို တူးဖေါ်စဉ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တူးဖေါ်ရာကို ဦးဆောင်သူ တဦးဖြစ်သည့် ရှေ့ဟောင်း ဦးစီးဌာနမှ ဒေါက်တာ ချာဟာနာ ဟူဆေ ဂျာဟန်က အဆိုပါ ကျောင်းတော်ကို အေဒီ ၆ ရာစုနှင့် ၇ရာစု အတွင်းက တည်ဆောက်ခဲ့သော ကျောင်းတော်ကြီး တခု ဖြစ်သည်ဟု ပြောသည်။

၎င်းပြင် သူမက ကျောင်းတော်မှာ ရှေးခေတ် ကုန်ပိုင်း ကုန်သွယ်သွားလာရာ လမ်းတွင် တည်ရှိခဲ့သဖြင့် တိဗက်၊ ဘူတန်၊ နီပေါနှင့် အိန္ဒိယ ဘီဟာ တို့နှင့် ဆက်စပ်မူ ရှိကြောင်း ပြောသည်။

တူးဖေါ် တွေ့ရှိခဲ့သော ဘုန်းတော်ကြီးကျောင်းမှာ အလွန်ကျယ်ဝန်းပြီး အခန်းများကို အုတ်များနှင့် တည်ဆောက်ထားသဖြင့် ယခင်က ဘာသာရေး ခေါင်းဆောင်များကို အသိအမှတ်ပြုပြီး တည်ဆောက် ပေးခဲ့သည့် ကျောင်းတော် အဆောက်အဦး တခု ဖြစ်နိုင်သည်ဟု သူမက ခန်းမှန်း ပြောဆိုသည်။

၎င်းနေရာတွင် အဆိုပါအဆောက်အဦးမျိုး တည်ရှိမည်ဟု ရှေးဟောင်း ဦးစီးဌာနမှ ခန်းမှန်းထားခဲ့ပြီး ဒက္ကားမြို့ရှိ University of Liberal Arts Bangladesh ကျောင်းမှ ပါမောက္ခ ချာလာနာ ဟူဆေ ဂျာဟန်မှ ဦးဆောင်ပြီး အဆိုပါ ကျောင်းမှ နောက်ဆုံးနှစ် ကျောင်းသားများနှင့် သွားရောက်တူးဖေါ် ခဲ့ခြင်း ဖြစ်သည်။

ကျောင်းတော်ကို ၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ကပင် စတင်ရှာဖွေတူးဖေါ်နေခဲ့ရာ ယခုနှစ် ဇန္န၀ါရီလ ၁၀ ရက်နေ့တွင် အဆိုပါ အဆောက်အဦးကို စတင် တွေ့ရှိ ခြင်းဖြစ်သည်။

ယခုတွေ့ရှိခဲ့သော အဆောက်အဦးကို အေဒီ ၇ ရာစုအတွင်းက ပြုလုပ်သော အုတ်များဖြင့် တည်ဆောက်ထားပြီး အာရှတွင် အကြီးဆုံး အဆောက်အဦးကြီး တခု ဖြစ်နိုင်သည်ဟု အဆိုပါ တူးဖေါ်ရေး အဖွဲ့က ခန်းမှန်းထားသည်။

ဒေသခံများကမူ ၎င်းနေရာကို ရှေးဟောင်းမြို့တော် အဖြစ် သတ်မှတ်ပေးရန် အစိုးရကို တောင်းဆိုထားသည်ဟုလည်း သိရသည်။

အလားတူ အဆိုပါနေရာမှာ ရှေးဘုရင်များက တိဘက်၊ ဘူတန်၊ တရုတ်၊ နီပေါ၊ အိန္ဒိယ၊ ပါကိစ္စတန်နိုင်ငံများနှင့် စီးပွားရေးအရ ဆက်သွယ်ရာတွင် ဗဟိုဌာနချုပ်အဖြစ် အသုံးပြုခဲ့သော နေရာလည်း ဖြစ်နိုင်သည်ဟုလည်း ခန်းမှန်းပြောဆိုနေကြသည်။

ယခုတွေ့ရှိသော အဆောက်အဦးသည် ယခင်က ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း အာသံ၊ ကုစဘီဟ၊ မိန်နာမူတီ၊ ပါဟပူလ်၊ မော်ဟာစ်ထန်နော် ဒေသများတွင် တူးဖေါ်တွေ့ရှိခဲ့သော အဆောက် အဦးများနှင့် တူညီသည်ဟု သိရသည်။

ယခုတွေ့ရှိသော အဆောက်အဦးနှင့်အတူ တခြားအဆောက်အဦးဟောင်း ၁၂ ခုကိုလည်း တူးဖေါ်တွေ့ရှိထားသည်။
(နိရဉ္စရာ)မှဖေါ်ပြပါသည်။



ယခုနှစ်တွင်လည်း ကျော်သူ အကယ်ဒမီပွဲဖိတ်စာ မရ

စနေနေ့တွင် ကျင်းပမည့် အကယ်ဒမီဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း မခံရကြောင်း သရုပ်ဆောင် ကျော်သူက ပြောသည်။
အကယ်ဒမီဆုဟု ထင်ရှားသည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ ဖိတ်စာ မရရှိခဲ့သည်မှာ ၂ နှစ် ဆက်တိုက် ရှိပြီဖြစ်သည်ဟု ဆိုသည်။“ကျနော့်ကို ဖိတ်စာလည်း မပို့ဘူး၊ ဖိတ်စာ ရရမယ့် လူစာရင်း ထဲမှာလည်း မပါဘူး။ အနုပညာနဲ့ ပတ်သက်ပြီး ဘာမှ လုပ်ခွင့်မရတာ။ နာမည်တောင် ပါခွင့် မရဘူးလေ။ ကျနော့်ကို ဒီရုပ်ရှင်လောက ထဲကနေ မောင်းထုတ်ထားတဲ့ သဘောပေါ့” ဟု ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ဧရာဝတီကို ပြောသည်။
၂၀၀၇ ခုနှစ်တွင် ကျော်သူက ဆန္ဒပြသည့် သံဃာများကို ဆွမ်းကပ် သည့်အတွက် အာဏာပိုင်တို့က အငြိုးထားပြီး သူ၏ အနုပညာ လုပ်ငန်းများနှင့် ပတ်သက်သမျှကို ပိတ်ပင်တားဆီးခြင်း ဖြစ်သည်ဟု ကျော်သူက ယူဆသည်။
ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးက ကျင်းပသည့် မြန်မာ့ရုပ်ရှင် ၈၉ နှစ်ပြည့် အခမ်းအနားတွင် ချိတ်ဆွဲခဲ့သော အသံတိတ် ခေတ်မှ ဆေးရောင်စုံခေတ် အထိ ထင်ရှားသည့် သရုပ်ဆောင်တို့၏ ပုံများထဲတွင် ကျော်သူ၏ ဓာတ်ပုံ ပါဝင်ခြင်း မရှိပေ။
 
(မီဒီယာတွင် ကန့်သတ်ပိတ်ပင် ခံနေရသော သရုပ်ဆောင် ကျော်သူသည် ထင်ရှားသည့် လူမှုရေး အဖွဲ့ဖြစ်သည့် နာရေးကူညီမှု အသင်း၏ လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်လျက် ရှိသည်။ လွန်ခဲ့သည့် ၃ လက သူ၏ အသက် ၅၀ ပြည့် မွေးနေ့တွင် မိတ်ဆွေများကို နေအိမ်သို့ ဖိတ်ခေါ်ပြီး သူဖန်တီးထားသော ပန်းချီနှင့် ဓာတ်ပုံများ ပြသခဲ့သည်။)

ဧရာဝတီ



Wednesday, February 3, 2010

တောင်ကိုရီးယားရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ

ခေတ်ဆန်ဖို့မလိုပါ။ ခေတ်မီဖို့သာ လိုပါတယ်။

" ခေတ်ဆန်သူသို့ "

ခေတ်ဆန်သူ တပည့်မတို့
သတိရပေရှာ၊
အဓိက စေတနာငယ်၊
မေကညာခင်ထွေး။
ဆရာမ လွန်ကြင်နာလျှင်၊
သွန်သင်တာ မှတ်တော့ မနှေး။

ကာလဖြင့် ပျက်ချင်ပြီ၊
ဖက်ရှင်တွေရှုပ်ထွေး၊
အရှက်တွင် အဟုတ်ဝေးပါပေါ့၊
လှုပ်လှုပ်ကလေး တုံတုံ။
ဖန်ပေါင်းချောင်ရေအတွင်း၊
ရွှေငါးကြင်း လွတ်သည်သို့ကြုံ။

အင်္ကျီက အပါးစုံသည်၊
အသား ပုံဝါဝင်းလို့၊
ကျပ်တင်းတင်းတရားကွာ၊
ခါးကတစ်ထွာ။

မောင်အဘ အားနာလျှင်၊
မှားတာကို ပြင်ကြစို့လေး။
မြန်မာညွန့်ညှိုး မကုန်အောင်
အမျိုးဂုဏ် ဆယ်ကြစို့လေး

အမည်မသိစာဆိုတစ်ဦး

ဟုတ်ပါတယ်။အထက်က ကဗျာကိုကျမလည်းသဘောကျတယ်။
ရှာရှာဖွေဖွေဖေါ်ပြပေးတဲ့ ကိုမျိုးချစ်ကိုလည်း ကျေးဇူးတင်ပါတယ်။

ကျမအမြင်ပြောရရင်တော့ ခေတ်ဆိုတာ ဆန်တက်စရာ မလိုပါဘူး။
ခေတ်ရေစီးကြောင်းဆိုတာ သူ့ဖာသာသူ အချိန်ကာလအလိုက် ပြောင်းလဲ
စီးဆင်းနေတာမျိုးပါ။ ရေစီးကြောင်းကိုဆန်မယ်ဆိုရင် အများနဲ့ဆန့် ကျင်သွားမယ်၊
မလိုလားအပ်တဲ့ ပင်ပန်းမှုမျိုးတွေလည်း ကြုံရမယ်။ အာလုံးအလယ်မှာ
ထူးထူးခြားခြား ကြောင်တောင်တောင်ကြီးလည်း ဖြစ်နေမှာပဲနော်။

ခေတ်ကို အမှီလိုက်ဖို့ပဲလိုတယ်လို့ထင်ပါတယ်။

ကျမလည်း ငယ်တုန်းကတော့ အူကြောင်ကြားပါပဲ။
ခေတ်ဆန်တာတွေ ခေတ်မီတာတွေကို ဂဃနဏမတွေးခဲ့မိဘူး။

တနေ့..
ကျမရဲ့ အူကြောင်ကြားစိတ်ဓါတ်တွေ ပြောင်းသွားမယ့်နေ့ပေါ့။
ကျမတက်နေတဲ့ ပြင်သစ်ယဉ်ကျေးမှုသင်တန်းကျောင်းက ပြင်သစ်လူမျိုးဆရာက
ဖက်ရှင် အကြောင်းနဲ့ပါတ်သက်ပြီး စာသင်ရင်းနဲ့ ဒီအတန်းထဲမှာလည်း
သူ့နေရာဒေသ၊ရာသီဥတုနဲ့ အချိန်ကိုလိုက်ပြီး ဖက်ရှင်ကျကျ ဝတ်တတ်တဲ့
သင်တန်းသူဆိုလို့ တယောက်ပဲရှိတယ် လို့ပြောတယ်။
အားလုံးက သူလား? ငါလား? ပေါ့လေ။

အဲသည်အချိန်မှာ ဆရာညွှန်ပြလိုက်တဲ့ ကောင်မလေးက ဘယ်သူမှထင်မထားတဲ့
တန်ဖိုးသိပ်မကြီးလှတဲ့ သာမာန်ပေါ့ပေါ့ပါးပါး ချည်သားblouseလေးတွေဝတ်တတ်ပြီး
လွယ်အိတ်လွယ်ပြီး သင်တန်းလာတက်တဲ့ ကောင်မလေးပေါ့။
သူ့နာမည်မှာလည်း နန္ဒာပါတယ်။

ဒါနဲ့ ကျမကလည်း စွာကျယ်တို့ရဲ့ ထုံးစံအတိုင်း ဆရာ့ကို စောဒကတက်မိတာပေါ့နော်။
ဘာဖြစ်လို့ အဲလိုပြောနိုင်ရတာလဲလို့ပေါ့....
သည်မှာတင် ဆရာကရှင်းပြတယ်လေ၊ ပူအိုက်လွန်းတဲ့ ရန်ကုန်နွေခေါင်ခေါင်မှာ
ဂျင်းဘောင်းဘီဝတ်ပြီး သင်တန်းလာတဲ့သူတွေ၊ ပြေးလွှားတွန်းထိုးပြီးတက်စီးရတဲ့ ဘတ်စ်ကား
နဲ့ဘယ်လိုမှ အဆင်မပြေ၊အမြင်မတော်တဲ့ ခွဲကြောင်းရှည်စကတ် ခပ်ကျပ်ကျပ်ဝတ်လာတဲ့သူတွေ၊
ပခုံးမှာသာချိတ်ထားရင် လက်နှစ်ဖက်စလုံးအားပြီး လွတ်လွတ်လပ်လပ် လမ်းလျှောက်နိုင်ပါလျက်နဲ့
သက်သက်မဲ့ လက်ထဲမှာ အလုပ်ရှုပ်ခံ၊ဈေးကြီးပေးရပြီး၊ စာအုပ်နဲ့မင်တံလောက်ကလွဲလို့ တခြားဘာမှ
ထည့်လို့မရတဲ့၊ လွယ်အိတ်မဟုတ်တဲ့ ဖိုင်တွေတကိုင်ကိုင်နဲ့ သင်တန်းလာတက်တဲ့သူတွေနဲ့နှိုင်းစာရင်
အဲသည်ကောင်မလေးကို ကြည့်ရတာအတော့်ကို လွတ်လပ်ပေါ့ပါးပြီး၊နေသာထိုင်သာရှိမယ့်ပုံပေါက်တယ်တဲ့။
မြင်ရသူအဖို့ ငြိမ်းချမ်းသတဲ့....

အဲသည်မှာတင် ဆရာကဆက်ပြောတယ်လေ....
တကယ်ဆို နည်းပညာတွေ၊ အတတ်ပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးကို အမှီလိုက်နိုင်အောင် သင်တို့လည်း
ပြင်သစ်ဘာသာစကားကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လာသင်ကြတာမဟုတ်လားတဲ့။
စိတ်ဓါတ်တွေက ခေတ်ကိုမီနေပြီပဲ၊ ဝတ်စားဆင်ယဉ်မှုက ဘာလို့ခေတ်ကိုဆန်ချင်ကြရတာလဲတဲ့...
ခေတ်ကိုဆန်ခြင်းဖြင့် မလိုလားအပ်တဲ့ဆိုးကျိုးတွေပဲ ရနိုင်ပါတယ်တဲ့။ အထူးသဖြင့် အမျိုးသမီးများ
ခေတ်ဆန်လွန်းရင် အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပါပဲတဲ့။
ဆရာ့ရဲ့  သရော်သိုလို လှောင်သလိုလို အထင်သေးမှုလည်း ပါနေသလိုလို မခိုးမခန့်  အကြည့်အောက်မှာ အားလုံးလိုလိုဟာ
အဖိုးတန်ဂျင်းဘောင်းဘီကို လောလောဆယ်မှာ ထမီစုတ်နဲ့ပဲဖြစ်ဖြစ် လဲပစ်လိုက်ချင်စိတ်၊ စကတ်အကွဲကြီးတွေကို
ကမန်းကတမ်း အပ်ချည်နဲ့အပ်ပြေးဝယ်ပြီး သီချုပ်လိုက်ချင်စိတ်ဖြစ်ခဲ့ကြရတယ်။

အိမ်ကလူကြီးမိဘတွေကပြောရင် လူကြီးတွေက ခေတ်နောက်ကျနေပြီ၊ ခေတ်ချင်းကတူတာမဟုတ်တော့ဘူး....စသဖြင့်
ဆင်ခြေအမျိုးမျိုးပေးပြီး နားမထောင်ခဲ့တဲ့ ကျမဟာ တိုင်းတပါးလူမျိုးခြားက ပြောလိုက်တော့မှ နာရကောင်းမှန်း သိခဲ့ရတယ်။
ရှက်တတ်ခဲ့တယ်။
အခုဆိုရင် နိုင်ငံခြားတိုင်းပြည်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ နေထိုင်နေကြတဲ့ မြန်မာအမျိုးသမီးငယ်လေးများကိုလည်း
ကျမလိုမျိုး နိုင်ငံခြားသားက ပြောလာတော့မှပဲ ကိုယ့်ကိုကိုယ် သတိထားမိတဲ့ အနေအထားမျိုး၊ ခံစားမှုမျိုး မကြုံစေချင်ပါဘူး။

ဟိုပေါ်ဒီပေါ် ပေါ်တယ်ဆိုတာ ခဲရာခဲဆစ်၊ကြံကြံဖန်ဖန်၊နက်နက်နဲနဲ တွေးပြီးရှက်ရတာမျိုးမဟုတ်ပါဘူးနော်၊
ကလေးအတွေးနဲ့တင် ရှက်မယ်ဆိုရင် ရှက်လို့ရပါတယ်။

လွယ်လွယ်နဲ့တိုတိုပြောရရင်တော့ ခေတ်ဆန်ဖို့မလိုပါ။ ခေတ်မီဖို့သာ လိုပါတယ်။

Tuesday, February 2, 2010

ယုံကြည်ချက်ကဗျာများ

16315069 Poems of Conscious Vol 1                                                             
ဒီမိုဝေယံမှရယူပါသည်။

ပုဂံနန်းတော်(ပုဂံတပ်)တံတား ကျပ်သိန်း (၂ဝဝ) ကျော်ကုန် တည်ဆောက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ပုဂံတပ်ကျေးရွာအနီး ပေ(၁၂ဝ)အရှည်ရှိ ပုဂံတပ်တံတားမှာ အသွားအလာ များပြားပြီး ပျက်စီး ယိုယွင်းနေသဖြင့် မန္တလေးမြို့ အနောက်ခင်မ ကန်တိုက်မိုးတား ဆရာတော် (သ၊စ၊အ)ဓမ္မာစရိယ (ဝဋံသကာ) ဒီဃနိကာယ ပါဠိပါရဂူ၊ မဟာ ဓမ္မ ကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာ ဓမ္မကထိက ပိဋကတ္တယပါရဂူ နိုင်ငံတော် ဗဟိုသံဃာ ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယဘိဝံသ ဦးစီး၍ ကျပ်သိန်း (၂၅ဝ)ကျော် ကွန်ကရစ် အုတ်တံတား အဖြစ် ပြုပြင် တည်ဆောက်လျက် ရှိသည်။ တံတား တည်ဆောက် ရာတွင် ခမည်းတော်ကြီး ဦးဌေး၊ မယ်တော်ကြီး ဒေါ်သောင်း တို့ကို ရည်စူး၍ ဆရာတော် ဘဒ္ဒန္တသူရိယဘိဝံသက ကျပ်သိန်း(၅ဝ)၊ ဦးမြင့်သန်း+ ဒေါ်ဝင်းဝင်းဌေး (မြန်မာသံလွင် သံမဏိ သံရည်ကျိုစက်ရုံ)မိသားစု စက်မှုဇုန်မန္တလေးမှ ကျပ်သိန်း(၂ဝ)၊ ဦးနု-ဒေါ်ခင်မာကြူ မိသားစု(ကြည့်မြင်တိုင်) ရန်ကုန်မှ ကျပ်(၁ဝ)သိန်း အပါအဝင် အလှူရှင်များက စုပေါင်း ပါဝင် လှူဒါန်းငွေဖြင့် တည်ဆောက်လျက်ရှိသည်။ အဆိုပါတံတား ကောင်းမွန် သွားပါက ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ ကျွန်းပိုင်း ကျေးရွာပေါင်း(၂ဝ)ကျော်မှ ကျွန်းကိုင်း တောင်သူ မိသားစုများ မန္တလေးမြို့သို့ သွားလာ ဆက်သွယ်မှု၊ သီးနှံ ကုန်စည်များ သယ်ယူ ပို့ဆောင်မှု လွယ်ကူ လျင်မြန် လာမည် ဖြစ်ကြောင်း သိရသည်။
မန်းကြီး ဟံသာဝတီ | HANTHAWADDY